လင်းဝေMarch 25, 20111min1237
ရယ်စရာအလွန်ကောင်းနေပေမယ့် မရယ်နိုင်ပါဘူး။ ဒေါသပဲ အတောင့်လိုက်ထွက်ရင် မျိုချနေရတာလေး ပြေလိုပြေညား နည်းနည်းဖြေလျှော့ချကြည့်တာပါ။ ပြောချင်တာတွေက အများကြီး။ ရန်ကုန်မြို့တော်ဝန်လုပ်စားသွားတဲ့ အောင်သိန်းလင်းက စလို့ ပြောရပါမယ်။ ရန်ကုန်မြို့ရဲ့ လမ်းတွေ ခင်းတာ ပြင်တာနဲ့ ပတ်သက်လို့ သိချင်ပါတယ် ဆိုပြီး မေးတာကို ပြန်ဖြေတာလေးပါ။ အဖြေရဲ့ စ စချင်း မှာ ရန်ကုန်မြို့မှာ မိုးတွင်း ဆိုရင် မိုးတွေရွာပါသတဲ့။ ဒီလိုမိုးရွာတဲ့အခါ မိုးရေကြောင့် ကတ္တရာလမ်းက ကတ္တရာတွေဟာ စည်းကပ်မှု နည်းလာပြီး လမ်းများ ပျက်စီးခြင်း ငါးပါး ဆိုက်ပါသတဲ့။ ဒါကြောင့် ကွန်ကရစ်လမ်းတွေ ခင်းဖို့လုပ်နေပါတယ် ဆိုပါရောလား။ ကဲ…. စကာင်္ပူတို့ ကွာလာလမ်ပူတို့ လို တစ်နှစ်ပတ်လုံး မိုးတွေရွာနေတဲ့ မြို့မှာ ကတ္တရာလမ်းတွေကို ဘယ်လိုလုပ်ပြီး ခင်းထားပါလိမ့်။ လမ်းတွေ […]