Shwe EiNovember 24, 20122min91839
Beer was the first alcoholic beverage known to civilization. ဘီယာဆိုတာ တိုးတက်ဖွံ့ဖြိုးလာတဲ့ လူ့အဖွဲ့အစည်းရဲ့ ပထမဆုံးသော သောက်စရာ အယ်လ်ကိုဟောဖြစ်ပါသတဲ့ရှင့်။ သို့သော် ပထမဦးဆုံးသောဘီယာကို သောက်ခဲ့ရတာ ဘယ်သူဆိုတာတော့ အတိအကျမသိပါရှင်။ သမိုင်းပညာရှင်တွေရဲ့ သီအိုရီကတော့ လူသားမျိုးနွယ်ရဲ့ ဘီယာအပေါ်နှစ်သက်စွဲလမ်းမှုနဲ့ အခြားသော အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာများဟာ ကျမတို့ရဲ့ ပြောင်းရွှေ့ကျက်စားတတ်သောအမဲ လိုက်မုဆိုးများလူ့အဖွဲ့အစည်းမှ တဆင့် ကောက်ပဲသီးနှံတွေကို အခြေတကျထွန်ယက်စိုက်ပျိုးကျသော (ရှင်းရှင်းပြောရရင် သောက်စရာရဖို့အတွက်ပေါ့လေ) လူ့အဖွဲ့အစည်းရဲ့ ပေါင်းစည်းမှုကိုရောက်ရှိသွားပါတယ်တဲ့။ လူသားတွေအနေနဲ့ အစေ့ အဆန်တွေနဲ့ရေကနေတဆင့် ပေါင်မုန့်လုပ်လို့ရမှန်းမသိသေးခင် ပထမဦးဆုံးထုတ်လုပ်ခဲ့တဲ့ ထုတ်ကုန်က ဘီယာပါတဲ့ရှင်။ နှစ်သက်မိသော အတွဲအစပ်များ ယဉ်ကျေးမှုချင်းမတူညီကျသော နေရာတော်တော်များများက လူ့အဖွဲ့အစည်းတော်တော်များများဟာ သူတို့ကိုယ်ပိုင်ဘီယာကို မတူကွဲပြားသော အစေ့အဆန်တွေသုံးပြီးထုတ်လုပ်ခဲ့ကျတယ်ရှင့်။ အာဖရီကန်တွေက နှံစားပြောင်း၊ ပြောင်းဖူး […]