ကျွန်တော်တို့ကမ္ဘာကြီးမှာလည်း သာမာန်မျက်စိနဲ့ မြင်နိုင်စွမ်းမရှိတဲ့ အလွှာရှိတယ်။ ခရမ်းလွန်းရောင် ခြည်ဆိုတဲ့….. နေအလင်းရောင်မှာပါတဲ့ ရောင်ခြည်တွေနဲ့ အပူတွေကိုကာကွယ်ပေးထားတဲ့ အိုဇုန်းလွှာပေါ့..။ ကျွန်တော်တို့နေတဲ့ ပတ်ဝန်းကျင်မှာ မမြင်ရတဲ့အလွှာတွေပိုများတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့မှ ကျွန်တော် သိခဲ့ရတယ်။ ********************************************* ကျွန်တော့်ဘဝရဲ့ ပထမဆုံးသူများလက်အောက်ခံ အလုပ်လုပ်သောအချိန်ဖြစ်သည်။ အမေကျန်းမာရေး မကောင်းတာနဲ့ပဲ ဆယ်တန်းကိုကျွန်တော်တစ်နှစ်အောက်ခဲ့ရသည်။ နောက်တစ်နှစ်… တက္ကသိုလ်ဝင်တန်းကျူရှင်မတက်ခင်ပေါ့…..။ လူများတကာအဖေလို့ခေါ်နေချိန်တွင် ကျွန်တော့်တွင် အဖေဆိုသည့်ပုံရိပ်အား အရိပ်ငွေ့ငွေ့ဖမ်းနေရတုန်းပင်။ အဖေမိသားစုအပေါ်ခွဲခွာသွားသည့်အချိန်သည် ကျွန်တော်တို့အိမ်တွင် ပြက္ခဒိန်(၁၄)ခုလောက်ပင် ကုန်သွားပေပြီ။ မိသားစုဝင်ငွေကာမိရန် ကျွန်တော့်အား အဖေ့မိတ်ဆွေဆိုသည့် လူမျိုးခြားတစ်ယောက်ထံတွင် နေ့စားအလုပ်ဝင်လုပ်ခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော့်ဘဝ၏ပတ်ဝန်းကျင်သည် အုံ့မှိုင်းမှိုင်းနှင့်သာအချိန်ကုန်ခဲ့ရသည်။ အလုပ်ခန်းဆိုသော တိုက်ခန်း ကျဉ်းကျဉ်းလေးထဲတွင် အားကစားပစ္စည်းအကြမ်းထည်များအား ကော်ပတ်များဖြင့် သံချေးများအားတိုက်ကာ လုပ်ရသောအလုပ်သည် ကျွန်တော့်ဘဝတွင် ကျွန်တော့်အတွက်ပထမဆုံးအလုပ်ဖြစ်ခဲ့ရသည်။ တစ်ရက်(၅၀၀) ဖြင့် တစ်ပတ်နေလျှင် ငွေ(၃၀၀၀)ရသော လူမျိုးခြားတစ်ယောက်၏အလုပ်တွင် […]