နိဒါန်း ဧပရယ်….။ နွေလေက ခပ်ပြင်းပြင်း မတိုက်ပါဘူး။ ပူလောင်မှုက ရင်မှာအတိုင်းသား သိနေတယ်။ စပ်ဖျင်းဖျင်းခံစားနေရတဲ့ နှလုံးသားမှာ အမည်မသိ ဝေဒနာလို့ အမည်တပ်ရင် ကောင်းမလား။ အသည်းကွဲ ဒဏ်ရာလို့ ပြောရရင်ကောင်းမလား။ ရုတ်တရက် မုးိရွာချတယ်…။ ဒါဆို…ပိတောက်တွေ ပွင့်ဦးမှာပေါ့…..။ မနက်ဖြန်….ပိတောက်ပန်းတွေ ပွင့်ရင် မျက်ရည်တွေ စိုမိမှာလား…။ ငိုမိမှာလား….။ တကယ်တော့…..ဧပရယ်ဟာ………..။ (၁) (ညီသစ်) ရက်စက်တယ်ဆိုတဲ့ စကားကိုပြောပြောဖို့ ငါ့မှာ အင်အားမရှိဘူး ချစ်သူူ။ ကျိုးကြောင်းစုံလင်စွာ မသိပဲနဲ့ နင့်ကိုလည်း ငါမမုန်းလိုက်ချင်ပါဘူး။ ခု နင်ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ ငါ့အသည်းကို ဆားပက်၊ သံပုရည်ညစ်ထည့်လိုက်သလို စပ်ဖျင်းဖျင်း ငါခံစားရတယ်။ နင်နဲ့ငါ ဝေးခဲ့ကြတာ ဘာကြာသေးလို့လဲ။ ဒီအချိန်တိုလေးအတွင်းမှာ ပြောင်းလဲသွားခဲ့တဲ့ နင့်စိတ်ဟာ သူတစ်ပါး ပယောဂကြောင့်ဆိုရင်တောင် […]