weiweiJune 3, 20111min1324
စည်းကမ်းဥပေဒေများအတိုင်း တသွေမတိမ်းကျင့်ကြံလိုက်နာတတ်သူများကို စာအုပ်ကြီးသမားများဟု ပြောဆိုလေ့ရှိကြပါသည်။ ငယ်ငယ်တုန်းက ဆရာ ဆရာမများတွင် အများဆုံးတွေ့ခဲ့ရဖူးပါသည်။ ကျွန်မတို့ မိသားစုများထဲတွင် အဖိုးတစ်ယောက်သာ စာအုပ်ကြီးအတိုင်း စားသောက်နေထိုင်ပြုမူလေ့ရှိပြီး ကျန်မိသားစုဝင်များအားလုံးကတော့ လွတ်လပ်သော အရောင်းအဝယ်လုပ်သူများပီပီ စားချင်တာစား၊ ဝတ်ချင်တာဝတ်ပြီး ပျော်သလိုနေကြသူများ ဖြစ်ကြပါသည်။ ကျွန်မငယ်ငယ်က အဖိုးနဲ့တူပြီး စည်းကမ်းတကျ နေထိုင်ဖို့ ကြိုးစားခဲ့ဖူးပါသည်။ စည်းကမ်းလိုက်နာသူများကို အားကျခဲ့ဖူးပါသည်။ ၁၉၈၈ အရှေ့ပိုင်း မဆလခေတ်တွင် အဖိုး၏မိတ်ဆွေတစ်ဦးမှာ ပါတီဥက္ကဌတစ်ဦးဖြစ်ပြီး အလွန်သမာသမတ်ကျသော စာအုပ်ကြီးသမားတစ်ဦးဖြစ်ပါသည်။ ကျွန်မကို လူကြီးအရာသွင်းပြီး စာအုပ်ထဲပါ အကြောင်းအရာများနှင့် အတွေးအခေါ်များကို အချိန်အားတိုင်း ပြောပြလေ့ရှိပါသည်။ ကျွန်မက ကလေးပီပီ ရိုရိုသေသေနားထောင်လေ့ရှိပြီး သူ၏ အတွေးအခေါ် အပြုအမူများကို အားကျခဲ့ပါသည်။ ကျွန်မမိဘများကတော့ စာအုပ်ကြီးအတိုင်းနေထိုင်ပြုမူပြီး မိသားစုကို ဆင်းရဲအောင်ထားသော၊ တာဝန်မကျေသော အိမ်ထောင်ဦးစီးတစ်ဦးဖြစ်နေသော ထိုဘဘကြီးကို […]