ကျနော်လည်းရွာထဲမှာစာမရေးဖြစ်တာကြာပါပြီ။ပထမအချက်ကတော့ အချိန်မရခြင်းပါ။ဒုတိယကတော့ ကျမ်းမာရေးကြောင့် ကွန်ပျူတာရှေ့ကြာကြာမထိုင်နိုင်လို့ပါ။စာပဲဝင်ရောက်ဖတ်ရှုနေဖြစ်ပါတယ်… ပြီးခဲ့တဲ့ရက်ပိုင်းက အဘဖောရဲ့ စဉ်းစားကြစေလိုပါ(၄၀) ဆင်းရဲခြင်းနဲ့ထိုက်တန်နေပါသလားဆိုတဲ့ ပိုစ့်နဲ့ပက်သက်ပြီး..ရွာထဲမှာ တော်တော်လေးဂယက်ရိုက်သွားပါတယ်…။ဒါဟာ ဒီရွာကြီး စည်ကားနေရတဲ့ အကြောင်းအရင်းတစ်ရပ်လို့ကျနော်မြင်ပါတယ်… ဘာကြောင့်လဲဆိုတော့ ဒီရွာရဲ့အဆင့်အတန်းမနိမ့်ပုံဖေါ်ပြနေတာပါပဲ..ကျနော်ကိုယ်တိုင် ဒီရွာထဲမှာရွာလည်နေတာ (၃)နှစ်ဝန်းကျင်လောက်ရှိပြီလို့ထင်မိပါတယ်။၂၀၀၉ နှစ်လည်လောက်မှာစာတွေဝင်ရောက်ဖတ်ရှုဖြစ်ခဲ့ပြီး၊၂၀၁ဝ နှစ်လောက်မှာတစ်ကြောင်းနှစ်ကြောင်းလောက် တတ်သလောက်မှတ်သလောက်နဲ့ဝင်ရောက်ရေးသားခဲ့ပါတယ်..။ အဲဒီနောက်ပိုင်းပိုင်းမှာစာရေးတဲ့သူတွေပိုမိုတိုးလာပြီးအကြောင်းအရာခေါင်းစဉ်မျိုးစုံနဲ့အတွေ့အကြုံမျိုးစုံတွေ ၊နည်းပညာဖလှယ်မူတွေနဲ့အတော်လေးကိုအရောင်းသွေးစုံလင်စွာနဲ့ပျော်ရွှင်ပွဲကောင်းသော ရွာကြီးဖြစ်သို့ပြောင်းလဲတိုးတက်လာပါတယ်..။ ကျနော်ဒီရွာထဲမှာပျော်နေရတဲ့အကြောင်းအရင်းကလည်း အဲဒီအတွေ့အကြုံတွေနည်းပညာတွေ၊ရသစာပေတွေကိုလေ့လာခွင့်ရ ဖလှယ်ခွင့်ရ၊နောက်ပြီး..ဒီရွာထဲက လူငယ်တွေက တခြားဆိုဒ်တွေကလူငယ်တွေလိုမဟုတ်ပဲ တစ်ဦးတစ်ယောက်ကအများအတွက်အကျိုးရှိမယ့်၊ အစီအစဉ်လေးတွေတင်ပြရင် အားလုံးကဝိုင်းဝန်းပြီး လက်တွေဆောင်ရွက်တက်ကြတာကိုပါပဲ…E tone & AKKO တို့မှစလိုက်တဲ့ ကိုကျော်သူတို့နာရေးကူညီမူအသင်းထံပေးအပ်လှူတန်းသော အလှူမှစ၍ ယနေ့ဆက်လက်ဆောင်ရွက်နေတဲ့ ကိုကြောင်ဝတုတ်တို့ရဲ့ ဒါဇင်ပလက်အဖွဲ့နဲ့ ရွာသူရွာသားများက ပူးပေါင်းလှူတန်းကြမယ့် မိဘမဲ့ခလေးများစောင့်ရှောက်ရေး ကိုယ်ထူကိုယ်ထ ဘုန်းတော်ကြီးကျောင်းသို့အလှူအထိ လက်တွေ့ဆောင်ရွက်တတ်ကြသူများဖြစ်ကြပါတယ်…။ ဆိုတော့ကာ နိဒါန်းနဲ့တင်အိပ်ချင်စိတ်ပေါက်နေလောက်ပြီထင်ပါတယ်…ဒီရွာမှာ ခေတ်စားသော စကားလုံးဖြစ်တဲ့ “ငြင်းခုံခြင်းအနုပညာ” ဆိုတာေလးကို အဖြေရှာချင်တာပါ…။ တစ်ချီန်က […]