etoneAugust 27, 20102min751
နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုမှာ ငါးနှစ်လောက် တာဝန်ထမ်းဆောင်ရာက ပြန်ရောက်လာတဲ့ ကျောင်းသားဟောင်းတစ်ယောက် လာကန်တော့ နှုတ်ဆက်ပါတယ်။ ခဏနားပြီး စာမေးပွဲဖြေဦးမယ်လို့ ပြောပါတယ်။ မချိပြုံးနဲ့သွား ငါးနှစ်ကာလအတွင်း ကမ္ဘာကို တော်တော်နှံ့သွားပြီ။ ပိုက်ဆံလည်း အသင့်အတင့်စုမိပါတယ်။ မိဘတွေက စုဆောင်းပေးထားတယ်လို့ ပြောကြတယ်။ သူက အိမ်ထောင်မရှိသေးပါဘူး။ တစ်သက်လုံးသင်္ဘောသား လုပ်တော့မှာလားလို့ မေးတော့ ဒီအ တိုင်းပဲ ဆက်လုပ်ရမှာပေါ့ဆရာရယ်လို့ မချိပြုံးနဲ့ ဖြေပါတယ်။ နှစ်နာရီလောက်ကြာအောင် စကားတွေပြောပြီးတော့ သူပြန်သွားပါတယ်။ သူပြန်သွားပေမယ့် သူမျက်နှာမှာ တဒင်္ဂမြင်တွေ့လိုက်ရတဲ့ မချိပြုံးလေးက မျက်စိထဲမှာကျန်နေရစ်တယ်။ သင်္ဘော တက်ခါနီး သူလာကန်တော့နှုတ်ဆက်တုန်းကလည်း ဒီမချိပြုံးလေးနဲ့ပါပဲ။ မချိပြုံးနဲ့ပြန် သူက စက်မှုတက္ကသိုလ်က ဗိသုကာဘွဲ့ရသူပါ။ အပျော်တမ်းပန်းချီဆရာလည်း ဖြစ်တယ်။ဒါပေမဲ့ အခြေအနေကတွန်းပို့လိုက်တော့ သင်္ဘောတက်သွားရတယ်။ အခုငါးနှစ်ကြာမှ ပြန်ရောက်လာတယ်။ မချိပြုံးနဲ့ သင်္ဘောတက်သွားသူဟာ ပြန်ဆင်း လာတော့လည်း […]