နွေဦးMarch 12, 20181min4945
တနေ့က သူငယ်ချင်း တယောက်က မေးတယ်.. မင်းတို့ က ဂျင်း မိပြီ.. ဂျင်းထည့် ခံရပြီ.. ဂျင်း..ဂျင်း.. နဲ့ ပြောနေတာ ဘာတုန်းကွ  တဲ့ .. အဲဒီ ဂျင်းဆိုတဲ့ စကား ကို အစ ဖေါ်ရမယ်ဆို စိန်ဂျွန်းဈေး ကို ပြန်သွားကြရမှာဘဲ..။ စိန်ဂျွန်းဈေး ဆိုတာ အခု မင်းရဲကျော်စွာလမ်း လို့ခေါ်တဲ့ စိန်ဂျွန်းလမ်းနဲ့ ပြည်လမ်း ဆုံတဲ့ နေရာ.. City Mall လို့ခေါ်တဲ့ ဈေး နေရာပေါ့.. ။ အရင် ရန်ကုန်ထောင်ကြီးရဲ့ အုတ်နံရံဘေးမှာပါ.. ။ ရန်ကုန်ထောင်ကြီးဆိုတာက ဗိုလ်ချုပ်လမ်းနဲ့ ဘုန်းကြီးလမ်း ပြည်လမ်းတို့ဆုံတဲ့နေရာမှာပါ..။ ထောင်ကြီးဖျက်ပြီးတော့ ရန်ကုန် ဆေးရုံ (ဂျပန်ဆေးရုံ) ဆောက် ထားပါတယ်..။ ကဲ.. စကားအစ စိန်ဂျွန်းဈေးကို ပြန်သွားကြရအောင်.. ။ အရင်ခေတ်တခုမှာ မှောင်ခိုစီးပွါးရေး ကြီးထွားလာတဲ့အချိန် တခုရှိခဲ့တယ်.. ။ ယိုးဒယားက အခွန်မဲ့ပစ္စည်းတွေ ခိုးသွင်းပြီး မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင် ရောင်းခဲ့တဲ့ခေတ်ပေါ့..။ […]