winkyawaungOctober 11, 20101min19211
ဒီအမှုက တရားခံတွေကို စီရင်ချက်ချပြီးသွားပြီဆိုတော့ စိတ်ဝင်စားကြတဲ့ အများပြည်သူတွေသိရအောင် ဆက်ပြီးရေးလိုက်ရပါအုံးမည်…။ မကွေးမြို့နယ် တရားရုံး ပြစ်မှုကြီးအမှတ် ၄၄၀၄/ ၂၀၀၉ နံပါတ်နဲ့စီရင်ချက်များကို အသီးသီးချ မှတ်ပြီးကြောင်း သတင်းရရှိခဲ့ပါတယ်။ (၂၉/၃/၂၀၁၀) နေ့က တရားခံ စိုင်းလေး(ခ)တင်ဝင်း အသက်(၄၅)နှစ် အား ပြစ်မှုပုဒ်မ၊ ပပက ၆ (၁)အရ အလုပ်နှင့် ထောင်ဒါဏ်(၅) နှစ်ကျခံစေကြောင်းသတင်းရရှိခဲ့ပါတယ်။ တရားစွဲဆိုခံထားရသော မနီနီသန်း(ခ)ချိုတီမာ နှင့် မလဲ့ယဉ်ဝင်း တို့အား ပြစ်မှုပုဒ်မ၂၅၃(၁) အရ တရားသေလွတ်စေကြောင်း သတင်းရရှိခဲ့ပါတယ်။ (၁၀/၈/၂၀၁၀) နေ့က တရားခံ စိုင်းလေး(ခ)တင်ဝင်းအသက်(၄၅)နှစ် ၊ တရားခံ ချစ်ဦး အသက်(၃၁)နှစ်၊ တရားခံ အူစမန် အသက်(၃၂)နှစ် တို့ သုံးဦးကို အမျိုးသားစီးပွားပုဒ်မ ၁၈ အရ အလုပ်နှင့်ထောင်ဒါဏ် (၇)နှစ် […]