manawphyulayDecember 12, 20111min20415
တနင်္ဂနွေနေ့က ခဝဲခြံနားမှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းမှာ အိမ်က အစ်မက ပညာဒါနအဖြစ် အပတ်စဉ် စာသင်နေတာကို လိုက်သွားမိပါတယ်။ မိဘမဲ့ကလေးများ အယောက် ၂၅ဝ ရှိတာကို တွေ့ရှိရပြီး ပညာသင်ကြားပေးနေတာကတော့ ၅ တန်းအရွယ်ထိ ရှိပါတယ်။ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းတိုက်ရဲ့ အမည်ကတော့ ကုမာရာ ရာမ ပရဟိတစာသင်တိုက်ပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အပြစ်ကင်းစင်လှတဲ့ပုံစံ စာပေကို မြတ်နိုးစွာ ကြိုးစားသင်ယူနေကြတာကလည်း အလွန်တရာမှ အားရဖွယ်ကောင်းလှပါတယ်။ လိုအပ်ချက်တွေကတော့ များလှပါတယ်။ ခုအောက်ကပုံကတော့ အမက သူသင်တဲ့ ၄ တန်းကျောင်းသားတွေအတွက် လိုအပ်တဲ့စာအုပ်တွေ ဝေငှပေးထားခြင်းသာ ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ အပြုံးကို မြင်တော့လည်း ရင်ထဲမှာ အေးချမ်းလှပါတယ်။ အများကြီးမတတ်နိုင်ပေမယ့် တစ်နိုင်တစ်ပိုင်လေးတွေ လှူဒါန်းကြမယ်ဆိုရင်ဖြင့် သူတို့လေးတွေလည်း အဆင်ပြေသွားမယ်လို့ မြင်မိပါတယ်။ ဒီတစ်ပတ်တနင်္ဂနွေနေ့ကတော့ […]