erosSeptember 22, 20101min25020
ကျွန်တော် ဟိုတနေ.တုန်းက စီးတီးမတ်မှာ လမ်းကြုံရင်း ဈေးဝင်ဝယ်လိုက်တယ်ဗျ။ တကယ်လမ်းကြုံလို့ဗျ၊ ဝယ်စရာဆိုလို့ အယ်လကာလိုင်း ဓာတ်ခဲ ၂ လုံးပဲ ဝယ်စရာ ရှိတာ။ ဒါနဲ့ ငွေရှင်းကောင်တာနားက ဓာတ်ခဲစင်က ဓာတ်ခဲကိုဖြုတ်ပြီး Express Counter မှာ သွားတန်းစီဖို့ သွားတာပေါ့။ ဘာလို့ သွားလည်းမေးဦးမယ်။ Express Counter ရဲ့ဆိုင်းဘုတ်မှာ less than 8 items only လို့ ရေးထားတာကိုး။ ဈေးဝယ်စင်တာတွေက ပစ္စည်းနည်းနည်းပဲ ဝယ်တဲ့သူတွေ အဆင်ပြေအောင် ထားပေးထားတာပေါ့။ ပိုက်ဆံရှင်းဖို့ အကြာကြီးမစောင့်ရအောင်လေ။ အဲ… ကောင်တာနားရောက်ခါနီး အန်တီကြီးတယောက် ခြင်းတောင်း ၂ လုံးကိုင်ပြီး ဝင်သွားပါလေရော။ သူဝယ်တာ အမျိုး ၂ဝ လောက်ရှိမယ်။ စာမဖတ်ဘူးလားလို့ သူ့မေးလို့ ရှိရင် […]