အာဂDecember 8, 20101min55524
ပုတုဇဉ်လူသားတိုင်းမှာကိုယ်စီကိုယ်စီမေ.မရတဲ.အကြောင်းကိစ္စတွေ၊အစားထိုးမရတဲ.ဆုံးရှုံးမှုတွေရှိခဲ.ဘူးကြမယ်။အခုလည်းသေရာပါသွားမယ်.ဘဝစာမျက်နှာအချို.ကိုပြန်းပြောင်းပြောပြချင်မိတယ်ရင်ဖွင့်လိုက်လို့ရင်ထဲပေါ့သွားမယ့်ကိစ္စမျိုးတော့မဟုတ်ပေမယ့်…ပြောပြချင်တာထက်သိစေချင်တယ်။သိစေချင်တာထက်သိသင်.တယ်ထင်လို. ဓါတ်ပြားဟောင်းကြီးကိုရင်နာနာနဲ့ ပြန်ဖွင့်ရမဲ့နာကျင်မှုမျိုး။ထိုလူတွေ (သင်္ဃန်းကျွန်းဆေးရုံ တွဲဖက်ပါမောက္ခ သားဖွားမီးယပ် OG ဒေါ်ချိုချို )ကတော.သိနိုင်မှာတဲ့လား။ (၂.၈.၂၀၁၀)တနင်္လာနေ့၊ထိုနေ့က…….ထိုနေ့က…….ကျွန်မတို့မိသားစုအဖို. အမှောင်ဖုံးခဲ့ရတဲ့နေ့။ ဘဝမှာအကြီးမားဆုံး တုန်လှုပ်မှုဖြစ်စေခဲ့တာ နံနက်(၈း၄၅)နာရီ ၊ဘယ်တော့မှထပ်မရောက်ချင်တဲ့နေရာက အဲဒီတုန်းက ကျွန်မတို.ရဲ့ အမှောင်ကမ္ဘာ(သင်္ဃကျွန်းစံပြဆေးရုံကြီး)မှာပေါ့…. တကယ်ကိုစံပြလောက်တဲ. နေရာတစ်ခုမှာ ကျွန်မတို.ရှိနေခဲ.တာပါ.၊ ဆေးရုံကုတင်ပေါ်မှာက ကျွန်မရဲ့ချစ်လှစွာသောအစ်မ……ဝေဒနာတွေကိုတစ်ပွေ.တပိုက်ကြီးခံစားရပြီးများ အကြောင်းမဲ. သေသွားရတဲ့ အချစ်ဆုံးအစ်မ မချိုချိုခိုင်(ခ) ပိစိ(၂၉)နှစ်ပါ။ “မမှားသောရှေ့နေ ” ဆိုတာမရှိပေမယ့် ဆရာဝန်တွေမှားပြီဆိုရင်တော့ လူ.အသက်တစ်ချောင်းပေးလိုက်ရတာကလွဲပြီး……ဒါက ကံကြမ္မာအလိုတဲ့လား? ဟမ္ဘူရာဘီရဲ့ ကိုဒ ဥပဒေအတိုင်းတောင်လက်မခံနိုင်ဘူး။ game ပွဲမဟုတ်လို့ အရှုံးအနိုင် အလျော်အစားလဲ မလိုချင်ပါဘူး။ တန်ဖိုးမဖြတ်နိုင်ဆုံးလူ့အသက်မှာ ဘယ်လိုအမှားအယွင်းမှ မခံနိုင်တာ သူတို့ဆရာဝန်တွေ အသိ်ဆုံးပါ။ ဖြစ်ပုံက(၂၉.၇.၂၀၁၀) ညနေ(၆:၀၀) တိတိမှာ ကျွန်မအစ်မ ကလေးမီးဖွားဖို. အောင်ရတနာ ဆေးခန်းမှာ တတ်ခဲ့ပါတယ်။ […]