ပြည်တွင်းကဆရာဝန်တွေရဲ့လုပ်ရပ် (အသက်တစ်ချောင်းဘာနဲ့လျော်မလဲ)

အာဂDecember 8, 20101min60424

ပုတုဇဉ်လူသားတိုင်းမှာကိုယ်စီကိုယ်စီမေ.မရတဲ.အကြောင်းကိစ္စတွေ၊အစားထိုးမရတဲ.ဆုံးရှုံးမှုတွေရှိခဲ.ဘူးကြမယ်။အခုလည်းသေရာပါသွားမယ်.ဘဝစာမျက်နှာအချို.ကိုပြန်းပြောင်းပြောပြချင်မိတယ်ရင်ဖွင့်လိုက်လို့ရင်ထဲပေါ့သွားမယ့်ကိစ္စမျိုးတော့မဟုတ်ပေမယ့်…ပြောပြချင်တာထက်သိစေချင်တယ်။သိစေချင်တာထက်သိသင်.တယ်ထင်လို. ဓါတ်ပြားဟောင်းကြီးကိုရင်နာနာနဲ့ ပြန်ဖွင့်ရမဲ့နာကျင်မှုမျိုး။ထိုလူတွေ (သင်္ဃန်းကျွန်းဆေးရုံ တွဲဖက်ပါမောက္ခ သားဖွားမီးယပ် OG ဒေါ်ချိုချို )ကတော.သိနိုင်မှာတဲ့လား။

(၂.၈.၂၀၁၀)တနင်္လာနေ့၊ထိုနေ့က…….ထိုနေ့က…….ကျွန်မတို့မိသားစုအဖို. အမှောင်ဖုံးခဲ့ရတဲ့နေ့။ ဘဝမှာအကြီးမားဆုံး တုန်လှုပ်မှုဖြစ်စေခဲ့တာ နံနက်(၈း၄၅)နာရီ ၊ဘယ်တော့မှထပ်မရောက်ချင်တဲ့နေရာက အဲဒီတုန်းက ကျွန်မတို.ရဲ့ အမှောင်ကမ္ဘာ(သင်္ဃကျွန်းစံပြဆေးရုံကြီး)မှာပေါ့….

တကယ်ကိုစံပြလောက်တဲ. နေရာတစ်ခုမှာ ကျွန်မတို.ရှိနေခဲ.တာပါ.၊ ဆေးရုံကုတင်ပေါ်မှာက ကျွန်မရဲ့ချစ်လှစွာသောအစ်မ……ဝေဒနာတွေကိုတစ်ပွေ.တပိုက်ကြီးခံစားရပြီးများ အကြောင်းမဲ. သေသွားရတဲ့ အချစ်ဆုံးအစ်မ မချိုချိုခိုင်(ခ) ပိစိ(၂၉)နှစ်ပါ။ “မမှားသောရှေ့နေ ” ဆိုတာမရှိပေမယ့် ဆရာဝန်တွေမှားပြီဆိုရင်တော့ လူ.အသက်တစ်ချောင်းပေးလိုက်ရတာကလွဲပြီး……ဒါက ကံကြမ္မာအလိုတဲ့လား? ဟမ္ဘူရာဘီရဲ့ ကိုဒ ဥပဒေအတိုင်းတောင်လက်မခံနိုင်ဘူး။ game ပွဲမဟုတ်လို့ အရှုံးအနိုင် အလျော်အစားလဲ မလိုချင်ပါဘူး။ တန်ဖိုးမဖြတ်နိုင်ဆုံးလူ့အသက်မှာ ဘယ်လိုအမှားအယွင်းမှ မခံနိုင်တာ သူတို့ဆရာဝန်တွေ အသိ်ဆုံးပါ။

ဖြစ်ပုံက(၂၉.၇.၂၀၁၀) ညနေ(၆:၀၀) တိတိမှာ ကျွန်မအစ်မ ကလေးမီးဖွားဖို. အောင်ရတနာ ဆေးခန်းမှာ တတ်ခဲ့ပါတယ်။ နောက်နေ့မနက်(၃၀.၇.၂၀၁၀) သောကြာနေ့ နံနက် (၇:၃၀)မှာ သားဦးလေးမွေးခဲ့တယ်။မွေးပြီးပြီးချင်း ကလေးကို မိသားစုများရှိရာကို လာပြပါတယ်။

ဒါပေမဲ့ အစ်မကတော့ ခွဲခန်းထဲက တော်တော်နဲ့ထွက်မလာလို့ ခွဲခန်းအပြင်မှာ စောင့်နေခဲ့တဲ့ကျွန်မတို့မိသားစု တော်တော်လေးစိတ်ပူရပါတယ်။ ထွက်လာတော့ အစ်မကသူခေါင်းအရမ်းကိုက်တယ်လို့ မိသားစုကိုပြောပါတယ်။ဒါ့ကြောင့် ဆေးခန်းကတာဝန်ရှိတဲ့သူတွေကို ခေါင်းကိုက်နေကြောင်းကျွန်မတို့အကြောင်းကြားခဲ့တယ်။သူတို့ကမေ့ဆေးအရှိန်ကြောင့်လို့ပြန်ပြောပါတယ်။

နေ့လည်အစ်မနိုးလာတော့”ငါအရမ်းနာနေတယ် ဗိုက်ထဲမှာအရမ်းနာနေတယ်၊ ခွဲခန်းမှာတုန်းက ငါ့ကိုဗိုက်ခွဲရင်း သွေးကြောထိသွားလို့ သွေးတွေ ပန်းထွက်တယ်၊OG တောင် လေဆာနဲ့ပြန်ဖာရတယ်၊OG မှာချွေးတွေပျံနေလို့ ငါ့လက်ပေါ်တောင် ချွေးတွေကျသေးတယ်လို့ပြောပါတယ်” ၊ တကယ်တော့Operation Theatre ထဲမှာရှိတဲ့ ခွဲစိတ်ရာမှာသုံးတဲ.မီးဝိုင်းဟာဆရာဝန်တွေ ကိုယ့်ကိုဘာလုပ်နေတယ်ဆိုတာကို တစွန်းတစမြင်ရပါတယ်။

Local Anesthesia ပဲပေးထားတာမို့ အစ်မဒါတွေကို မြင်ခဲ့ရတယ်ထင်ပါတယ်။ အဲဒီ(၃၀.၇.၂၀၁၀)နေ.က တစ်နေ့လုံးOG တစ်ချက်လေးတောင်ပြန်လာမကြည့်ပါဘူး။ အဲနေ့ကသာလာကြည့်မယ်ဆိုရင် အစ်မဒီလိုဖြစ်မယ် မထင်ပါဘူး။ အဲတာကလည်းတာဝန်မဲ့တာလေ။ ညဘက်မှာ အစ်မကိုသွားကြည့်တော့ မျက်နှာက ဖြူဖတ်ဖြူရော်နဲ့……….ဆရာဝန်ဘာပြောသွားသေးလဲ မေမေ့ကို ကျွန်မမေးကြည့်တော့ ဆရာဝန်က ကောင်းပါတယ်တဲ့လေ။ ဒီအခြေအနေရောက်နေတာတောင် ကောင်းတုန်းပဲလို့ ပြောခဲ့ပါတယ်။

နောက်နေ့ နံနက်(၃၁.၇.၂၀၁၀)ရက် (၈းဝ၀)လောက်OGလာကြည့်တယ် အဲဒီအထိသူကိုမေးကြည့်တော့ကောင်းနေတုန်းပဲတဲ့ ။ကြည့်ပြီးတော့ ပြန်သွားတယ်လေ။ ဘာမှပြောမသွားဘူး။OG ပြန်သွားတော့ အစ်မမျက်နှာကပိုပြီးတော့ ဖြူဖွေးသွားတယ်။ ဆေးခန်းကတာဝန်ရှိသူတွေကိုသွားပြောတော့ သွေးပေါင်လာချိန်ကြည်.တော.သွေးပေါင်က မရတော့ဘူး။ အဲဒီနေ့ဟာ ကျွန်မတို့ မိသားစုအတွက် မုန်တိုင်းကြီးရဲ့ အရိပ်အရောင် စပြီ ပြမဲ့နေ့ဆိုတာ………နေ့လည်ပိုင်း အစ်မရဲ့ ဗိုက်ကဖောင်း ဖောင်းလာ

တယ်။ဘာဖြစ်လို ့လဲ အစ်မကိုမေးကြည် ့တော ့ ” လေမလည်သေးလို ့ဖြစ်မှာပေါ ့”ပြာလို ့ ကျွန်မထင်လိုက်တာက ဟုတ်လေမလားပေါေ့။တဖြည်းဖြည်းကြာလာရင်း နောက်ဆုံးမှာအစ်မမျက်နှာက လုံးဝဖြူဖွေးသွားတယ်။ပြီးတော ့OG ရောက်လာတယ်။ဗိုက်ကိုပုတ်ကြည့်တယ်…

ဒါနဲ့မရတဲ ့အဆုံး syringe န ဲ ့ထိုးပြီးစုပ်ကြည့်တယ်။ အိုး…သွေးတွေ…ဗိုက်ထဲမှာသွေးတွေပြည့်နေပြီတဲ ့။ဒါ့ကြောင့်နောက်တစ်ခါဗို်က်ထပ်ခွဲပြီး uterus( သားအိမ်)ကို ထုတ်ပစ်ရမယ်တဲ့။ချက်ချင်းမှထပ်မခွဲရင် နာရီပိုင်းအတွင်း expireဖြစ်မယ်(သေမယ်)လို့ပြောပါတယ်။

သနားစရာကောင်းလှတဲ ့အစ်မကဗို်က်ခွဲရမှာအင်မတန်ကြောက် သူတစ်ယောက်၊သားလေး မျက်နှာကြောင့် ကြောက်တဲ ့စိတ်ဖျောက် သေမင်းနဲ့အံတုခဲ ့ရသူပါ။အခု ကိစ္စက သွေးနုနုကလေးမွေးပြီးကာစ မီးနေသည်ကို နောက်တကြိမ်ဗိုက်ထပ်ခွဲမယ်ဆိုတော ့…။နာရီပိုင်းအတွင်းမှ မခွဲရင် expire ဖြစ်မယ်ဆိုတဲ့စကားကြောင် ့မိသားစုတစ်ခု လုံးပူဆွေးနေတုန်း စံပြဆေးရုံကိုပြောင်းမယ်လို ့ပြောပါတယ်။ဘာသဘောပါလိမ့်။လူနာမှာ တခုခုအပြောင်းအလဲရှိနေပြီ၊ မှားယွင်းနေပြီဆိုတဲ ့သဘောလား? ကျွန်မ OGကိုသွားပြောပါတယ်။ဗဟိုအမျိုးသမီးဆေးရုံကိုပဲ ပြောင်းတင်ပါရစေလို ့။ဒါပေမဲ ့ ခွင် ့မပြုခဲ ့ဘူးလေ။”စံပြဆေးရုံပဲခေါ်သွားမယ် ဟိုမှာပစ္စည်းအစုံအလင်ရှိတယ် ဘာမှစိတ်မပူပါနဲ ့” ပြောလို ့ကျွန်မတို ့လက်လျော့ လိုက်ရတယ်။

သဘောတူခဲ့တာမဟုတ်ဘူး..အတင်းခေါ်သွားကြတာပါ။အစ်မက လက်ရှိအောင်ရတနာမှာ အသက်လုနေရလို ့ ဆေးရုံပြောင်းတင်ဖို ့အတွက် လူနာတင်ကားခေါ်ပြီးပြင်ဆင်နေတုန်းပေါ ့။ အောင်ရတနာက staff တယောက်က ကိုယ်ချင်းမစာလိုက်ပုံများ၊ အခန်းခမရှင်းရသေးလို ့တဲ ့အတင်းလိုက်တောင်းပါတယ်။ဘယ်လောက်တောင်လူမဆန်သလဲဆို….ပိုက်ဆံမရသေးလို ့ လူနာတင်ကားကို ၁ရမိနစ်ကြာအောင် ထွက်မပေးခဲ့ဘူး။

ဪ….လူတွေများ…..အသက်တချောင်းထက် သူတို ့အတွက်ငွေကို ပိုလူရာသွင်းထားပုံရတယ်။(၃၁.၇.၂၀၁၀) ညနေပိုင်းလောက်မှာ အစ်မကို2nd time operation လုပ်ပြီး uterus ထုတ်လိုက်ကြတယ်။အဲဒီတဲက လုံးဝသတိမေ့သွားတာပါပဲ။(၁.၈.၂၀၁၀)တနေ ့လုံးမိသားစုဝင်တွေ ရင်ကွဲထွက်မတတ်ပါပဲ။အစ်မရဲ ့နှလုံးက သိပ်ပြီးအလုပ်မလုပ်တော့ဘူးလေ။မပြောမဖြစ် point ရှိသေးတယ်။အစ်မကမွေးရာပါ heart disease ရှိတယ်။တကယ်တော ့အစ်မမီးဖွားတဲ ့ကိစ္စမှာ စဉ်းစားစရာအချက်တွေ ရှိခဲ့ပါတယ်။

မွေးခါနီး နှလုံးဆရာဝန်ဦးထွန်းထွန်းဦးနဲ ့ပြတော ့ heart specialist ခွဲခန်းထဲမလိုက်ဘဲ မွေးလို ့ရတယ်ပြောပါတယ်။2nd time operation ထပ်လုပ်ပြန်တော ့လည်း heart disease သမားကို general anesthesia (မေ ့ဆေး) ပေးခဲ့ပါတယ်။အမှန်ဆို နှလုံးရောဂါသည်ကို မေ့ဆေးပေးလို့မရဘူးဆိုတာ medical field ကလူမဆိုထားနဲ့၊ လူပိန်းတွေတောင် သိပြီးကိစ္စပါ။ (1.8.2010) ညနေ အစ်မလည်ပင်းကိုဖောက်ပြီး နှလုံးကိုတိုက်ရိုက်ဆေးထည့်ရင် recovery ဖြစ်နိုင်မယ်ဆိုလို့ ကျွန်မတို့ခေါင်းညိတ်ခဲ့တယ်။

ဒါပေမဲ့ အစ်မကuterus ထုတ်ပြီးကတည်းက (reproductive organs) တွေဖယ်ပြီးကတည်းက ခုထိ*coma*ပါပဲ။

ဒီလိုနဲ့(2.8.2010)နေ့ကို ကျွန်မတို့ထိပ်တိုက်တွေ ့ရတော့မှာပါ။တိတိကျကျပြောရရင် နံနက်(8:45)နာရီဟာ ကျွန်မတို့မိသားစုဝင်တွေအတွက် တကယ့်ငရဲကျတဲ့နေ့ပါ။ ချစ်လှစွာသော အစ်မက လောကီကိုစွန့်ပြီး မနိုးသောအိပ်စက်ခြင်းနဲ့ မှေးစက်သွားပါပြီ။

သူ ့အသက်နဲ့ အလဲအလှယ်လုပ်ပြီး လူ ့လောကထဲရောက်လာတဲ့ သူ ့သားလေးအပါအဝင် ကျွန်မတို့အားလုံးကို ထာဝရခွဲခွာသွားပါပြီ။
ကျွန်မတို့အော်ခေါ်သော်လည်း သူကြားနိုင်တော့ဘူး။ ကျွန်မတို့ မျက်ရည်တွေလည်း သူမမြင်တော့ပါဘူး။တကယ်ပါ သေခြင်းတရားကို အင်မတန်ကြောက်ရှာတဲ့ အစ်မရဲ ့လက်ကို မလွှတ်တမ်း ဖမ်းဆုပ်ထားချင်မိခဲ့တယ်။

ဒါပေမဲ့လည်း………ခုချိန်မှာ ဒါတွေမဲ့ခဲ့ပါပြီ။ လူတစ်ယောက်လုံး သေခဲ့ပါပြီ။ “Everything is the best” ဖြစ်သမျှအကြောင်း အကောင်းလို့ကျွန်မတို့ သဘောထားရဦးမှာလား…..? တရားမရှိဘူးပဲပြောပြော အစ်မရဲ ့သေခြင်းက အချိန်တန်လို့မဟုတ်ဘူး။ လက်သရမ်းခြင်းကြောင့်ပါ။ဒါတောင် dead body တစ်ခုကိုသူတို့အလွတ်မပေးခဲ့ကြဘူး။

“လူနာကိုဆေးထည့်တာဒီလောက်ကောင်းရဲ ့သားနဲ့ ဘာလို့နှလုံးကအလုပ်မလုပ်တာလဲဆိုတာ post-Morten (ရင်ခွဲခြင်း) လုပ်ချင်သေးတယ်လို့ တောင်းဆိုလာပါတယ်။

ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့လူနာကို ကောင်းကောင်းမွန်မွန် ပေးမသေဘဲ လူနာရှင်တွေကို ဒီလိုတောင်းဆိုမှုမျိုး ပြောထွက်ရက်ပါတယ်။

ကျွန်မ အမြဲဆုတောင်းမိပါတယ်။နောင်သံသရာဘဝများ ရေစက်ရှိခဲ့ရင် ကျွန်မတို့မိသားစုရော၊ အချစ်ရဆုံး အစ်မပါ ဒီလိုကြမ္မာဆိုးမျိုး ကင်းဝေးရပါ၏။
အလားတူဖြစ်ရပ်မျိုး ထပ်ပြီးမဖြစ်ပွားစေချင်လို့၊ဆင်ခြင်ချင့်ချိန်နိုင်အောင်လို့ ရင်ထဲက သွေးအတိပြီးတဲ့ဖြစ်ရပ်မှန်ကို အင်တာနက်စာမျက်နှာပေါ် တင်ပြမိပါတယ်။

Doctor is the noblest person,whose job is to treat patients and to save their lives and actually not to kill patients. Sometimes, someone has done mistake which may be happened without intending to do so,depending on the verities of circumstances.As a consequence,therefore,it leads to unacceptable mischance for human beings.

A true story By

deepsmile225@gmail.com

ဘေးလူအနေနဲ့ ကုသိုလ်ကံပေါ့လို. လွယ်လွယ်ပြောလို.ရနိုင်ပေမဲ့ ကာယကံရှင်တွေ ဘယ်လောက်ခံစားနေရမလဲကိုယ်ချင်းစာပါတယ်. ဒါ ဆရာဝန်ရဲ့ တာဝန်မဲ့မှုကြောင့်ပဲဗျာ.

မချိုချိုခိုင် ကောင်းရာသုဂတိလားပါစေဗျာ ။

ကျန်ရစ်သူ မိသားစုနဲ့ အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ မိပါတယ်ဗျာ….

24 comments

  • cobra

    December 8, 2010 at 12:57 pm

    ကျွန်တော်တို့တွေ ဘာတွေကို ယုံကြည်ပြီး ဘယ်လိုများ ရှေ့ဆက်ကြမလဲဗျာ

  • manawphyulay

    December 8, 2010 at 1:17 pm

    ခဏခဏ ဒီလိုသတင်းတွေ ကြားမိတာ ရင်ထဲမှာ အတော်စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ဆရာဝန်တွေရဲ့ လက်ထဲမှာ လူ့အသက်တွေ ရှိနေတယ်ဆိုတာ ဆရာဝန်တွေ အကုန်ဆေးကျောင်းတက်ထဲက အရာအားလုံးကို သင်ကြားခဲ့ဖို့ မေ့ခဲ့တယ်နဲ့ တူပါတယ်။

  • fatty

    December 8, 2010 at 1:33 pm

    မြန်မာပြည်မှာ ကျန်းမာရေးအတွက် မိသားစုဆရာဝန်မျိုး တစ်ဦးထားစေချင်တယ် …။ ဆရာဝန်တဦးတည်းကိုအားထားတာ ထက် ကိုယ်ပိုင် အသိပညာနှင့်လည်း ဆင်ခြင်ပါ။
    နာတာရှည်ရောဂါအတွက်ဆိုရင် … အထူးကု နှစ်ဦးလောက် ပြောင်းပြပါ။ ဘာကွာခြားလဲ သုံးသပ်ပါ။
    ပြီးမှ မိမိကိုယ်တိုင်နှင့် မိသားစုဆရာဝန်ကိုတိုင်ပင်ပြီးရတဲ့ အဖြေထုတ်ပြီး ဆုံးဖြတ်ချက်ချပါလို့ အကြံပြူလိုက်ပါရစေ။
    ဖြစ်ရပ်အတွက် … စိတ်မကောင်းပါဘူး။

  • april

    December 8, 2010 at 1:52 pm

    မြန်မာပြည်မှာ ဆရာဝန်တွေ ကို ဘာဥပဒေမှ မပြဌာန်းကြတော့ဘူးလား?????
    မချိုချိုခိုင် ကောင်းရာသုဂတိလားပါစေ…..

  • ကိုလူချောလေး

    December 8, 2010 at 2:01 pm

    မချိုချိုခိုင် ကောင်းရာသုဂတိလားပါစေ။ အထက်မှာပြောခဲ့ကြသလိုပေါ မိသားစုဆရာဝန်လေးတစ်ယောက်တော့
    ရှိသင့်တယ်ဗျ……နောက်ဆုံးအကြံပေးချင်တာကတော့ဗျာ……. ကျန်ရစ်သူမိသားစုကို ကောင်းမွန်အောင်ပါ
    မြန်မာဦးလေးကြီးတွေက ဒီလိုတွေမဖြစ်အောင်ဂရုစိုက်ဆောင်ရွက်ဖို့မေ့နေကြတာလားတော့မသိဘူးဗျာ………
    လူနာတွေရဲ့အသက်တွေက ဆရာဝန်တွေကို ဆေးဖိုးတွေ ဝါးခတွေပေးမှုအပေါ်မှာမူနေလားတော့မသိတော့ဘာဘူး

  • unclegyi1974

    December 8, 2010 at 2:52 pm

    ရေးထားတဲ့အတိုင်းဆိုရင် ဆရာဝန်ပေါ့လျော့မှု
    မကျွမ်းကျင်မှု ဂရုမစိုက်မှု ဆိုတာသိသာပါတယ်
    ကျွန်တော်နဲ့သိတဲ့ဆရာဝန်ကျွန်တော့်အမျိုးသမီး
    မွေးတုန်းကပြောတယ်
    ရိုးရိုးမွေးမယ်ဆိုဘယ်မွေးမွေးကိစ္စမရှိပါဘူးတဲ့
    ခွဲမွေးမယ်ဆို ဗဟိုအမျိုးသမီးဆေးရုံကြီး
    ကအကောင်းဆုံးပါဘဲတဲ့ တခုခုဖြစ်မယ်ဆို
    ဘယ်မှာမှဆေးရုံကြီးလောက်ပစ္စည်းမစုံဘူးလို့
    ပြောပါတယ်
    ဒါမျိုးတွေဘယ်လောက်များဖြစ်နေမလဲ
    ဘာကြောင့်ဖြစ်နေကြတာလဲ
    မဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ

  • ဆူး

    December 8, 2010 at 3:06 pm

    လူနာကတော့ သေပြီ နောက်ဆုံး ရလိုက်မှာကတော့ ဆေးရုံ နဲ့ ဆေးဝါး စရိတ် ငွေတောင်းခံလွာဘဲ ဖြစ်လိမ့်မယ်။ ဘယ်ဆရာဝန်မှ အကုမှားသွားလို့ အဲဒီ စရိတ် ရှင်းပေးပါ့မယ်လို့ လာမပြောသလို ဘယ်ဆေးရုံမှ တာဝန်မခံဘူးဘူး.. တရားစွဲတာမျိုး လုပ်မှ လက်သိပ်ထိုး လာရှင်းပေးကြမှာ…

  • weiwei

    December 8, 2010 at 3:16 pm

    ပြည်တွင်းမှာက ပိုက်ဆံမရှိလို့မကုနိုင်ရင်လဲသေရသလို ပိုက်ဆံတတ်နိုင်လွန်းပြီး သေရတာလဲရှိသေးတယ် … ပြီးခဲ့တဲ့လကပဲ အသိတစ်ယောက် ရောဂါတစ်ခုနဲ့ ဆေးရုံတက်ရတယ် … ဆရာဝန်တွေက ပိုက်ဆံတတ်နိုင်လားလို့မေးပြီး ဆေးအဆန်းတွေနဲ့ စမ်းသပ်ကုသလိုက်တာ ဆေးမှားပြီး မသေသင့်ပဲသေသွားတယ် … ဆေးရုံကိုသွားတုန်းကအကောင်းအတိုင်းရှိသေးတယ် … ၃ ရက်ပဲ အလုပ်ကခွင့်ယူပြီးသွားတာ … ဟိုမှာ စမ်းသပ်လွန်ပြီး ၂ ပတ်လောက်ပဲကြာတယ် အသက်ပါပါသွားတယ် …

  • tigerlion

    December 8, 2010 at 3:43 pm

    စံပြဆေးရုံ၊မြောက်ဥကလာဆေးရုံ၊အားလုံးအတူတူပဲ
    အမိုက်ရိုင်းဆုံးကနာစ်မနဲ့သန့်ရှင်းရေးမိန်းမတွေ

  • winkhant

    December 8, 2010 at 4:30 pm

    ဆရာဝန်တွေ ဖတ်မိရင် သိပ်ကောင်းမယ်…အဲလို မလုပ်ကြပါနဲ့ဗျာ…ကိုယ်တိုင်ခံစားမှ ခင်ဗျားတို့သိလာမယ်ထင်တယ်…
    တကယ် စိတ်ကောင်းဘူးကွာ .. . ..ရိုက်သာ သတ်ပစ်ချင်ရဲ့….

  • ကြယ်လေး

    December 8, 2010 at 5:44 pm

    မြန်မာ ပြည် ကဆရာဝန်တွေ က တာဝန်မသိတာမဟုတ်ပါဘူး

    တာဝန်ယူစရာမလိုလို့ တာဝန်မဲ့တာပါ

    ခုကိစ္စ ကို ကာယကံ ရှင်တွေ အနေနဲ့အထောက်ထားအချက်လက် စုပြီး တရားစွဲလည် ရှုံးမှာပါ
    တရားကိုငွေနိုင်တဲ့ ခေတ်ကြီးကိုး
    တာဝန်မဲ့တရားသူကြီး နဲ့ထပ်တွေ.လို့ရင်နာနာနဲ့ post နောက်တပုဒ် လာတင်နေရအုံးမယ်

    တော်ကြာ အဒီဆရာဝန်မ က အမျိုးတွေပခုံးပေါ်က အသုံးမကျတဲ့ကြယ်ပွင့်တွေ နဲ့ကိုင်ပေါက်လို့ကိုယ်တောင်ပြန်တောင်းပန်နေရအုံးမယ်(ရှိနေရင်ပြောပါတယ်)

    မခံမရပ် ဖြစ်လွန်:လို့ အစွန်:စုံ ထိလုပ်မယ်ဆို တရားမစွဲနဲ့ လက်တဆုပ် စာလူတစုကြားမှာတိုးတိုးတိတ်တိတ်ပွဲပြီ:သွားမယ်

    လူသိရှင်ကြားဖြစ်အောင်သာဖွလိုက် သိက္ခာ ကျမှာဆိုးလို့ ဆေးခန်းနာမည်ပျက်မှာဆိုးလို့ ဥပဒေအထက်က အဘတွေ အမျက်တော်ရှမှာဆိုးလို့ လက်အုပ်ချီလာတောင်းပန်လိမ့်မယ်

    မီဒီယာ တွေ ကနေဖွမယ်ဆို ELEVEN တို့ The Voice တို့လို မျိုးနဲ့တိုင်ပင်ကြည်.ပေါ့ အလိုတော်ရိဂျာနယ်နဲ့ တိုးလို့ ဆေးခန်းသွားကြော်ငြာပေးသလိုဖြစ်နေအုံးမယ်

    ပြည်ပမီဒီယာကနေကိုယ်တိုင်အရင်သွားဖွရင်တော့ တာဝန်ရှိပုဂ္ဂိုလ် များက အမှူ့လမ်းကြောင်းပြောင်းပေးပါလိမ့်မယ်

    မီဒီယာ တွေကလဲလက်တွန့်မယ်ဆိုရင်တော့

    လက်ကမ်းစာ လိုရေးပြီး ကိုယ်နေတဲ့ ရပ်ကွက် မြို့နယ်တွေမှာ လက်ဆင့်ကမ်းတာမျိုး

    သက်ဆိုင်ရာဆေးခန်း ဆေးရုံ ရှိတဲ့ ရပ်ကွက် မြို့နယ်တွေမှာလက်ဆင့်ကမ်းတာမျိုး

    ဆေးခန်း ဆေးရုံ ရှေ့ မှာ လာတဲ့ လူတွေကိုလက်ဆင့်ကမ်းတာမျိုး လုပ်ပေါ့

    လက်ကမ်းစာရေးရင် ရှေ့နေ လိုမျိုး ဆရာဝန်လိုမျိုး နဲ့တိုင်ပင်ရေးသင့်ပါတယ် သူများ အပြစ် ကနေကိုယ့် အပြစ်မဖြစ်အောင်ရေးဖို့လိုပါမယ်

    PS : ပြည်ပမှာနေတဲ့လူတယောက် အမြင်နဲ့ရေးတာပါ ကာယကံရှင်များ ကိုယ်.ဦးနှောက်နဲ့ကိုယ်ဆုံးဖြတ်ပြီးလုပ်ရမှာပါ ကိုယ်ဖြစ်ကိုယ်ခံရမှာဖြစ်သဖြင့်
    မောင်ကြယ်လေး အကြံကြောင့်ဖြစ်လာမည် ့အ ကောင်း အဆိုး ကိုတာဝန်ယူမည်မဟုတ်ပါ

  • maungmoenyo

    December 9, 2010 at 3:24 am

    ထိတ်လန့်စရာအဖြစ်တွေဆေးလောကမှာမကြာခနဖြစ်တတ်ပါတယ်။ ဒီကိစ္စမှာတော့ဆရာဝန်အပါအဝင်၊သူနာပြုတွေမှာလုံးဝတာဝန်ရှိပါတယ်။ ဘယ်တိုင်းပြည်ဘယ်လောက်အဆင့်နိမ့်တဲ့ဒေသမဆိုဆေးရုံတက်လူနာ၊ခွဲစိတ်လူနာတွေနဲ့ပါတ်သက်ပြီးဆေးမှတ်တမ်းနာရီပိုင်းအလိုက်ပြုစုထားရပါတယ်။ ဒါတွေကအကြောင်းမဲ့မဟုတ်ပါဘူး။ လူနာမျက်နှာလေးကြည့်ပြီး မှတ်တမ်းသွင်းတတ်တဲ့ပေါ့လျော့တဲ့အလေ့အထကိုဖျောက်ဖျက်ကြဘို့လိုပါတယ်။ လူနာဆိုတာဆရာဝန်ရဲ့မျက်နှာကိုအားကိုးကြည့်ကြရတဲ့လူမျိုးဆိုတာဆရာဝန်တိုင်းနားလည်ကြဘို့လိုပါတယ်။ ဆရာဝန်ရဲ့စကားအဆုံးအဖြတ်ကိုအားကိုးကြအားထားကြတာဓမ္မတာပါ…။
    သေဆုံးသွားတဲ့လူအတွက်ဖြစ်လေရာနောင်ဘဝမှာဆိုးရွားတဲ့အဖြစ်မျိုးတွေထပ်မဖြစ်စေဘိုအမျှဝေကြပါ..။
    ကျန်ရစ်သူများအနေနဲ့ကွယ်လွန်သူနဲ့ပတ်သက်တဲ့ဆေးမှတ်တမ်းတွေရအောင်တောင်းယူပြီးဆေးရုံဝန်ထမ်းတွေကဘယ်လောက်အရေးယူဆောင်ရွက်ပေးလဲဆိုတာစုံစမ်းပါ။ ပြီးတော့မြန်မာနိုင်ငံဆေးကောင်စီနဲ့ အမျိုးသားကျန်းမာရေးကော်မီတီကိုစာတင်ပြီးဒီလိုပေါ့လျော့မှုတွေကိုတားဆီးပေးမဲ့ဥပဒေနည်းဥပဒေတွေထုတ်ပြန်ပေးဘို့မေတ္တာရပ်ခံပါ။
    မြန်မာနိုင်ငံမှာရှိတဲ့ဥပဒေတွေကအများအားဖြင့်ယေဘူယဆံတဲ့အပေါ်ယံရှပ်ပြဌာန်းချက်တွေသာရှိပါတယ်။
    technical law ရှိဘို့အချိန်တန်ပြီဖြစ်ကြောင်းပါ…။

  • thidakywewa1

    December 9, 2010 at 3:40 am

    စိတ်မကောင်းလိုက်တာ ……………မြန်မာပြည်ကဆရာဝန်တွေက .အဲလောက်တောင် ပစ်စလတ်ခက်နိုင်ကြတာလား…………..မြန်မာပြည်မှာ ဆေးရုံတတ်ဖို့ တောင် တော်တော်စဉ်းစားရတော့မယ် …..အသေခံရင်ကောင်းမလာပေါ့

  • etone

    December 9, 2010 at 3:43 am

    ဒီသတင်းကို mail ကနေရတာ လေးခါရှိပါပြီ ။ ဖတ်လိုက်ရ စိတ်မကောင်းဖြစ်စရာပါပဲ ။ မသေသင့်ပဲသေတဲ့အတွက်ပါ …။ လူတွေက ပိုက်ဆံပေးရတဲ့အခပေးဆေးခန်းတွေကို အားထားပြီး ကလေးမွေးရင်သွားမွေးကြတယ်… ဆေးရုံထက်ပိုသန့်ရှင်းပြီး ပိုက်ဆံတွေပိုပေးရတာကလွဲလု့ိ နေရထိုင်ရတာ ဘာညာ အားလုံးအဆင်ပြေတာကိုး ..။ အမျိုးသမီးရောဂါနဲ့ ပတ်သတ်ရင် ဗဟိုအမျိုးသမီးဆေးရုံကြီးက အကောင်းဆုံးပါလို့ပြောချင်တယ် …အခပေးဆေးခန်းမှာ ကုန်မဲ့ငွေကို ဆေးရုံမှာ သွားပြီး နပ်စ်တွေ၊ အလုပ်သမားတွေကို နည်းနည်း စွန့်လိုက် သကာဖုံးတဲ့မျက်နှာတွေနဲ့ ဆက်ဆံလိမ့်မယ်… ။

    အခုဖြစ်ရပ်ကိုပဲကြည့် ရင်နာစရာကောင်းလိုက်တာ … ။ သူတို့ကိုမွေးပေးတဲ့ဆရာမကြီးက သူတို့ကိုယ်တိုင်ရွေးချယ်ပြီး ဗိုက်အပ်ထားတာပဲဖြစ်ရမယ် ..by name တပ်ပြီး ပြထားတဲ့လူနာကိုတောင် ဒီလောက်တာဝန်မဲ့မလုပ်သင့်ပါဘူး … ။ မကျေနပ်ချက်တွေကို အွန်လိုင်းမှာတင်မဖြန့်ပါနဲ့ … သက်ဆိုင်သူနားထိကြားအောင် တွေ့ပြီးပြောတာမျိုး ၊ ဖုန်းဆက်တာမျိုးလုပ်သင့်ပါတယ် … (ကျမသာဆို သွားရန်တွေ့မှာပဲ ..ဒါမှ အသိတရားရလာမှာကိုး ) … ဆရာဝန်မကြီးက မှားယွင်းကုသပြီးသည့်တိုင်အောင် ကာယကံရှင်ကို တောင်းပန်းတာမျိုးလုပ်သင့်တာပေါ့… ။ သူ့ဘက်က တောင်းပန်ပြီး ဂရုဏာစကားလေးဘာလေးပြောရင် ခံရတဲ့ဘက်က သည်းခံလို့ရသေးတယ် ..အခုဟာက အလုပ်ကိုမဟုတ်ဘူး .. .လည်လွန်းတဲ့ဘီးတွေ xxx သင့်နေတာမျိုးတွေပဲကြားနေရတယ်… အတွေ့ကြုံရင့်ကျက်လွန်းလို့ ဂရုမစိုက်တော့တာလား …။

  • ကြားရတာ စိတ်မကောင်းစရာပါ။ ဒို့များရဲ့အစ်မကတော့ နဂိုနှလုံးရောဂါအခံရှိ လျက်နဲ့ နယ်မြို့လေးမှာ OG ဒေါ်မာလာရဲ့ ကျွမ်းကျင်မှုကြောင့် ကလေးရောမိခင်ပါ ကျန်းမာချမ်းသာခဲ့ရပါတယ်။ ခုချိန်ထိ အစ်မဟာ အဲဒီဆရာဝန်မကို ညတိုင်းဦးချပြီးမှအိပ်တာပါ။ တစ်ခုထူးခြားတာက အဲဒီဆရာဝန်မဟာ မျက်နှာတည်တယ်။ လူနာတွေရဲ့ ဝတ်ပုံစားပုံကို မကြည့်ဘူး။ တစ်ဖက်လူစကားပြောတာကို စိုက်ပြီးနားထောင်တယ်။ ဆရာဝန်အလုပ်ဟာ သက်မွေးဝမ်းကျောင်း career မဟုတ်ပါဘူး။ mission ပါ။ ဒါကိုနားမလည်ရင် ဆရာဝန်လုပ်မစားကြပါနဲ့။ အပြင်ထွက်စီးပွားရှာပေါ့။

  • I do love posts in mandalay gazette

    December 9, 2010 at 4:32 pm

    ကြားရတာတော့တကယ်ကိုစိတ်မကောင်းပါဘူးဗျာ။ ကိုယ်ဆွေမျိုးကိုယ့်မိသားစုဝင်လို မျိုးနဲ့တွေးကြည့်ခံစား ကြည့်တာပါ။ ဆေးလောကမှာတော့ မမှားသော့ရှေ့နေ မသေသောဆေးသမား ဆိုတဲ့စကားတစ်ခုရှိတယ်ဗျ။ အခုဟာက တိမ်းပါးမှုတစ်ခုဖြစ်ရပြီဆိုတော့ ကျမ်းမာရေးဝန်ထမ်းဘက်က အမှားလို့ပြောခံရတာပေါ့ဗျာ။ တကယ်တန်းတော့ တစ်ဦးတစ်ယောက်ထက်စာရင် အစုအဝေး အသင်းအဖွဲ့ရဲ့ အားနည်းချက်လို့ပဲ ကျွန်တော်ကတော့ မြင်မိသဗျ။
    တစ်ကယ်တန်းဆိုရင် ဒီပြသနာက ခွဲပြီး အချိန်အတော်ကြီးကြာပြီးခါမှ ပြသနာဖြစ်တာဗျ။ အိုဂျီက ကလေးမွေးတာကို ဆီဇာနဲ့မွေးပေးတယ်။ ဆီဇာကတော့ ထုံးစံအတိုင်းသွေးကတော့ ထွက်မှာပဲ။ လက်သွက်သွက်နဲ့ထိမ်းကာမှ bleeding ကိုနိုင်မှာ။ ကလေးကတော့ ခွဲပြီးမကြာပါဘူးထွက်လာမှာ။ ကလေးထွက်ပြီးနောက်ပိုင်း ပြန်ပိတ်တဲ့ အချိန်ကြရင် တော့ အချိန်က အနဲနဲ့ အများဆို သလိုပဲ ကြာတယ်။ ပြီးတော့ anaesthesia ပေးတဲ့ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ရမှ လူနာကို ခုတင်ဆီကိုပြန်ပိုမယ်။ မွေးတာကတော့ spinal anaesthesia ကိုသုံးရင် ခေါင်းတော့ကိုက်တတ်တယ်။ မွေးပြီးရင် monitoring (Blood pressure/pulse rate/….. vital sign ) လုပ်ဘို့ chart ထဲမှာ ရေးပြီးတော့ ဆရာဝန် အငယ် (AS)ကို လွဲခဲ့မယ်၊ လူနာနဲ့ အနီးကပ် မွေးပြီးနောက်ပိုင်းမှာ အဓိက ကြည့်ပေးတာက AS, Nurse တွေပါပဲ။ သူတို့ကျွမ်းကျင်ရင် ကျွမ်းကျင်သလို ပြသနာကို စောစောစီးစီးရှင်းလိုရနိုင်ပါတယ်၊
    အခုဟာက ရေးထားတာ ဖတ်ကြည့်ရသလောက်တော့ မွေးပြီးမှ ခွဲစိတ်ထားတဲ့ နေရာတစ်နေရာကနေ Internal Bleeding ဖြစ်ပြီး တော်တော်ကိုနောက်ကျ တဲ့ အချိန်ကြမှ နောက်ကနေလိုက်ရတဲ့ သဘောဖြစ်ပုံရပါတယ်။ ဒါကတော့ ကျွန်တော့ အထင်ပါ။ ခွဲတုံးမှာ အတွင်းမှာ ဘာပြသနာ ရှိလိုထိမ်းသိမ်းပြီးလုပ်ခဲ့ ရသလဲဆိုတာကတော့ operation team ကတော့ အသိဆုံးနေမှာပါ။ ခွဲတဲ့ ဆရာဝန်မကြီးကတော့ 30ရက်နေ့ခင်းပိုင်း တစ်နေ့ ကုန်မလာကြည့်ဘူးဆိုတော့ ပြသနာအကြီး ခွဲတုံးမှာ ရှိပုံမရပါဘူး။ ခွဲပြီးနောက်ပိုင်းမှသာ အတွင်းထဲတစ်နေရာကနေ ပြီးသွေးစိမ့်ထွက်ပြီးသွေးထွက်လွန်သွားတာကို အချိန်မှီ မသိလိုက်နိုင်လို့ လူနာတိမ်းပါးသွားရတာလို မြင်မိပါတယ်။ ဒီလို အချိန်မှိသိအောင်လဲ ဘေးက ခွဲပြီးနောက်ပိုင်းမှာ စောင့်ကြည်စောက်ရှောက်ပေးတဲ့သူတွေရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံရင့် ကျက်မှုတွေကလည်းအများကြီးရေးကြီးပါတယ်။ ဆိုလိုချင်တာကတော့ ခွဲစိတ်မှုတစ်ခု အောင်မြင်ချောမွေ့ဘို့ဆိုတာက team workပါ တစ်ယောက်ထည်းနဲ့အောင်မြင်အောင်လုပ်လို့မရပါဘူး။ ဒါပေမဲ့ ပြသနာဖြစ်ပြီးဆိုရင်တော့ တစ်ယောက်ထည်းကပဲခေါင်းခံရတာတော့ သဘာဝပါ။
    ခွဲပြီးနောက်ပိုင်းinternal bleeding များနေပြီဆိုတာသိသိချင်း ဆေးရုံကြီးကိုရွေ့တာကတော့ လုပ်တာ မှန်ပါတယ်။ ဘာလိုတုံးဆိုတော့ ထွက်တဲ့သွေးကို လုံလောက်အောင်ဖြည့်နိုင်ဘိုနေရာနဲ့ intensive care ကိုပေးရမှာက ဆေးရုံကြီးမှာပဲရှိတာကို။ အပြင်ဆေးခန်းတွေမှာက blood bank လို service ပေးနိုင်ဘို့ခဲယဉ်းပါတယ်၊ အပြင်ဆေးခန်းတွေက အဓိကရည်မှန်းချက်က business ပါ။ မြင်အောင်ပြောရရင် ငွေရှာတာပါ။ သူတိုဆီမှာ အဓိက ကုပေးနေတာက များသောအားဖြင့် အစိုးရဆေးရုံတွေက ဆရာဝန်ကြီးတွေပါ။ ဆရာဝန်ကြီးတွေကလည်းဘာလို ငွေလာရှာရသလဲဆိုတော့ ငွေမလုံလောက်လို့ပါ။ ရတဲ့ငွေကလည်း တခြားဝန်ထမ်းတစ်ချို့တွေလို ခေါင်းတစ်ချက်ငြိမ့် လက်မှတ်တစ်ချက်ထိုးရုံနဲ အပုံလိုက်မရနိုင်တဲ့ အနေအထားမျိုုးလိုဖြစ်နေလို့ပါ။ ခေတ်ကလည်းငွေရှိမှ အရာရာပြီးခေတ်မဟုတ်လား၊ အပြင်မှာရှာရပြီဆိုတော့ အချိန်ပြည့်ရှာလို့မရ ဘာလို့တုံးဆိုတော့ ဝန်ထမ်းတစ်ပိုင်းဆိုတော့ ဆေးရုံထဲက အလုပ်တွေကလဲရှိသေးသကိုး။ သင်ကြားရေးဆေးရုံဆိုရင် ပိုတောင်ဆိုးသေးသဗျ။ ကုသရေးနဲ့ သင်ကြားရေးတွဲပြီဆိုတော့ အဓိကအလုပ်နဲ့ ငွေရှာတဲ့ အလုပ်ကြားပျားပန်းခတ်သလိုပြေးကြရတာကိုး။
    ကျမ်းမာရေးအသိုင်းအဝိုင်းထဲက မဟုတ်တဲ့သူတစ်ယောက်အနေနဲ့ ကြည့်ရင် ဆရာဝန်ဆိုတာ လူနာအတွက် အချိန်ပြည့် အဆင်သင့်ရှိနေဘို့ပဲ မြော်လင့်မိတတ်ကြပါတယ်။ ကျွန်တော်လဲ ဒီလိုမျှော်ခဲ့ဘူးပါတယ်။ Ideal condition တစ်ခုလို စိတ်ကူးယဉ်ပြီးတော့ ဆရာဝန်ကြီးတွေက ဆေးရုံတွေမှာ ပြသနာဒေါင်ခနဲ့တက်တာနဲ့ ခုချက်ချင်းကို အင်တိုက်အားတိုက်ရှင်းပေးလိုက်တဲ့ အခြေအနေတစ်ခုကုို စိတ်ကူးယဉ်ကြည့်မီပါတယ်။ တစ်ကယ်တမ်းကြတော့ ကျွန်တော်တို့တိုင်းပြည် အနေအထားနဲ့ ဒီလိုအခြေအနေမျိုးဆိုတာ အဝေးကြီးရှိပါသေးတယ်။
    အခုအချိန်အခါမှာ အစိုးရဆေးရုံကြီးတွေကို လူတွေကဘာဖြစ်လို မရွေးချင်ကြပါ သလဲ? စာဖတ်တဲ့သူတွေမှာ အဖြေကိုယ်စီရှိပါတယ်။ ဘာကြောင်ငွေကြေးတတ်နိုင်တဲ့သူတွေက အပြင်ဆေးရုံတွေကိုသွားကြတာလည်း ဒါလည်းအားလုံးသိပါတယ်။ ဒါပေမဲ့ လူတိုင်းသတိမမူမိတဲ့ အချက်တွေက အပြင်ဆေးခန်းဆေးရုံတွေက ဘယ်လောက် အပြင်အဆင်ကောင်းကောင်း တစ်ကယ်တန်းရေးထဲမိုးထဲ ရောက်လာပြီဆိုရင် ပြသနာကို အဆင့်ဆင့်ဖြေရှင်းနိုင်တဲ့ ဆရာဝန် ကြီးလတ်ငယ် ဆိုက်စုံက အစိုးရဆေးရုံ ဖွဲ့စည်းပုံမှာပဲရှိပါတယ်၊ ဒါပေမဲ့သူရဲ့ စနစ်အားနည်းချက်တွေကလည်း လူတွေက ကြည်လိုက်တာနဲ့သိနေတော့ ဘယ်သူကမှ မသွားချင်မပက်သက်ချင် မပံပိုးချင်ဆိုတော့ လည်း အပြင်အဆင်ကောင်းပြီး အိမ်နဲ့တူ တည်းခိုခန်းနဲ့တူတဲ့ အပြင်ဆေးခန်းတွေကိုပဲ နိုင်ငံအပြင်ထွက်မကုနိုင်တဲ့ ကျွန်တော်တို့တစ်တွေ အားပေးကုမိကြတာမဟုတ်ဖူးလားခင်ဗျာ။ ပြသနာကတော့ မကောင်းသူထိတ်ကောင်းသူထိတ်ဆိုသလိုပဲ ခိုင်ရွန်လဲ့ရည်ကစပြီး လူသိထင်ရှားဖြစ်သလိုပဲတက်နေအုံးမှာပါပဲ။

    PS
    ှုI do feel so sorry for the patient who passed away in this event.
    If I were one of the patient’s family, I cann’t imagine how I will felt and suffer.

    • etone

      December 10, 2010 at 2:30 am

      I do love posts in mandalay gazette ရေးထားတာ ပြည့်စုံကောင်းမွန်ပါတယ် ..။ ကျမတို့ကတော့ ဆေးပညာလောကကလူမဟုတ်တော့ အသေးစိတ်သေချာမသိနိုင်ပါဘူး ။

      ဆရာဝန်တယောက်ကလည်း ဒီပို့စ်နဲ့ပတ်သတ်ပြီး ကျမကို ပြောပြတယ် ။ အောက်ကစာမှာပါပါတယ် ..။

      >> it is mixed with rumors. Some of the importants facts r absolutely
      >> wrong. I think they r writing with purpose.
      (1) the sweat of OG r not true.
      (2) the mother is still in procedure after baby is born, it is normal
      to everyone
      (3) the use of drug that use to contract uterus can cause headache, it
      is usual comp;aint of most mother.
      (4)it is not local anesthesia. it is regional anesthesia
      (5) congenital heart disease can undergo general anesthesia. All r
      depend on patient’s condition.If they want to know deeply, attend to
      medical colledge n get MSc, FRCS
      (6) the patient can not see the operating field

  • moethidasoe

    December 10, 2010 at 5:54 am

    ဘာကြောင့်ဖြစ်ဖြစ် တစ်ယောက်တော့ သေသွားပြီ ..
    အထက်ကရေးကြတဲ့အထဲမှာ စဉ်းစားစရာအချို့တော့ တွေ့ရတယ် ..
    ခွဲပြီး နောက်ပိုင်းမှာ ဗိုက် နာတယ် .. ဖြူလာတယ် ဆိုရင် အတွင်းမှာ သွေးယိုတာ ဖြစ်နိုင်ပါတယ် ..
    (ပြန်စစ်ပေးဖို့ လိုပါတယ် .. သွေးစစ်ကြည့်မယ် .. အာရ်ထရာဆောင်း လုပ်မယ် ဆိုရင် သိနိုင်မှာပါ)
    လူနာက ခွဲနေတာကို မတွေ့နိုင်ဘူး ဆိုတဲ့ .. အိတုံရဲ့ စာမှာ ပါတာ အမှန်ပါ ..
    တကယ် နစ်နာလို့ တိုင်ချင်တယ်ဆိုရင် (ကိုယ်ချင်း မစာတာ မဟုတ်ပါဘူး .. ဖွရုံဖွချင်တဲ့ လူတွေ လက်ထဲ ရောက်ပြီး ဟိုမရောက်ဒီမရောက် ဖြစ်မှာစိုးလို့).. ဝန်ကြီးဌာန အထိ စာတင်လို့ရပါတယ် .. (ကြယ်လေး ရေးသလို ဂျာနယ်တွေက တစ်ခါတစ်ခါ ဖွတာကို အဓိကထားလို့ .. နောက်ပြီး အချို့အချက်တွေက ရမ်းသမ်း ရေးတတ်လို့) ဒါမှမဟုတ် ဆေးကောင်စီကို လိပ်မူပြီး ပို့ပါ ..
    လိပ်စာက ၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ (ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် နဲ့ မျက်စောင်းထိုး လောက်မှာ ရှိတယ် .. အပေါက်ဝမှ ဆိုင်းဘုတ်ရှိတယ်)

    လက်ရှိကျန်းမာရေးစနစ်မှာ လိုအပ်ချက်တွေ ရှိနေတာတော့ အမှန်ပါ ..
    နောက်ပြီး ဘာပဲဖြစ်ဖြစ် အထူးကုနဲ့ တိုက်ရိုက် ပြချင်ရင် ပြခွင့်ရှိနေတဲ့ အခြေအနေကလဲ အချိန်ဆင်းရဲတဲ့ အထူးကုတွေအတွက် ဖိအားတစ်ခုလို ဖြစ်နေတာ ..

    နိုင်ငံခြားမှာတော့ မိသားစု ဆရာဝန် ဆိုတာရှိတယ် .. သူက ညွှန်မှ ဘယ်အထူးကုကို ပြရမယ် .. ဘယ်ဟာက ဘယ်လို သင့်တော်တယ် ဆိုပြီး အကြံပေးမယ် .. အထူးကုတွေကလဲ ညွှန်းပို့လာတဲ့ လူနာကို ကြည့်ပြီးရင် လိုအပ်တာ ညွှန်ကြားပေးပြီး မိသားစုဆရာဝန်ဆီ ပြန်ပို့တယ် ဆိုတဲ့ လမ်းကြောင်း အတိုင်း သွားနေကြရာက ..
    မြန်မာပြည်မှ ဘာဖြစ်ဖြစ် အထူးကု .. ဆိုတော့ သူတို့လဲ .. ရသမျှ အချိန်ပိုင်းမှာ အစိုးရအလုပ် လုပ်ရ .. ဆေးခန်းထိုင်ရ .. ခွဲရစိတ်ရ .. တစ်ခုတော့ ရှိတယ် .. ရသမျှ သိမ်းကျုံးယူမယ် ဆိုတဲ့ စိတ်ဓါတ်အစား လုပ်နိုင်တဲ့ အချိန်မှာ လုပ်နိုင်သလောက်လေးသာ လုပ်သွားမယ် ဆိုရင် အချိန်ဆိုတဲ့ အတို်င်းအတာတစ်ခုကို သေသေချာချာ အသုံးချသွားမယ် ဆိုရင် ဒီလို ပြဿနာတွေ ကင်းလာမှာပါ .. အဓိကက .. ငွေ .. မလောက်ငှမှုပါ .. (ငွေ မလောက်ဖူး ဆိုတာ အစိုးရက ပေးတဲ့ ငွေကို ပြောတာ)
    အချိန် မလောက်ငှမှုပါ (လုပ်ရတဲ့ အချိန်နဲ့ လုပ်ရတဲ့ အလုပ်ပမာဏကို တွက်ဆပြောတာပါ)

  • yp17

    December 10, 2010 at 7:54 am

    ဒီလိုသတင်းတွေဖတ်ရတော့အရမ်းရင်နာမိပါတယ်။အချိန်အရမ်းတန်ဖိုးကြီးတဲ့ဆရာဝန်တွေကလူနာတွေကိုသေချာရုမစိုက်နိုင်တော့သလိုလူနာရှင်တွေကလည်းတယောက်ထဲရဲ့စကားကိုနားမထောင်သင့်တော့ပါဘူး။ဆိုင်လားမဆိုင်လားတော့မသိဘူး။ကျွန်မရဲ့အမြင်ကိုပြောချင်ပါတယ်။မြန်မာပြည်ကလူအများစုကဆေးကျောင်းဆိုတာကိုဂုဏ်သက္ခာအရတက်နေတဲ့လူများပါတယ်။ဒီလိုအသက်မွေးဝမ်းကျောင်းပညာဆိုတာစေတနာပါမှ။စိတ်ဝင်စားမှတက်သင့်တာပါ။ကျွန်မရဲ့သူငယ်ချင်းကဆရာဝန်လောင်းပါ။သူကအမြဲပြောတယ်။စိတ်မဝင်စားဘူ။သူတက်ချင်တာကွန်ပျူတာတဲ့။ဘာလို့မတက်တာလည်းမေးတော့အိမ်ကပေးမတက်လို့ပါတဲ့။စိတ်မဝင်စားတော့စာမလုပ်ချင်ဘူး။စာမလုပ်တော့ကျ။supply ဖြေ။ပြန်အောင်နဲ့၊သံသရာလည်နေပါတယ်။တကယ်တော့ဒါဟာလူငယ်တယောက်ရဲ့အခွင့်ရေးတင်ဆုံးရှုံးတာမဟုတ်ပါဘူး။အားလုံး နဲ့ပါဆိုင်ပါတယ်။အခုခေတ်မှာစေတနာအရကုသပေးချင်းမျိူးကအရမ်းနည်းပါးပြီးငွေကြေးကိုပိုတန်ဖိုးထားလာကြပါတယ်။ဆေးကုကောင်းပြီးတော်တဲ့ငွေမျက်နှာကိုမကြည့်တဲ့ဆရာဝန်တွေလည်းအများကြီးပါ။အမေ့အပြောအရကျွန်မကိုလူ့လောက
    ကြီးထဲခေါ်ပေးတဲ့ဆရာဝန်ကြီးဆို၈၈ကာလကအရမ်းအန္တရာယ်များတဲ့အချိန်မှာအောင်လာပြီးခွဲမွေးပေးခဲ့တာလို့သိရပါတယ်။လူနာတွေကိုကိုယ့်သွေးသားလိုတန်ဖိုးထာတဲ့ဆရာဝန်ကြီးတွေမြန်မာပြည်မှာများများပေါ်ထွန်းပါစေ။
    လူငယ်တိုင်းရွေးချယ်မှုမှန်ကန်ပါစေ။ ဒီလိုအဖြစ်မျိူးထက်မဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါတယ်…..

  • moethidasoe

    December 10, 2010 at 8:12 am

    ဝိုင်ဒီ ၁ရ ရယ် .. စာလုံးတွေကို space လေး ခြားပေးပါလား .. ဘေးထွက်သွားတာတွေ မဖတ်ရတော့ တချို့ ဘာ ဆိုလိုချင်မှန်း မသိလို့ပါ

  • onemyanmarthar

    December 10, 2010 at 12:49 pm

    ကဲ ရေးလက်စနဲ့ ဆက်ပြီးတော့ရေးလိုက်အုံးမယ်။
    original post မှာရေးထားတာကတော့ ခိုင်ရွန်းလဲ့ရည်တုံးက ရေးတဲ့လျှက်တံပြက် ဂျာနယ်လစ် ဖိုးစိုင်းအတိုင်းပေါ့လေ။ ကြားရ ဖတ်ရတာစိတ်မကောင်းစရာ ဒေါသထွက်ချင်စရာ ဆရာဝန်တွေကို အယုံအကြည်ကင်းမဲ့ သွားချင် စရာတွေပေါ့လေ။ အားလုံးကို ခြုံကြည့်ရရင် အဆိုးဘက်ကိုပဲဦးတည်နေတာပေါ့။ တစ်ချက်မှားလို့ကတော့ တစ်သက်ခါးသွား ရမယ်ဆိုတာကိုပြနေသလိုပါပဲ။ မှန်ပါတယ် ဒီလိုအဖြစ်အပျက်မျိုးဘယ်သူကကြုံချင် ကြမှာလဲ။ ဆရာဝန်တွေကော လူနာတွေဘက်ကပါရှောင်ချင်ကြပါတယ်။ ဒါပေမဲ့ ရှောင်လို့မရနိုင်တဲ့ အခြေအနေလေးတွေရှိပါတယ်။ statistic သတောတရားအနေနဲ့ပြောရရင် incidence rate (ဖြစ်ပွားနှုံးလို့ပြောမလားမသိ)။ မြန်မာပြည်မှာတော့ ဒီလို မတော်တဆ ဖြစ်မှုတွေက ဘယ်လောက်ရှိသလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။ ဘာလိုတုံးဆိုတော့ recording system ခေတ်နောက်ကျနေလို့ပါ။ စာရွက်နဲ့ ခဲတံသုံးတဲ့ အဆင့်ကနေ မတက်နိုင်သေးလို့ပါ။ ပစ္စည်းပစ္စရ (computer, network, software) တွေမရှိလို့လား။ ရှိသင့်သလောက်ရှိပါတယ် ဒါပေမယ့် ဒီ resources တွေသုံးပြီး မှန်မှန်ကန်ကန် လုပ်ပေးနိုင်တဲ့ သူ government service မှာ မရှိသလောက်ရှားပါတယ်။ အဲ့တော့ စာဖတ်သူတို့ မှန်ချင်သလိုမှန်းလို့ ရတာပေါ့ဗျာ။ ကျွန်တော့မှန်းခြေကတော့ မပိစိလို ကံကြမ္မာဆိုးနဲ့ ဆုံသွားရတဲ့ သူတွေ တစ်ထောင်မှာ တစ်ယောက်လောက်တောင ်ရှိဟန်မတူပါဘူး။ ဘာလိုတုံးဆိုတော့ဗျာ ကလေးတွေ တပြွတ်ပြွတ်နဲ့ တိုင်းနဲ့ပြည်နယ်မြိုနယ်အသီးသီးမှာ အောက်လမ်း ( normal labour)၊ အပေါ်လမ်း(Cesarean session)နဲ့မွေးနေကြတာ ဒီလိုဖြစ်တယ်ဆိုတာ ဘယ်သူဘယ်နှစ်ခါကြားမိကြပါသလဲ။ ကျွန်တော်ထင်ပါတယ် အလွန်ဆုံး တစ်ခါနှစ်ခါပေါ့။ ကျွန်တော်တောင် ဒီcaseနဲ့မှ နှစ်ခါကြားဘူးတာပါ။ ပထမတစ်ခါက ဆေးရုံမှာအလုပ်သင်ဆင်းတုံး စပြီးမွေးနေတုံးမှာ spinal anaesthesia က total ဖြစ်သွားလို့ လက်သွက်တဲ့ OG မမတောင် မလိုက်နိုင်လို့ ကလေးရောလူကြီးပါ လစ်သွားရတာ။ ပြသနာတွေကို လိုက်ပြီး လက်ညိူးထိုးကြမယ်ဆိုရင်တော့ ဒါးထမ်းဒုတ်ထမ်းနဲ့ ညင်းရမဲ့ကိန်းဆိုက်ရုံပဲ ရှိတယ်။ ဘာလိုတုံးဆိုတော့ no body is perfect ဆိုသလိုပဲလေ။ ရေးရင်းနဲ့ ပြန်ကွေမယ် ၉ဝံ လမ်းချော်နေလို့။
    ရှောင်လို့မရနိုင်တဲ့ အခြေအနေကို Risk လိုခေါ်ပါတယ်။ ဒီနေရာဒီဒေသမှာ ဒီလိုပုံစံမျိုး ဒီနှစ်မှာ ဒီလောက်ဖြစ်နေတယ်လို့ အတိအကျသင်စစ်တန်း ကောက်ထားနိုင်လို့ရှိရင် နောင် ၁ဝနှစ်လောက်ထိ ဒီမြန်မာပြည်မှာဆို ဒီလောက်ပဲဖြစ်မှာပါ။ ရှင်းလားခင်ဗျ။ Risk (ဖြစ်ပွာနှုံးတွေကို) risk factor က ဖြစ်စေပါတယ်။ ဥပမာဗျာ ရန်ကုန်နေပြည်တော်ကားလမ်းမမှာ တစ်နှစ်ကို high speed မောင်းတဲ့ကားတွေ အက်ဆီးဒန့် ဖြစ်တဲ့နှုံးက ၂၀၀၉မှာ အကြိမ် ၃ဝ ရှိပါတယ်ဆိုရင်နောင် ၂၀၁၁ မှာလဲ ၃ဝလောက်ပါပဲ။ ဖြစ်ရခြင်းအကြောင်းတွေကို ဆန်စစ်တဲ့အခါမှာ ကွန်ကရစ်လမ်းကြောင့်တာယာကွဲ ၁၅ကြိမ်၊ လမ်းမကျွမ်ကျင်မမောင်းဘူးပဲ high speed ကြောင့် ၅ကြီမ်၊ မူးယစ်ရန်းကားခြင်းကြောင့် ၅ကြိ်မ်၊ brake ချို့ယွင်းခြင်းကြောင်၅ ကြိမ်ပါ လို့ ပြောနေပြီဆိုရင် တာယာကွဲတဲ့ ကွန်ကရစ်လမ်းကိစ္စက သိသာတဲ့ Risk တစ်ခုလို့ပြောရမပေါ့ဗျာ။ ဒီလိုမဖြစ်အောင် concrete ပေါ်မှာနိုင်လွန် ကတ္တရာထပ်အုပ်လိုက်ရင် တော်တော်လျှော့သွားမယ်ပေါ့ဗျာ။ Risk factor modification လို့ဆိုမယ်ဗျ။ ပြောသာပြောနေရတယ် တကယ်တန်းလောကကြီးမှာ အဲ့လို risk factor modification ကို နေရာတကာမှာ အလွယ်တကူလုပ်လို့ ရနိုင်မယ်လို့များထင်လို့လား။ ဖြစ်စေတဲ့ risk factors တွေကို အတိအကျသိအုံးမှ၊ သိပြန်တော့လည်း ပြင်နိုင်အုံးမှ (ပြင်နိုင်တဲ့သူ၊ ငွေကြေး၊ ခွင့်ပြုမိန့်တွေ ရှိမှ)၊ တကဲ့ real situation မှာ အဖြစ်အပျက်တစ်ခုရဲ့ risk factors ဆိုတာ multi-factorial ပါ။ ရှင်းလင်းအောင် တင်ပြဖင်ဆိတ်ခံရင် ဖြစ်စေတဲ့အကြောင်းအရာတွေ အများကြီးကိုဆိုလိုတာပါ။ အားလုံးကိုတော့ ခန့်မှန်းနိုင်တယ် ဒါပေမယ် ဘယ် factor က ဘယ်လောက်ဖြစ်စေသလဲ ဆိုတာကတော့ ပြတ်သားမှုအားနည်းမယ်ပေါ့လေ။
    တိုတိုနဲ့ ပြောရရင် (လက်ညောင်းလာလို့) ဒီလိုကိစ္စ (ခွဲမွေး-ဆုံး)မျိုးတွေဖြစ်ရခြင်း Risk factors တွေရှိပါတယ်။ လူနာ၊ ဆရာဝန်ကြီး၊ ဆရာဝန်ငယ်၊ ဆေးခန်း၊ သူနာပြု၊ နေရာ၊ အချိန်……. အိုမှန်ကြည့်ရရင် အများကြီးပေါ့လေ။ ဘယ်သူက ဘယ်ဟာကိုဘယ်လိုပြင်ရမှန်းကိုမသိအောင် ရှုတ်နေမှာလေ။ အခုအချိန်မှာတော့ ကြိုက်သလောက်ဟစ် incidence rate ၃ဝဆိုရင် ၃ဝလောက်ပါပဲ။
    မြန်မာပြည်မှာပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာပဲဖြစ်ဖြစ် ဆေးကုသမှုခံမယ်ဆိုရင် riskတွေက အများ အနည်းတောကွာမယ်။ များမှန်းသိအောင်ကြိုးစားနိုင်တယ် ဆိုရင်တောင် ကျွန်တော်တို့နေနဲ့ တော်တော်ကောင်းနေပြီလို့ ဆိုရမဲ့ ခေတ်ကြီးထဲမှာ ဘယ်သူက ဘယ်လိုပြင်ပြီး၊ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာမလဲဆိုတဲ့ မျှော်လင်ချက်နဲ့ပဲ ဒီလမ်း (ကျမ်းမာရေးစောင့်ရှောက်မှု စနစ်) ကိုဆက်လျှောက်စို့လား။ ၃ဝ ဟာ ၃ဝပဲလို့ စိတ်ထဲမှာ မှတ်ထား။ မပြုပြင်နိုင်သေးတဲ့ အဆုံး ပြသနာတက်ရင်တော့ ညင်းပေကြအုံးပေါ့။ နင့်ကြောင့် သင်းကြောင့် ဟိုဒင်းကြောင့်……….
    ခေတ်စနစ်ဆိုတာ လူတွေကြောင့်ဖြစ်တာလား၊ ခေတ်စနစ်က လူတွေကိုပြုပြင်နေတာလားခင်ဗျ။ မသိလို့မေးတာပါနော်……….
    ရေးရမယ်ဆိုရင်တော့ တောမဆုံးတောင်မဆုံးပေါ့ဗျာ……..

    ခနနားပါသည်။

  • ကြယ်လေး

    December 10, 2010 at 2:18 pm

    တရားမျှတမှုနှင့် ဝန်ဆောင်မှုဆိုင်ရာ ပြဿနာများ

    ခင်မမမျိုး (၂၅၊ ၁၁၊ ၂၀၀၉)ရေးသားပါတယ်။
    ——————————————————————–
    မြန်မာစကားပုံမှာ “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား“ ဆိုတဲ့ စကားပုံ တခုရှိပါတယ်။ ဒီစကားပုံ အစပြုခဲ့သူတွေဟာ ရှေ့နေတွေလား၊ ဆေးသမားတွေလား ဆိုတာကိုတော့ အတိအကျ မည်သူမျှ ပြောနိုင်မှာ မဟုတ်ပါ။ လူတွေက ကျန်းမာရေး အခက်အခဲတွေ ဖြစ်တဲ့အခါ ဆေးပညာရှင်တွေကို အားကိုးကြပါတယ်။ တရားရေးပြဿနာတွေ ဖြစ်တဲ့အခါ ရှေ့နေတွေကို အားကိုးကြပါတယ်။ သေရေး၊ ရှင်ရေး၊ ဘဝရေး ကိစ္စတွေမို့ ဆေးသမားတွေနဲ့ ရှေ့နေတွေဆိုရင် အလွန်လေးစား အားထားကြပါတယ်။ နောက်ဆုံး တချို့ ရပ်ကွက်လေးတွေမှာဆို ဆေးရုံ၊ ဆေးခန်း မသွားနိုင်လို့ လမ်းဘေး ကွမ်းယာဆိုင်လေးကနေ ဆေးဝယ်သောက်ကြရပါတယ်။ အဲဒီအခါကျရင် ဒီကွမ်းယာရောင်းသမားလေးက သိပ်မျက်နှာရတာပဲ။ ဝေးလံခေါင်ဖျားဒေသတွေမှာ ဒေါက်တာရမ်းကုတွေ ပေါ်ထွက်နေရခြင်း၊ လုပ်စားလို့ ရနေခြင်းကလဲ ဒီသဘောပဲ ဖြစ်ပါတယ်။ လူတွေက ဆေးသမားနဲ့ ရှေ့နေတွေကို ကယ်တင်ရှင်တွေလို့ သတ်မှတ်ယူဆထားကြပါတယ်။ ဒီတော့ တခုခု အမှားအယွင်းနဲ့ သေသွားတာ၊ တစုံတရာ ဆိုးကျိုးတွေ ဖြစ်သွားတာဆိုရင်လဲ “မမှားသောရှေ့နေ၊ မသေသော ဆေးသမား“ ဆိုတာ မရှိပါဘူးလေ ဆိုပြီး ခွင့်လွှတ်လိုက်ကြတာပါပဲ။

    ဒီအတွေးအခေါ်တွေက မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတာလေးတွေပါ။ ဒီလိုနိုင်ငံတွေမှာ အစိုးရရဲ့ ကျန်းမာရေး ဝန်ဆောင်မှု အားနည်းလေ့ရှိတယ်။ ကျန်းမာရေး မကောင်းလို့ ဆေးရုံကား လှမ်းခေါ်ဖို့ မရှိဘူး။ လှမ်းခေါ်ဖို့ တယ်လီဖုန်းစတဲ့ ဆက်သွယ်ရေး ကိရိယာတွေကိုတောင် လူတိုင်း မသုံးစွဲနိုင်ဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အာမခံလုပ်ငန်းတွေ မရှိဘူး။ အရေးပေါ်လာရင် ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေရှိတဲ့ နေရာတွေကို သွားကြရတယ်။ ဒီလိုသွားတာမှာလဲ ငွေကြေးကုန်ကျစရိတ် ပြဿနာနဲ့ ရင်ဆိုင်ကြရပြန်တယ်။ ဘယ်လိုအချိန်မှာ ဘယ်နေရာ၊ ဘယ်ဒေသတွေအတွက် ဘယ်သူက တာဝန်ရှိတယ်ဆိုတဲ့ အလုပ်တာဝန် ခွဲဝေသတ်မှတ်မှုတွေ မရှိတာကြောင့် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနဲ့ ဆရာဝန်တွေဆီ ပြေးခေါ်ကြရတယ်။ တာဝန်သတ်မှတ်မှုမရှိတဲ့ အခါမှာကျတော့ လူနာဆီ လိုက်သွားမယ်၊ မလိုက်သွားဘူးဆိုတာက ဆေးပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ မူတည်သလို ဖြစ်နေတယ်။ ဒီတော့ ဆေးပညာရှင်တွေရဲ့ တန်ဖိုးနဲ့ အခန်းကဏ္ဍက အရမ်းကြီးမားသယောင် ဖြစ်နေတယ်။

    မြိုု့တွေပေါ်မှာ ဆေးရုံတွေသွားတဲ့ အခါကျတော့လဲ ပြည်သူ့ဆေးရုံတွေဆီ သွားမှာလား၊ အထူးကု ဆေးခန်းကြီးတွေဆီ သွားမှာလား ဆိုတာက ငွေကြေးနဲ့ တိုင်းတာပြီး ဆုံးဖြတ်ကြရပြန်တယ်။ ပြည်သူ့ဆေးရုံတွေမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံကုသခံရဖို့ကလဲ အခက်အခဲတွေ ရှိကြပြန်သေးတယ်။ အထူးကုဆရာဝန်ကြီးတွေ ရောက်လာပြီး လူနာတွေကို လှည့်လည်ကြည့်ရှုတယ် ဆိုပြန်တော့လဲ သူတို့တတွေ ပြန်သွားရင် သူနာပြုတွေက အထူးကု ဆရာဝန်ကြီးတွေ လှည့်လည်စစ်ဆေးခ ဆိုတာကို လိုက်တောင်းကြပြန်သေးတယ်။ တခါ အထူးကုဆရာဝန်တွေအကြားက အပြိုင်အဆိုင် ပြဿနာတွေကလဲ ရှိသေးတယ်။ သားဖွားမီးယပ်အထူးကု နှစ်ယောက်ရှိတဲ့ ပြည်သူ့ဆေးရုံတခုမှာ အိုဂျီတွေ လူနာလုပြီး ကြားထဲက လူနာတွေ ဒုက္ခရောက်တာတွေလဲ ကြုံဖူးတွေ့ဖူးတယ်။ မိခင်လောင်းတွေက မွေးဖွားချိန် ဂရုစိုက်ဖို့ အိုဂျီတွေကို သူတို့ဆေးခန်းမှာ သွားအပ်ကြရတယ်။ ခွဲမွေးမယ်ဆိုရင်လဲ မွေးဖို့ အပ်ကြတယ်။ ဆေးပညာကျင့်ဝတ်အရ မခွဲသင့်တဲ့ လူနာတွေကို ခွဲတာ ကျင့်ဝတ်နဲ့ညီလား၊ မညီလားတော့ မသိဘူး။

    ဒါပေမယ့် ဗေဒင်ဆရာက ဒီအချိန်မွေးရင် ကောင်းမယ် တွက်ချက်ပေးလို့ဆိုပြီး အဲဒီအချိန်မွေးလို့ ရမလားဆိုပြီး အိုဂျီတွေကို အခါသွားပေးတဲ့ လူနာတွေလဲ ရှိသေးရဲ့။ ငွေကြေး အပေးအယူ ကိစ္စ တည့်သွားလို့ ခွဲပေးတဲ့ အိုဂျီတွေလဲ ရှိရဲ့။ ဒီလိုနဲ့ မွေးလူနာတွေ ဆေးရုံပေါ်ရောက်လာတဲ့အခါ ဒါက ပထမအိုဂျီ လူ၊ ဒါက ဒုတိယအိုဂျီလူနဲ့ ဖြစ်နေတော့တယ်။ ဆေးရုံရောက်လာရင်လဲ သူနာပြုတွေက ရိုးရိုးရောက်လာတဲ့ မွေးလူနာလား၊ ဘယ်မမ အိုဂျီရဲ့ မွေးလူနာလား ဆိုတာတွေ မေးကြရတယ်။ ဂျူနီယာဒေါက်တာလေးတွေ၊ ဆေးကျောင်းသားလေးတွေ၊ သားဖွားသင်တန်းသူတွေများ မမအိုဂျီရဲ့ လူနာတွေကို သွားမကိုင်လိုက်လေနဲ့။ မီးပွင့်တွေ တောက်သွားနိုင်တယ်။ တကယ်ဖြစ်သင့်တာက သားဖွားရ လွယ်ကူသူတွေဆို သားဖွားဆရာမတွေက မွေးလိုက်ပြီး၊ တကယ်ခက်ခဲပြီး လိုအပ်တဲ့ ကေ့စ်တွေကိုမှ အထူးကုတွေက ကိုင်သင့်တယ် မဟုတ်လား။ ဒါပေမယ့် မြန်မာပြည်က မြို့ကြီး ဆေးရုံတွေမှာကတော့ အဲလိုပဲ ဖြစ်နေကြတယ်။ တခါတလေ အပ်ထားတဲ့ အိုဂျီက ပိုက်ဆံပိုရတဲ့ အထူးကုဆေးခန်းက လူနာကို ဦးစားပေးလိုက်လို့၊ ဒီဘက်ဆေးရုံမှာကလဲ ဆရာဝန်ငယ်လေးတွေက မမအိုဂျီလူနာကို မကိုင်ရဲလို့နဲ့ ပြဿနာတက်နေကြတာတွေလဲ ရှိသေးတယ်။

    ဒီကြားထဲ “ကြက်တူရွေးတော်တော်၊ မယ်ဘော်က ခပ်ကဲကဲ“ ဖြစ်နေတာတွေကလဲ ရှိတတ်တယ်။ “ကျွန်မသားလေးက၊ သမီးလေးက ဘယ်အိုဂျီနဲ့ မွေးတာလေ“ ဆိုပြီး အပြိုင်အဆိုင်လုပ်ကြတာ။ ဒီအထဲမှာ ကျွန်မ မိဘတွေလဲ ပါပါတယ်။ ကျွန်မအမေကဆို “သမီးလေးကို မွေးတုန်းကလေ မမအိုဂျီ——က မွေးပေးတာ။ သူက အင်္ဂလန်ပြန်လေ။ အမ်အာစီအိုဂျီ———“ ဆိုတာမျိုးတွေ လာပြောတတ်တာကလား။ ငယ်တုန်းကတော့ ဒီလိုပဲ နားထောင်တာပေါ့။ ကြီးလာတော့ ပြန်မေးမိလာတယ်။ “သမီးကိုမွေးတုန်းက normal delivery ပဲ မဟုတ်လား အမေ။ အိုဂျီနဲ့ မွေးမွေး၊ အရပ်တည်းက သားဖွားဆရာမနဲ့ပဲ မွေးမွေး၊ ဘယ်သူကပဲ မွေးပေးပေး သမီးလူ့လောကထဲ ရောက်လာအောင် ကူညီပေးခဲ့သူတယောက်ရဲ့ တန်ဖိုးက တူတူပဲ။ လူသားတယောက် ဖြစ်တည်လာမှုနဲ့ အဲဒီလူသားတယောက်ရဲ့ အနာဂတ်ကို ဘယ်သူမွေးပေးတယ်ဆိုတာက အဆုံးအဖြတ် ပေးနိုင်သလား“ ဆိုတဲ့ မေးခွန်းကို ဒုတိယနှစ်ဆေးကျောင်းသူ ဘဝမှာ ကျွန်မမေမေ့ကို ပြန်မေးဖြစ်ခဲ့တယ်။

    ဒီအချိန်ကာလတွေမှာတုန်းက “ဘယ်သူလုပ်တယ် လုပ်တာထက် အလုပ်ပြီးမြောက်မှုက အဓိက ကျတယ်ဆိုတာ၊ ဘယ်သူပြောတယ် ဆိုတာထက် ပြောတဲ့ စကားက အဓိက ကျတယ်“ ဆိုတဲ့ ဒဿနကို ကျွန်မသိတတ် နားလည်နေခဲ့ပြီ။ စကားတခွန်းရဲ့ မှန်ကန်မှုကို လေ့လာသုံးသပ်ရာမှာ ဘယ်သူပြောတယ် ဆိုတာထက် ဒီစကားထဲက မှန်ကန်တဲ့ အချက်အလက် ဘယ်လောက်ပါမယ်၊ ခံစားချက်နဲ့ ပြောတာက ဘယ်လောက်ပါမယ်၊ သုံးသပ်ချက်က ဘယ်လောက်ပါမယ်၊ ရပ်တည်တဲ့ standpoint ၊ ဘက်လိုက်မှုရှိမရှိ ဆိုတာလေးတွေကို စဉ်းစားဖို့ အရင်သင့်တယ်။ ဆရာဝန်တွေ၊ ပါမောက္ခတွေ၊ ပညာတတ်တွေ ပြောတိုင်းလဲ အမြဲ မမှန်နိုင်သလို တောင်းရမ်းစားသောက်နေရသူတွေ၊ ပညာမဲ့တွေက ပြောတာကို မမှန်နိုင်ဘူးလို့လဲ သုံးသပ်လို့ မရဘူး။ အရေးကြီးတာက မျှမျှတတ သုံးသပ်နိုင်ဖို့ပဲ။ ဒါကြောင့် တရားမျှတမှုဆိုတဲ့ စကားလုံးက လူ့လောကထဲမှာ ပေါ်ထွက်လာတာပဲ ဖြစ်တယ်။ အာဏာ၊ ပညာ၊ ဥစ္စာပစ္စည်းရှိသူတွေနဲ့ အာဏာမဲ့၊ ပညာမဲ့၊ ပစ္စည်းမဲ့တွေအကြားမှာ ပြဿနာတွေ ဖြစ်လာတဲ့အခါ မှန်ကန်တဲ့ တရားစီရင်ရေး စနစ် ဟာ အလွန်ပဲအရေးကြီးလှတယ်။ ကွာဟမှုတွေမှာ အသာစီးရသူတွေက အနိုင်မပိုင်းနိုင်ဖို့ တရားမျှတမှုနဲ့ စနစ်ကသာ ထိန်းချုပ်ပေးနိုင်မှာ ဖြစ်တယ်။

    ဒီလိုတရားမျှတမှုနဲ့ ထိန်းချုပ်ပေးနိုင်တဲ့ စနစ်တွေ ရှိလာဖို့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ဝန်ဆောင်မှု ဆိုတဲ့ စကားလုံးရဲ့ အခန်းကဏ္ဍကို တိုးမြှင့်လာကြတယ်။ ဥပမာ- ဆေးပညာရှင်တွေဆီမှာ ဆိုရင်လဲ မသေသော ဆေးသမားလို့ မျက်စိမှိတ်ကြွေးကြော်နေလို့ မရဘူး။ သူ့ရဲ့ အမှားကြောင့် မသေသင့်ပဲ သေတာဆိုရင် သူ့မှာ တာဝန်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးပညာရှင်တွေနဲ့ လူနာအကြားမှာ ကျန်းမာရေးဝန်ဆောင်မှုဆိုတာ ရှိတဲ့အတွက်ပဲ ဖြစ်တယ်။ ဆေးပညာရှင်တွေဟာ ပြည်သူ့ဆေးရုံတွေမှာဆိုရင် အစိုးရဆီက လခ ယူထားတယ်။ အထူးကုဆေးရုံတွေမှာဆိုရင် အထူးကုဆေးရုံတွေက သတ်မှတ်တဲ့ ဈေးနှုန်းထဲကနေ ဝေစုကော်မရှင်ပြန်ယူထားတယ်။ ဝန်ဆောင်မှု ပေးရမယ့် လူနာတွေက ပြည်သူ့ကျန်းမာရေးဘတ်ဂျက်အတွက် အစိုးရကို အခွန်ဆောင်ထားတယ်။ အထူးကုဆေးရုံမှာဆိုရင်လဲ ကျသင့်တဲ့ ငွေကို ရှင်းရတယ်။ ဒါကြောင့် ထိုက်တန်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုကို သူတို့မှာ တောင်းဆိုပိုင်ခွင့် ရှိတယ်။ အမှားအယွင်းဖြစ်လာရင် လုပ်ထုံးလုပ်နည်း နည်းလမ်းတွေအတိုင်း တိုင်တန်းအရေးယူစေမှု ပြုလုပ်ပိုင်ခွင့် ရှိတယ်။

    ဒီလိုပဲ။ ပါမောက္ခနဲ့ ကျောင်းသားတွေမှာလဲ ပါမောက္ခက ကျောင်းသားတွေကို ပညာရေးဝန်ဆောင်မှုပေးဖို့ တက္ကသိုလ်ကနေ လစာယူထားတယ်။ ကျောင်းသားတွေက ပညာရေးဝန်ဆောင်မှုအတွက် တက္ကသိုလ်ကို ဝန်ဆောင်ခ ပေးထားတယ်။ ဆရာတွေဘက်က လိုက်နာရမယ့် စည်းမျဉ်းတွေနဲ့ ကျောင်းသားတွေဘက်က လိုက်နာရမယ့် စည်းမျဉ်းတွေကို တက္ကသိုလ်က ချမှတ်ထားတယ်။ ကျောင်းသားက စည်းမျဉ်းတွေကို ဖောက်ရင် လုပ်ထုံးလုပ်နည်းအရ အရေးယူရမယ်။ ဆရာဘက်က ဖောက်ဖျက်ရင်လဲ ကျောင်းသားက complaint တက်ရမယ်။ ဆရာမို့ ရိုသေလေးစားပါတယ်တွေ ဘာတွေနဲ့ တွေးခေါ်စရာ မလိုအပ်ဘူး။ တဦးနဲ့ တဦးပတ်သက်မှုဟာ အပေးအယူအနေနဲ့ ပတ်သက်မှုပဲ ဖြစ်တယ်။ ဒီလိုပဲ။ တခြားသက်ဆိုင်ရာ ရုံးဌာနတွေမှာလဲ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုကို ဝန်ဆောင်မှု ပေးရတာဖြစ်တယ်။ ပြည်သူလူထုဘက်ကနေလဲ ဒီလိုပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်ခ လစာတွေအတွက် အခွန်ပေးဆောင်မှုတွေ ရှိတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးမှာ တဘက်တလမ်း ပါဝင်ဆောင်ရွက်ထားမှုတွေ ရှိတယ်။ ဝန်ထမ်းတွေဘက်ကလဲ ပြည်သူလူထုကို ဝန်ဆောင်ပေးဖို့ လုပ်ခလစာတွေ ယူထားတယ်။ ဒီအတွက် ဝန်ဆောင်မှု မလွဲမသွေ ပေးရမယ်။ ဒီလိုပဲ။ ရဲတပ်ဖွဲ့ဆိုရင်လဲ ဒီအတိုင်းပဲ။ တရားဥပဒေစိုးမိုးရေး တာဝန်ယူထားတယ်။ ဒီအတွက် ဒီဝန်ဆောင်မှုကို တာဝန်ကျေပြွန်ရမယ်။ ဆရာဝန်မို့ ဆေးပညာ တတ်တယ်ဆိုပြီး ပြည်သူကို မတရားလုပ်ခွင့် မရှိစေရဘူး။ အစိုးရခေါင်းဆောင်မို့ ဥပဒေမဲ့ လုပ်ခွင့်မရှိစေရဘူး။ ဝန်ထမ်းမို့၊ အရာရှိမို့ဆိုပြီး အာဏာပြမှု မရှိစေရဘူး။ ရှေ့နေမို့ဆိုပြီး အမှုသည်ကို လိမ်ညာအကျိုးယုတ်စေမှု မရှိစေရဘူး။ တရားသူကြီးမို့ဆိုပြီး မမှန်မကန် အမိန့်ချလို့မရဘူး။ ဒီလိုတွေ လုပ်လာရင်လဲ ပြည်သူလူထုမှာ မတရားမှုကို ခေါင်းငုံ့မခံပဲ ကိုင်စွဲထားနိုင်တဲ့ တရားမျှတမှုဆိုင်ရာ လုပ်နည်း လုပ်ဟန်တွေ ရှိရမယ်။ ဒါဟာ တိုးတက်တဲ့ နိုင်ငံတွေမှာ ထွက်ပေါ်နေတဲ့ တရားမျှတမှုနဲ့ ဝန်ဆောင်မှုဆိုင်ရာ သဘောတရားတွေပဲ ဖြစ်ပါတယ်။

    ကျွန်မတို့ မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုဆိုင်ရာ သဘောတရားတွေ ပြောင်းပြန်ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေသရွေ့ ပြဿနာတွေဟာ တက်နေဦးမှာပဲ ဖြစ်တယ်။ နိုင်ငံတော်ကာကွယ်ရေး ဝန်ဆောင်မှုကို ပြည်သူလူထုထံ ပေးရမယ့် တပ်မတော်က နိုင်ငံတော်အာဏာကို ယူထားတယ်။ ဝန်ဆောင်မှု ပေးရမယ့်သူတွေက အုပ်ချုပ်သူတွေ ဆိုပြီး ဥပဒေအထက်မှာ နေကြတယ်။ မတရားမှုတွေ ပြုလုပ်ကြတယ်။ စစ်အရာရှိဦးထုပ်ကို ကားပေါ် တင်ထားရင် မီးပွိုင့်နီဖြတ်မောင်းလဲ မော်တော်ပီကယ်က မတားရဲဘူး။ ဘယ်လောက်အခြေအနေဆိုးနေပြီလဲ ဆိုရင် စစ်ဗိုလ်ကို လူမိုက်ငှားတဲ့ အဆင့်အထိ ရောက်နေပြီဖြစ်တယ်။ စီးပွားရေးအရ စာချုပ်ချုပ်ရင် သက်သေဆိုပြီး စစ်ဗိုလ်တွေ ခေါ်လာကြတာတွေ ရှိသေးတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေကို အာဏာရှင်နဲ့ နီးစပ်သူတွေကသာ လက်ဝါးကြီး အုပ်ထားကြတယ်။ ရာဇဝတ်မှုတွေမှာတောင် ပါဝင်ပတ်သက်သူတွေဟာ အာဏာရှင်နဲ့ နီးစပ်ပတ်သက်ရင် ဥပဒေဘက်တော် သား တွေက စကားတောင်မဟရဲကြဘူး။

    တရားဥပဒေစိုးမိုးရေး ဝန်ဆောင်ပေးရတဲ့ ပြည်သူ့ရဲတွေ၊ တရားရုံးတွေကလဲ ဒီအတိုင်းပဲ။ ကိုလိုနီခေတ်တုန်းကလဲ ပုလိပ်အဖွဲ့ကို ဆိုရင် ပလိပ်ရောဂါဆိုးနဲ့တောင် နှိုင်းယှဉ်ကြတယ်။ “ရုံးရောက်၊ ဂတ်ရောက် မဖြစ်ချင်ဘူး“ ဆိုတဲ့ စကားတွေက အဲဒီခေတ်ကတည်းက ပေါ်ထွက်လာတာတွေ ဖြစ်တယ်။ ဒါပေမယ့် ကိုယ့်မင်းကိုယ်ချင်းခေတ် ရောက်တော့လဲ ဒါတွေက မပျောက်သွားဘူး။ တကယ်ကတော့ ရုံးတွေ၊ ဂတ်တွေဟာ ပြည်သူတွေကို အမှန်တကယ် ဝန်ဆောင်မှု ပေးနေရင်၊ တရားမျှတမှု ဆောင်ကျဉ်းပေးနေရင် အမှန်တရားကို လက်ကိုင်ပြုထားသူတွေအတွက် ကြောက်စရာ လန့်စရာ မဟုတ်ဘူး။ အမှန်တရားအတွက် ရင်ဆိုင်ရဲရမှာပဲ ဖြစ်တယ်။ ရဲတွေ၊ စစ်တပ်တွေတင်မကပဲ ပြည်သူ့ဝန်ထမ်းလောကမှာကလဲ ပြဿနာက အဖုံဖုံ ဖြစ်နေပြန်တယ်။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူလူထုကို သက်ဆိုင်တဲ့ ဝန်ဆောင်မှုကို ပေးဖို့ တာဝန်ရှိသူတွေဖြစ်တယ်။ အိုးအိမ်ငှာနက အမှန်တကယ် လိုအပ်နေသူတွေဆီ အိုးအိမ်တွေ ရောက်သွားအောင် စီမံပေးရမယ်။ အခွန်ရုံးက မှန်ကန်တဲ့ အခွန်နှုန်းထားတွက်ချက်မှုကို လူထုဆီ ပံ့ပိုးပေးရမယ်။ ရပ်ကွက်ကောင်စီ၊ မြို့နယ်ကောင်စီ တွေက သတ်မှတ်ထားတဲ့ ဝန်ဆောင်မှုတွေကို စနစ်တကျ ထမ်းဆောင်ရမယ်။ လူထုက တလေးတစားဆက်ဆံရမယ်။ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူဆိုတာ ရပ်ရွာလူကြီးဆိုပြီး ရပ်ရွာက ကိုးကွယ်ထားရမယ့် လူမဟုတ်ဘူး။ ရပ်ကွက်နဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးကို တာဝန်ထမ်းဆောင်ရမယ့် သူတွေသာဖြစ်တယ်။ ရုံးတွေသွားရင် ပြည်သူလူထုက ဝန်ထမ်းတွေကို ကြောက်ရွံ့ရိုသေပြနေစရာ မလိုအပ်ဘူး။ နိုင်ငံသူနိုင်ငံသား တွေဖြစ်တဲ့အတွက် ခံစားထိုက်တဲ့ နိုင်ငံသားအခွင့်အရေးကို ခံစားခွင့်ရှိတယ်။ ဝန်ဆောင်မှုကို တောင်းဆိုပိုင်ခွင့်ရှိတယ်။ ဒါပေမယ့်လဲ ခက်တာကတော့ မြန်မာနိုင်ငံမှာ ဒါတွေက ပြောင်းပြန်ဖြစ်နေတယ်။ ဝန်ဆောင်မှုပေးရမယ့် လူတွေကို ဝန်ဆောင်မှု ရပိုင်ခွင့် ရှိသူတွေက “ဆရာရယ်။ ဒါလေးပြီးအောင် လုပ်ပေးပါနော်။ ဒါက ဆရာ့အတွက် လက်ဘရည်ဖိုး“ ဆိုပြီး တောင်းတောင်းပန်ပန် ပြောနေကြရပြန်တယ်။

    စည်ပင်သာယာကိစ္စတွေလဲ ဒီအတိုင်းပဲ။ အမှန်က သက်ဆိုင်ရာ ဌာနတွေက ဒါအတွက် အခွန်ကောက်ပြီးရင် စည်ပင်ကလဲ သူတို့လုပ်ရမယ့် တာဝန်ကို ကျေပွန်အောင် လုပ်ဖို့ပဲ ရှိတယ်။ ဒီအထဲမှာမှ တာဝန်မကျေပဲ အမှိုက်ပုံတွေ ဖြစ်လာရင် စည်ပင်က လူတွေကို လက်ဖက်ရည်ဖိုးပေးပြီး ခေါ်ရှင်းခိုင်းရတယ် ဆိုတာကလဲ ရှိသေးတယ်။ စည်ပင်ဘက်ကလဲ လူတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်အောင် ပညာပေးရမယ်။ ပညာပေးလို့မှ မလိုက်နာရင် အရေးယူရမယ်။ ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်ရမယ်။ နောက်ဆုံး မဆီမဆိုင် ကိုယ်ထူကိုယ်ထ စနစ်ဆိုပြီး အမှိုက်သန့်ရှင်းရေး ပွဲတွေ လုပ်တာက ရှိသေးတယ်။ မရှုပ်တဲ့ အလုပ်ကို အလကားနေရင်း ရှုပ်နေကြတယ်။ တကယ်က သူ့တာဝန်၊ ကိုယ့်တာဝန် ကျေပြီးရင် အပိုအလုပ်တွေ ဘာမှ လုပ်စရာ မလိုအပ်ဘူး။

    ဒီလိုပဲ။ ကျောင်းဆရာ၊ ဆရာမဆိုတာကလဲ သူရဲ့ သက်ဆိုင်ရာ ကျောင်းမှာ ကျောင်းသားတွေကို ပညာရေး ဝန်ဆောင်မှု အပြည့်အဝ ပေးရမယ်။ ဒါဟာ တာဝန်တရပ်သာ ဖြစ်တယ်။ ကျောင်းမှာ ပညာရေး ဝန်ဆောင်မှု အပြည့်အဝပေးပြီး ပြင်ပအချိန်မှာ ကျူရှင်သင်တာမျိုးက မြန်မာပြည်ရဲ့ စားဝတ်နေရေး အခြေအနေအရ လက်ခံပေးလို့ ရပေမယ့် ကျောင်းမှာ စာကောင်းကောင်း မသင်ပဲ ကျူရှင်မှာမှ ကောင်းကောင်းသင်တာတွေ၊ ကျူရှင်မတက်တဲ့ ကျောင်းသားကို အတန်းထဲမှာ ငြိုငြင်တာတွေ၊ ကျူရှင်မှာ မေးခွန်းကြိုထုတ် ပေးတာကကျတော့ ကျောင်းမှာ ယူထားတဲ့ တာဝန်မကျေတာပဲဖြစ်တယ်။ ဆရာကောင်းတာတွေ၊ မကောင်းတာတွေ၊ ကျင့်ဝတ်တွေကို ပြောနေတာ မဟုတ်ဘူး။ တာဝန်ယူမှုနဲ့ တာဝန်ကျေပွန်မှုကို ဆိုလိုနေတာပဲ ဖြစ်တယ်။ ဒီလခလောက်နဲ့ လောက်မှ မလောက်တာ လို့ ပြောစရာရှိတယ်။ မြန်မာပြည်ရဲ့ စီးပွားရေး အခြေအနေအရ ဒါက အမှန်တရားပဲ။ ဒီလိုဆို ဒီလခနဲ့ အလုပ်ကို မလုပ်ပဲ ပြင်ပမှာ ကျူရှင်သင်စားလို့လဲ ဖြစ်နိုင်တာပဲ။ ဒီအလုပ်ကို လက်ခံပြီး လုပ်တယ်ဆိုရင်တော့ ဒီအလုပ်ရဲ့ တာဝန်ကို ကျေပြွန်ရမှာပဲ ဖြစ်တယ်။ ကျွန်မတို့ မြန်မာပြည်မှာက ဒီလိုဝန်ဆောင်မှု သဘောတရားတွေက ပြောင်းပြန်ဖြစ်နေတယ်။ ဆရာသမားဆိုတော့ မှားတာတွေ လုပ်နေမှန်းသိတဲ့ မိဘတွေကလဲ မပြောရဲကြဘူး။ ကျောင်းသားတွေကလဲ မဝေဖန်ရဲကြဘူး။ အမှန်ကတော့ ဒီကျောင်းကပေးတဲ့ ဝန်ဆောင်မှုကို လာယူတာဖြစ်တဲ့အတွက် ကျောင်းက ပေးအပ်မယ်ဆိုတဲ့ ဝန်ဆောင်မှု အပြည့်အဝ မရရင် complaint တက်ပိုင်ခွင့် ရှိကိုရှိတယ်။

    တက္ကသိုလ်၊ ကောလိပ်မှာလဲ ဒီအတိုင်းပဲ။ ကျွန်မတို့ လက်ထက်မှာတုန်းက ဗြောင်ကြီးကို ကျူရှင်မှာ မေးခွန်းတွေ အောက်ပေး၊ အဖြေတွေ အောက်ပေး၊ စာမေးပွဲနီးလာတော့ အုပ်စုလေးတွေ ဖွဲ့ပြီး ရွှေဆွဲကြိုးကန်တော့ခိုင်းတဲ့ ဆရာမတွေပါ တွေ့ဖူးတယ်။ ရွှေဆွဲကြိုးတောင် ဘယ်ဆိုင်က ဆွဲကြိုးမှ ဆိုတာကလဲ ပါသေးတယ်။ ဒီကိစ္စ မေမေ့ကို ပြန်ပြောတော့ “ထားလိုက်ပါ သမီးရယ်။ ဆရာဆိုတာ မပြစ်မှားကောင်းဘူး“ တဲ့။ ကျွန်မက ဆရာဆိုတာကို ပြစ်မှားတာ မဟုတ်ဘူး။ ဆရာဆိုတာနဲ့ပဲ သူ့လုပ်ရပ်မှန်သမျှ မှန်တယ်လို့ ထောက်ခံနေစရာ မလိုအပ်ဘူး။ သူပြောသမျှ အမှန်တွေလို့ ခေါင်းညိတ်နေစရာ မလိုအပ်ဘူး။ ဒီကျောင်းကို သွားတက်မှုမှာ ကျွန်မဘက်က အချိန်၊ အားထုတ်မှုနဲ့ ငွေကုန်တယ်။ ဒါက ကျွန်မလိုချင်တဲ့ ပညာရေး ဝန်ဆောင်မှုကို ရဖို့ဖြစ်တယ်။ ပညာဆိုတာကို တတ်ဖို့ဖြစ်တယ်။ စာမေးပွဲ အောင်ဖို့ မဟုတ်ဘူး။ ဒီအတွက် ကျွန်မနဲ့ ကျောင်းနဲ့အကြားမှာ ပညာဝန်ဆောင်မှု အပေးအယူ contract ရှိတယ်။ ကျောင်းက ဒီလိုဝန်ဆောင်မှုပေးမယ်ဆိုပြီး ကျွန်မဆီက ငွေယူထားတယ်။ အချိန်တောင်းထားတယ်။ ဒီငွေတွေရယ်၊ နိုင်ငံတော်က ချမှတ်ထားတဲ့ ပညာရေးဘတ်ဂျက်ရယ်ကနေ ကျောင်းလည်ပတ်တယ်။ ဆရာတွေကို ပညာရေးဝန်ဆောင်မှုပေးရမယ်ဆိုပြီး နိုင်ငံတော်နဲ့ ကျောင်းက ခန့်ထားတယ်။ ဒီတော့ ဆရာတွေကလဲ လိုအပ်တဲ့ တာဝန်ကျေပြွန်မှု ရှိရမယ်။ ဒါကို ကျွန်မမိခင်ကို ကျွန်မပြန်ပြောဖြစ်ခဲ့တယ်။

    ဆေးပညာရှင်နဲ့ လူနာအကြားမှာကလဲ ဒီအတိုင်းပဲ ဖြစ်တယ်။ ဝန်ဆောင်မှုဆိုင်ရာ သဘောတရားတွေက ပြောင်းပြန်ဖြစ်နေတယ်။ အမှန်က ကျန်းမာရေးအခွင့်အလမ်းဆိုတာ လူတိုင်း ခံစားခွင့်ရှိတဲ့ မွေးရာပါ အခွင့်အလမ်းပဲဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတော်က ကျန်းမာရေး ဝန်ဆောင်မှုကို အပြည့်အဝ မပေးနိုင်ဘူး။ နိုင်ငံတွေမှာ လူထုက အစိုးရကို အခွန်ပေးပြီး အခွန်ငွေကနေ ကျန်းမာရေးဘတ်ဂျက်ချပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြုတာတွေတို့၊ ကျန်းမာရေးအာမခံလုပ်ငန်းတွေကို လူတွေက ပိုက်ဆံပေးရပြီး ကျန်းမာရေးမကောင်းတဲ့အခါ ကုန်ကျစရိတ်ကို အာမခံလုပ်ငန်းတွေက ပြန်ပေးတာတို့ ဆိုပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆေးပညာရှင်တွေနဲ့ ဆေးကုသခံသူတွေအကြားမှာ ကျန်းမာရေး ဝန်ဆောင်မှု contract ရှိတယ်။ လူတွေသေတိုင်းလဲ ဆေးပညာရှင် အမှားလို့ ပြောလို့ မရနိုင်သလို၊ လူတွေ ရှင်သွားတိုင်းလဲ ဆေးပညာရှင်က အသက်ကယ်တာလို့ချည်းပဲ ပြောနေလို့မရဘူး။ ကျွန်မအမေမှာ သူကျင်လည်ခဲ့ရတဲ့ အသိုင်းအဝိုင်းကြောင့် တခါတရံမှာ ကြက်တူရွေးကတော်တော် မယ်ဘော်ကဲကဲ ကိစ္စလေးတွေ ရှိပေမယ့် ကျွန်မ နှစ်သက်တဲ့ အကျင့်လေးတွေ တချို့လဲ ရှိတယ်။ အဲဒါကတော့ ညသန်းခေါင်အချိန်တွေမှ မြို့အနီးတဝိုက်က ရွာတွေကနေ လူနာလာခေါ်ရင်လဲ အဝတ်ကောက်လဲပြီး လိုက်တတ်တဲ့အကျင့်၊ သူအင်မတန် နှစ်သက်တဲ့ ဒေါက်မြင့်ဖိနပ်လေးတွေ စီးလို့ မရလို့ ဖိနပ်ကိုင်ပြီးသွားရလဲ လူနာအတွက်ဆိုရင် ဖိနပ်ကိုင်ပြီး ခြေဖဝါးချည်းသွားရလဲ သွားတဲ့အကျင့်နဲ့ သူ့ကိုယ်သူ ကျေးဇူးရှင်အဖြစ် မသတ်မှတ်တတ်တဲ့ အကျင့်ပဲ။ ဆရာဝန်တယောက်အနေနဲ့ သူလုပ်သင့်တယ်လို့ ထင်တာကို ဘာမျှော်ကိုးမှုမှမရှိပဲ သူလုပ်ပေးတာဖြစ်တယ်လို့ သူအမြဲတမ်း ပြောလေ့ရှိတယ်။ မှတ်မှတ်ရရ ရွာတရွာက လူနာမိသားစုက အသက်သခင် ကျေးဇူးရှင်ပါဆိုပြီး ငှက်ပျောခိုင်ကြီး တခိုင်ကိုချ၊ ဆန်လေးပြည်လောက် အိတ်လေးဆွဲပြီး လာကန်တော့တယ် ဆိုတုန်းက ပြန်ပြောတဲ့စကား။ “ကျွန်မတို့ ဆရာဝန်တွေကို အသက်သခင်ကျေးဇူးရှင်တွေလို့ သတ်မှတ်လို့ မရဘူးလေ။ အဲလိုသာ သတ်မှတ်စတမ်းဆို ဆေးရုံမှာ သေတဲ့ လူနာတောင် ရှိပါဦးမလား။ လူနာရဲ့ကံရယ်၊ အချိန်မှီလာခေါ်ပေးတဲ့ ဦးလေးတို့ မိသားစုရယ်၊ ကျွန်မရဲ့ ဆေးပညာအတတ်ရယ် ပေါင်းစပ်သွားလို့ပါ။ ဒေါ်ဒေါ် ကျွန်မကို ကျေးဇူးတင်မနေနဲ့။ မိသားစုကို ကျေးဇူးတင်“ တဲ့။ ကျွန်မမှာ ကျွန်မအမေကို တစိမ့်စိမ့် ကြည့်ပြီး ချစ်လိုက်ရတာ မပြောပါနဲ့တော့။ သူအမှန်ကို ဆိုတယ်လေ။ ကျေးဇူးရှင်ဖြစ်ရ နည်းလား ဆိုပြီး ကျေးဇူးမတင်တင်အောင် ထိုင်ပြောနေတာမှ မဟုတ်တာပဲ။

    ကျွန်မအဖေနဲ့ကျတော့ ဒီလိုကိစ္စနဲ့ပဲ ပတ်သက်ပြီး စိတ်အခန့်မသင့် ဖြစ်ကြရဖူးတယ်။ ဆေးပညာ ကိစ္စနဲ့တော့ မဟုတ်ဘူး။ ဒီကျေးဇူးရှင် ဆိုတဲ့ ကိစ္စနဲ့။ တရက်တော့ ကျွန်မက အဖေ့ဆီ သွားတွေ့ဖြစ်တယ်။ အဲဒီမှာ လူတစုက သူ့ကို ကန်တော့နေကြတယ်။ ကျွန်မအရွယ်ကောင်မလေး တယောက်က ဘဘလို့ ခေါ်လို့။ မဆီမဆိုင် လက်အောက်မှာ တကယ်အလုပ်လုပ်သူလဲ မဟုတ်ပဲ တကယ် အလုပ်လုပ်နေသူရဲ့ ဇနီးကလဲ “ကျွန်မတို့ဆီမှာ အစ်ကိုကြီးရဲ့ ကျေးဇူးတွေက အများကြီးပါ“ ဆိုပြီး အပေါ်ယံက သကာရည်လောင်း၊ စိတ်ထဲက မပါတဲ့ မျက်နှာကြီးနဲ့ အပြောကောင်းလို့။ အဖေကလဲ မိန့်မိန့်ကြီး ထိုင်လို့။ ကျေးဇူးရှင်ကြီးအဖြစ် ဩဝါဒတွေ ခြွေနေလိုက်တာ။ တယောက်က တယောက်ထက် ရာထူးပိုကြီးတာ၊ အရင်စောမွေးလို့ လုပ်ငန်းအတွေ့အကြုံများတာနဲ့ပဲ ကိုယ့်အရည်အချင်းနဲ့ ကိုယ် သက်ဆိုင်တဲ့ အလုပ်လုပ်နေတဲ့အပေါ်မှာ သွားကန်တော့နေစရာ လိုအပ်သလား။ “အသက်တရက်တမနက် ကြီးလို့ ကန်တော့ရမယ်“ လို့ တွင်တွင်ကြီး လူကြားကောင်းအောင် ပြောနေသူတွေက လမ်းဘေးမှာ တောင်းစားနေတဲ့ အဖိုးအိုကြီးတွေ၊ သချင်္ိုင်းက သုဘရာဇာအိုကြီးတွေကို ဘယ်နှစ်ခေါက်များ သွားထိုင်ကန်တော့ကြဖူးလဲ။ အသက်ကြီးရင် ကန်တော့ရမယ် ဆိုတာက ကိုယ့်အတွက် အကျိုးကျေးဇူးပြုပေးနေတဲ့ အသက်ကြီးသူတွေအတွက်ပဲလား။ ဒါဆိုလဲ အသက်ကြီးလို့ ကန်တော့တာ မဟုတ်ပဲ ကိုယ့်အတွက် အကျိုးပြုနေလို့ ကန်တော့တယ်လို့ ပွင့်ပွင့်လင်းလင်း ဆိုလိုက်ရင် ဘာဖြစ်သွားမှာလဲ။ ဒီနေရာမှာ ကန်တော့ခံသူကလဲ စဉ်းစားစရာရှိတာက ကိုယ်က ကိုယ့်လုပ်သက်နဲ့ကိုယ် အတွေ့အကြုံနဲ့ အဆက်အသွယ်နဲ့ စီမံခန့်ခွဲရေးရာထူးရနေလို့ ဒီရာထူးနဲ့ ဆိုင်တဲ့ တာဝန်ကို လုပ်နေတာ၊ ကိုယ်စီမံခန့်ခွဲနေရသူတွေကလဲ သူတို့ရဲ့ အရည်အချင်းနဲ့ အလုပ်အကိုင်နဲ့ ဆိုင်တဲ့ တာဝန်ကို ထမ်းဆောင်နေတာ။ ဘာဆိုင်လို့ ရာထူးကြီးတာနဲ့ အကန်တော့ခံပြီး ကျေးဇူးရှင် သတ်မှတ်ခံချင် နေကြရတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်ခေတ်ဘယ်အခါက စခဲ့မှန်းမသိတဲ့ ဒီထုံးတမ်းစဉ်လာကြီးကတော့ မြန်မာတွေဆီမှာ အရိုးကို စွဲလို့။ နောက်ဆုံး နဝတ၊ နအဖ ခေါင်းဆောင်တွေတောင် ဘယ်သွားသွား ဘယ်လာလာ အကန်တော့ ခံပွဲတွေ လုပ်ကုန်ကြပါရောလား။

    ကိုယ့်ဟာကို လေးစားစရာတွေ့လို့ ကန်တော့ချင်လွန်းလို့ ကန်တော့တာ၊ ကျေးဇူးရှင်သတ်မှတ်တာတွေကို မလုပ်သင့်ဘူးလို့ ဆိုလိုနေတာမဟုတ်ပါ။ စိတ်ထဲက မပါပဲ အစဉ်အလာအရ လုပ်နေကြတာတွေကတော့ ကြာလာရင် လူ့အဖွဲ့အစည်းအတွက် ကောင်းလှတာတော့ မဟုတ်။ အကျိုးလိုလို့ ညောင်ရေလောင်းတာတွေ သိပ်များလာပြီး၊ ရာထူးတက်လမ်းအခွင့်အလမ်းတွေဟာ အရည်အချင်းပေါ် မူတည်တာ မဟုတ်ပဲ အထက်လူကြီးပေါ် မူတည်တာတွေ ဖြစ်လာတတ်တယ်။ အဲဒီအခါ နိုင်ငံတော်ရဲ့ ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်တယ်။ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ပျက်စီးလာတတ်တယ်။ ငယ်စဉ်ကာလမှာလဲ ဆရာ၊ ဆရာမတွေကို လက်ဆောင်ပဏ္ဍာပေး ကန်တော့၊ အလုပ်လုပ်စဉ်ကာလမှာ အထက်လူကြီးတွေကို တံစိုးလက်ဆောင်ပေး ကန်တော့နဲ့ စစ်မှန်တဲ့ အရိုအသေပေးမှုမဟုတ်ပဲ အခွင့်အရေး ရလိုမှုနဲ့ အရိုအသေ ပေးချင်ယောင်ဆောင်တဲ့ လူတွေ ပါဝင်ရုန်းကန်လှုပ်ရှားနေတဲ့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ အပေါင်းလက္ခဏာ ဖြစ်လာမှာ မဟုတ်တာတော့ အသေအချာပဲ။

    ဆေးပညာရှင်တွေနဲ့ ကျေးဇူးရှင် ကဏ္ဍအကြောင်း ပြန်ဆက်ကြရအောင်ပါ။ နိုင်ငံတော်က ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ပေးတဲ့ နိုင်ငံတွေမှာ လူနာတွေ ကျန်းမာရေး ပြန်ကောင်းလာတယ်ဆိုတာမှာ ကျေးဇူးရှင်တွေက အများကြီးပဲ ဖြစ်တယ်။ နိုင်ငံတော်ကျန်းမာရေးစနစ်၊ အခွန်ထမ်းပြည်သူလူထု၊ ကျန်းမာရေးဘတ်ဂျက်ခွဲဝေမှုပုံစံ၊ အရေးပေါ် တယ်လီဖုန်း အော်ပရေတာ၊ အရေးပေါ်ဖုန်းကို ကိုယ်တိုင်ဖုန်းဆက်တာ မဟုတ်ရင် ဆက်ခေါ်ပေးတဲ့ မိသားစုဝင်၊ သူငယ်ချင်း၊ တက်စီနဲ့သွားတာဆိုရင် တက်စီမောင်းသူ၊ ဘတ်စ်နဲ့သွားရင် ဘတ်စ်မောင်းသူ၊ ကျန်းမာရေး စောင့်ရှောက်မှုမှာ ပါဝင်လုပ်ဆောင်တဲ့ ဆရာဝန်၊ ဆရာမ၊ ဓာတ်ခွဲပညာရှင်၊ ဆေးရုံသန့်ရှင်းရေးသမား၊ ဆေးဝါးပြည့်စုံမှု၊ ဆေးဝါးတွေ ဆေးရုံမှာ အဆင်သင့်ဖြစ်နေအောင် ထုတ်ပေးတဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဆေးစတိုခန်းနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ၊ ဘယ်လိုရောဂါကို ဘယ်လိုဆေးဝါးနဲ့ ကုသသင့်တယ်ဆိုတာ တီထွင်ပေးခဲ့တဲ့ ဆေးပညာရှင်ကြီးတွေ၊ ဒီဆရာဝန်၊ ဆရာမတွေကို မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်၊ ကောလိပ်တွေက ဆရာတွေ၊ ဆေးပညာစာအုပ်ရေးသားခဲ့သူတွေ တသီသတန်းကြီးပဲ ဖြစ်တယ်။ အားလုံးက ကိုယ်ထမ်းဆောင်ရမယ့် တာဝန်တွေကို မှန်မှန်ကန်ကန် ထမ်းဆောင်နေကြလို့ ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကြီး ကောင်းကောင်းမွန်မွန် လည်ပတ်နေတာသာဖြစ်တယ်။ တဦးတယောက်တည်းရဲ့ စွမ်းအားတွေကြောင့် မဟုတ်ဘူး။ ဒီယန္တရားထဲ ပါသူတွေအားလုံးဟာ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုကို ပေးနေကြသူတွေဖြစ်တယ်။ ကိုယ်တိုင်ကလဲ လူတယောက်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံစားခွင့်ရှိတယ်၊ အခွန်ထမ်းပြည်သူ တယောက်အနေနဲ့ ကိုယ်နဲ့ ထိုက်သင့်တဲ့ ဝန်ဆောင်မှုကို ရသင့်တဲ့အတွက် ဒီဝန်ဆောင်မှုရဲ့ စားသုံးသူ ဖြစ်လာရတာဖြစ်တယ်။ နိုင်ငံတော်က တာဝန်ယူတဲ့ ဆေးရုံတွေမှာ မဟုတ်ပဲ တခြားပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းမှာဆို ပိုရှင်းတယ်။ ဒါက ဈေးဝယ်သလိုပဲဖြစ်တယ်။ ကိုယ်က ကျန်းမာရေးဝန်ဆောင်မှုဆိုတဲ့ ကုန်ပစ္စည်းလိုချင်တယ်။ ဒီအတွက် ငွေပေးတယ်။ ဆရာဝန်တွေ၊ ဆရာမတွေဘက်က ကျန်းမာရေးဝန်ဆောင်မှု ကုန်ပစ္စည်းကို ရောင်းတယ်။ ဝန်ဆောင်မှုဆိုတာက ကိုင်တွယ်လို့ရတဲ့ အကောင်အထည်ပြ မဟုတ်တဲ့အတွက် မကြိုက်လို့ ဆိုပြီး ပြန်လဲလို့မရဘူး။ ဒါပေမယ့် ဝန်ဆောင်မှု မကောင်းရင်တော့ စားသုံးသူတယောက်အနေနဲ့ Complaint တက်ခွင့်ရှိရမယ်၊ လျော်ကြေး တောင်းခွင့်ရှိရမယ်၊ ထိခိုက်နစ်နာမှုရှိရင် တရားဥပဒေနဲ့အညီ ဖြေရှင်းခွင့်ရှိရမယ်။

    စားသောက်ဆိုင်တခုမှ စားပွဲထိုးရဲ့ ဝန်ဆောင်မှုကို မကျေနပ်တဲ့အခါ ဆိုင်မန်နေဂျာကို တိုင်တန်းကြတယ်။ ရုံးငှာနဆိုင်ရာတခုခုမှာ ဝန်ထမ်းရဲ့ ဝန်ဆောင်မှုကို မကျေနပ်တဲ့အခါ သက်ဆိုင်ရာ ဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ တိုင်တန်းမှု ပြုရမယ်။ ကျောင်းဆရာမရဲ့ Professional Misconduct ကို သက်ဆိုင်ရာ ပညာရေးဌာနတွေဆီ တိုင်ရမယ်။ ပြည်သူ့ဆေးရုံမှာဆိုရင်လဲ ဆေးရုံအကြီးအကဲကို တိုင်တန်းရမယ်။ ကျန်းမာရေးဝန်ကြီးဌာနကို တိုင်တန်းရမယ်။ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးရမယ်။ လိုအပ်သလို အရေးယူတာတွေ လုပ်ရမယ်။ ပုဂ္ဂလိကဆေးရုံမှာဆိုရင်လဲ သက်ဆိုင်ရာ ဆေးပညာရှင်တွေနဲ့ ပတ်သက်ပြီး တရားဝင်တိုင်ကြားမှုပြုလုပ်ရမယ်။ ပုဂ္ဂလိက ဆေးရုံက စုံစမ်းရေးဘုတ်အဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုလုပ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ လူနာနဲ့ ပတ်သက်ပြီး၊ ဆေးပညာရှင်ရဲ့ ညံ့ဖျင်းမှု၊ မတော်တဆဖြစ်မှုကြောင့် ထိခိုက်နစ်နာမှုရှိတယ်ဆိုရင် ဒီလူနာကို ကျန်းမာရေးဝန်ဆောင်မှုပေးတာက ပုဂ္ဂလိက ဆေးရုံဖြစ်လို့ပဲ။ ဆေးရုံနဲ့ လူနာအကြားမှာ ဝန်ဆောင်မှု contract ရှိတယ်။ ဆေးရုံနဲ့ ဆေးပညာရှင်အကြားမှာလဲ အလုပ်ခန့်ထားမှုနဲ့ ဆိုင်တဲ့ contract ပဲဖြစ်ဖြစ်၊ ကော်မရှင်စား contract ပဲဖြစ်ဖြစ် ရှိတယ်။ ဒါကို ချိုးဖောက်မှု ပြုတဲ့အခါမှာ Medical Negligence ဖြစ်မှုဟာ တရားမမှု မြောက်တယ်။ တခါတရံမှာ ရာဇဝတ်မှု မြောက်တာလဲ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နစ်နာတဲ့ လူနာရှင်ဘက်က လိုအပ်တဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေကို ကျွမ်းကျင်နားလည်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်တယ်။

    အခုတလော ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ ခွဲစိတ်မှု အမှားအယွင်းကနေ လူသေဆုံးမှုပြဿနာနဲ့ ပတ်သက်ပြီး အင်တာနက်အွန်လိုင်းပေါ်မှာ အတော်ကို သတင်းတွေ ပျံ့နှံ့နေတယ်။ ဒီကိစ္စကို သေချာကြည့်မယ်ဆိုရင် တရားမျှတမှုနဲ့ ဝန်ဆောင်မှုဆိုင်ရာ ပြဿနာတွေကို တွေ့မြင်ရမှာဖြစ်တယ်။ ဆေးရုံက ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုကို ငွေနဲ့ရောင်းတယ်။ လူနာရှင်ဘက်က ဆေးရုံကို ဆေးဝါးကုသ စရိတ်ပေးရတယ်။ တနည်းဆိုရင် ဝန်ဆောင်မှုကို ဝယ်ယူတယ်။ ဆေးရုံက ဆေးပညာရှင်တွေကို လုပ်ခ (သို့မဟုတ်) ကော်မရှင်ပေးပြီး ဆေးပညာအသုံးချခိုင်းထားတယ်။ ဒီအတွက် ဆေးရုံနဲ့ လူနာရှင်အကြားမှာ၊ ဆေးရုံနဲ့ ဆေးပညာရှင်တွေအကြားမှာ contract တွေ ရှိတယ်။ အဲဒီမှာ လူနာသေတယ်။ ဒီလို လူနာသေမှုဟာ ဆရာဝန်ရဲ့ ခွဲစိတ်မှုအမှားအယွင်းကြောင့်လို လူနာရှင်ဘက်က မီဒီယာကနေတဆင့် ထုတ်ဖော်စွပ်စွဲထားတယ်။ ဒါနဲ့ ပတ်သက်ပြီး မီဒီယာရဲ့ ရေးသားချက်တွေက မမျှတဘူးလို့ သုံးသပ်သူတွေလဲ ရှိတယ်။ ဆောင်းပါးတွေမှာ ရေးသားထားချက်တွေမှာ လူနာရှင်ရဲ့ ပြောကြားချက်တွေကို ကိုးကားထားတယ်။ ဒီတော့ တဘက်တည်းအမြင်လို့လဲ ဆိုနိုင်တယ်။ ဒါပေမယ့် ဒီလို ဆိုရအောင် မီဒီယာဘက်က သက်ဆိုင်ရာဆေးခန်းနဲ့ ဆရာဝန်ကို ဆက်သွယ်ခဲ့တာ မရှိဘူးဆိုတာသေချာမှ တဘက်သတ်လို့ ဆိုနိုင်မှာဖြစ်တယ်။

    တကယ်လို့ မီဒီယာဘက်က ဆက်သွယ်မေးမြန်းပြီးမှ သက်ဆိုင်တဲ့ ဆေးခန်းနဲ့ ဆရာဝန်တွေက လိုအပ်တဲ့ ထုတ်ဖော်ပြောကြားမှု၊ ငြင်းဆိုမှု ဘာမှ မလုပ်တာဆိုရင်တော့ မီဒီယာရဲ့ ကိုးကားရေးသားချက်ကို ဘက်လိုက်တယ်လို့ မဆိုနိုင်ဘူး။ ဒီနေရာမှာ သက်ဆိုင်ရာ ဆရာဝန်ကို လူသတ်မှု တရားခံအနေနဲ့ ရေးသားဖြန့်ဝေချက်တွေက မှားတယ်။ လူသေစေမှုအတွက် သံသယဖြစ်ထားခြင်း ခံရသူ၊ surgical error ဖြစ်တဲ့ ဆရာဝန်တယောက်အနေနဲ့ စွပ်စွဲသတ်မှတ်ခံထားရသူ အနေနဲ့သာ ဥပဒေကြောင်းအရ သုံးနှုန်းလို့ ရမှာဖြစ်တယ်။ ခွဲစိတ်မှုတွေတိုင်းမှာ risks တွေရှိတယ်။ ဒီ risks တွေကို လူနာ (သို့) လူနာရှင်ကို ကြိုတင်ပြောဆိုဖို့ ဆရာဝန်ဆီမှာ တာဝန်ရှိတယ်။ ကျွန်မတို့ မြန်မာပြည်မှာက ဆရာဝန်တွေကလဲ “ငါပြောတော့ကော သူတို့က ဘာနည်းလည်မှာလဲ“ လို့ အယူအဆရှိတယ်။ လူနာတွေကလဲ “ဆရာတို့ကပဲ နားလည်တာပါ။ ဆရာတို့ လုပ်သင့်တာလုပ်ပါ“ လို့ ဆိုတတ်ကြတယ်။ တကယ်က အဲလိုမဟုတ်ဘူး။ ဆရာဝန်တွေ၊ ဆေးပညာရှင်တွေဘက်က လူနာဘက်က နားလည်နိုင်တဲ့ စကားလုံး အသုံးအနှုန်းနဲ့ ဖြစ်နိုင်ချေရှိတဲ့ risk တွေကို ရှင်းထားရမယ်။ လူနာတွေဘက်ကလဲ နားလည်အောင် မေးရမယ်။ အဲဒီလိုဖြစ်လာရင် risk ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ဆရာဝန်အမှားလို့ စိတ်ထဲက ကြိတ်ပြီး သတ်မှတ်ထားမှုတွေ တော်တော်နည်းသွားမယ်။ ဆေးသမားဂုဏ်ဆိုတာကို ထောက်ထားပြီး ဖွင့်မပြောကြတဲ့ လူနာတွေ၊ လူနာရှင်တွေ မြန်မာပြည်မှာ အများကြီးပဲ။ စိတ်ထဲကနေ ဒီဆ

  • ကြယ်လေး

    December 10, 2010 at 2:33 pm

    စိတ်ထဲကနေ ဒီဆရာဝန် ငါ့အမေကို သတ်တယ်လို့ တွေးနေကြတဲ့ လူနာရှင်တွေ မရှိဘူးလို့ ဘယ်သူတပ်အပ်ပြောနိုင်သလဲ။ ဒါတွေဟာ စိတ်ထဲမှာ ပြောနေရမယ့် အရာတွေ မဟုတ်ဘူး။ မျက်မှောက် ရှင်းရမယ့် အရာတွေသာဖြစ်တယ်။ risk နဲ့ error ကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာဖို့လိုတယ်။ ဒါမှ risk ကို error လို့ထင်ပြီး သက်ဆိုင်တဲ့ ဆရာဝန်၊ ဆရာမတွေကို စိတ်ထဲက နားကြည်းနေတာတွေ၊ မယုံမကြည်ဖြစ်တာတွေ လျော့နည်းသွားမှာဖြစ်တယ်။ အဲဒီလိုပဲ error တွေ ဖြစ်ရင်လဲ လုပ်နေတဲ့ ဆေးပညာရှင်တွေကို သူတို့အမှားတွေ သူတို့သိအောင် ထောက်ပြလိုက်သလိုဖြစ်တယ်။ တခြားဆေးပညာရှင်တွေ သင်ခန်းစာ ယူလို့ ရလာမှာဖြစ်တယ်။

    လူတယောက်ကားမောင်းသွားရင် မဆင်မခြင်မောင်းမှုကြောင့် လူသေစေမှုဖြစ်ရင် ဥပဒေအရ အရေးယူဆောင်ရွက်ရမှုတွေ ရှိတယ်။ ဒီလိုပဲ ဆရာဝန်တယောက်ရဲ့ အမှား (error) ကြောင့် လူသေစေမှု ဖြစ်တာမှာ ဆရာဝန်မို့ဆိုပြီး ချန်လှပ်ထားခွင့်ရှိသလား။ ဥပဒေကြောင်းအရ တရားမမှု၊ ရာဇဝတ်မှု တခုခုမှာ ပြစ်ဒဏ်နဲ့ ညီမျှတဲ့ ပေးဆပ်မှုကို တော့ ပြန်လည်ပေးဆပ်ရမှာပဲဖြစ်တယ်။ ကျွန်မတို့ စကောတလန်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ အက်ဥပဒေတွေထဲမှာ Surgical Errors ဆိုတာကို
    (၁) မှားယွင်းသော ခွဲစိတ်မှု ပြုလုပ်ခြင်း
    (၂) ရောဂါနှင့် မသက်ဆိုင်သော မှားယွင်းသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွင် ခွဲစိတ်ခြင်း
    (၃) မေ့ဆေးပေးမှုနှင့် ပတ်သက်ပြီး ခွဲစိတ်နေစဉ် ဖြစ်ပွားလာသော အမှားများ
    (၄) cosmetic surgery အမှားများ ကို ထည့်သွင်းဖော်ပြထားပါတယ်။
    ဒီလိုအမှားတွေနဲ့ ပတ်သက်ပြီး ဆရာဝန်ရဲ့ ဆေးကုသခွင့် လိုင်စင်ရုတ်သိမ်းမှု၊ ရာဇဝတ်မှုမြောက်ရင် ဥပဒေအရ အရေးယူမှု၊ တရားမမှုမြောက်ရင် လျော်ကြေးပေးဆောင်ရမှု စတာတွေ ရှိတယ်။

    ဒီတော့ အခုကိစ္စမှာ သက်ဆိုင်ရာဆရာဝန်ကို တရားခံအဖြစ် စွပ်စွဲနေတာတွေ၊ လူထုကို သတင်းပေးတဲ့ မီဒီယာက တဘက်သတ်ပဲ သတင်းယူခဲ့တာလား၊ ပါဝင်ပတ်သက်နေသူတွေက ပြောဆိုဖို့ ငြင်းဆန်ပြီး ရှောင်ပြေးနေတာလား ဆိုတာ မသေချာခင်မှာ မီဒီယာဘက်လိုက်မှုလို့ ပြောဆိုနေတာတွေထက်စာရင် တကယ်ဖြစ်သင့်တာကတော့ နစ်နာသူတွေဘက်ကနေ တရားဝင်တိုင်ကြားမှုတွေ၊ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းပေးဖို့တောင်းဆိုမှုတွေ၊ လိုအပ်ရင် Post-Mortem စစ်ဆေးမှုတွေ၊ ဆေးကုသမှုနဲ့ ဆေးစစ်ချက်မှတ်တမ်းတွေကို ဥပဒေဘက်တော်သားအကူအညီနဲ့ တောင်းဆိုကြည့်ရှုစစ်ဆေးခိုင်းမှုတွေ၊ surgical risks လား၊ surgical errors လားဆိုတာ လေ့လာဆန်းစစ်ပြီး error တွေ၊ Medical Negligence တွေ ဖြစ်နေခဲ့ရင်လဲ တရားစွဲဆိုမှုတွေ ပြုလုပ်သင့်တဲ့ ကိစ္စရပ် တခုသာဖြစ်တယ်။ ဒီလိုလုပ်ဆောင်ချက်တွေကသာ တရားမျှတမှုနဲ့ ဝန်ဆောင်မှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။

    လူနာတွေဘက်က ဆရာဝန်ဘက်ကို “ ဆေးကုသခွင့် လိုင်စင်ကို လူသတ်လိုင်စင်များ မှတ်နေလား မသိဘူး“၊ “အဲဒီဆရာဝန်ပေါ့။ တို့အဖေကို သတ်လိုက်တာ“၊ “မြန်မာပြည်က ဆေးကျောင်းသားတွေ အဆင့်မရှိဘူး။ ဆရာဝန်တွေတကယ်မတတ်ဘူး။ စင်ကာပူသွားကုကြ“၊ “ဆရာဝန်တွေလဲ ငွေမျက်နှာပဲ ကြည့်နေကြတယ်“ ဆိုတဲ့ စကားလုံးတွေ ထွက်ပေါ် ပြောဆိုမှုတွေဟာ အမှန်တကယ် တတ်ကျွမ်းနားလည်ပြီး လူနာတွေအပေါ်မှာ တကယ်စေတနာထားတဲ့၊ တာဝန်ကျေတဲ့ ဆရာဝန်တွေကိုပဲ ရမ်းပြီး စော်ကားလိုက်သလို ဖြစ်စေနိုင်ပါတယ်။ တပြိုင်နက်တည်းလိုမှာပဲ ဆရာဝန်တွေဘက်က လူနာတွေဘက်ကို ဂရုမစိုက်ပဲ “သူတို့က ဘာနားလည်မှာလဲ“၊ “တို့ကိစ္စတွေထဲ လာပြောရအောင် ဆရာဝန်မို့လား“၊ “နောက်လာမယ့် လူနာတွေ အများကြီးရှိသေးတယ်။ မေးစရာရှိရင်လဲ ရှေ့က ဆရာမကို မေးလိုက်လေ။ တို့က ဆရာဝန်။ ဒါတွေလိုက်ရှင်းမပြနေနိုင်ဘူး“၊ “ငါမှားသွားလဲ မသိချင်ယောင်ဆောင် နေလိုက်လဲ ငါ့လိုလူမျိုးက ဘယ်သူက ဘာလာလုပ်လို့ ရမှာမို့လဲ“ ဆိုတဲ့ အတွေးအခေါ် တွေ မထားရှိဖို့ လိုအပ်ပါတယ်။ ဆရာဝန်တွေ၊ ဆရာမတွေ၊ ဆေးပညာရှင်တွေဘက်က ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုအတတ်ပညာကို ရင်းပြီး ဘဝရပ်တည်ရေး၊ ဝင်ငွေရရေး လုပ်ဆောင်ပါတယ်။ လူနာတွေဘက် ငွေကြေးနဲ့ရင်းပြီး ဒီဝန်ဆောင်မှုကို ဝယ်ယူပါတယ်။ ပစ္စည်းဝယ်မယ့်သူက ကိုယ်ဝယ်မယ့်ပစ္စည်းရဲ့ အရည်အသွေးကို ကြည့်ရမယ်။ ကောင်းကျိုးဆိုးကျိုးတွေ နားလည်ရမယ်။ ဝန်ဆောင်မှု မှန်မှန်ကန်ကန် မရှိရင် complaint တက်ရပါမယ်။ ပစ္စည်းရောင်းသူဘက်ကလဲ ကိုယ့်ပစ္စည်း အရည်အသွေးကို တောက်ပြောင်အောင် လုပ်ရမယ်။ မှန်ကန်သင့်တော်တဲ့ ဝန်ဆောင်မှုကို ပေးရမှာပဲဖြစ်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် အခုမကြာသေးမီက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ တခြား နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တယ်ဆိုရင် ဥပဒေကြောင်းအရ ရှာဖွေစုံစမ်း ဖော်ထုတ်စစ်ဆေးရမယ့် တရားမျှတမှုနဲ့ ဝန်ဆောင်မှုဆိုင်ရာ ပြဿနာတခုပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ အကောင်အထည် ဖော်နိုင်မလား ဆိုတာကတော့ တည်ဆဲ ဥပဒေတွေနဲ့ သက်ဆိုင်ပါတယ်။ အကောင်အထည်မဖော်နိုင်ဘူး ဆိုရင်တော့ တရားမျှတမှုကို မဆောင်ကျဉ်းပေးနိုင်တဲ့ နအဖ စစ်အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက် ကြောင့်လို့ပဲ ဆိုရပါလိမ့်မယ်။ နောက်ထပ်အားနည်းချက် တခုလဲရှိပါတယ်။ တခါတုန်းက ကျွန်မနဲ့ မြန်မာပြည် အကြောင်းတွေကိုလဲ စဉ်ဆက်မပြတ်လေ့လာနေတဲ့ ပရော်ဖက်ဆာတယောက်နဲ့ မြန်မာတွေအကြောင်း စကားပြောဖြစ်တုန်းက သူကပြောပါတယ်။ “နင်တို့ မြန်မာတွေက အာဏာရှင်စနစ်ကို တကယ်ကော နှစ်နှစ်ကာကာ ဖယ်ရှားလိုကြတာလား။ အာဏာရှင်ဆန်တဲ့ လူ့ဘောင်ထဲက အတွေးအခေါ်တွေကိုကော ပြောင်းလဲနေကြပြီလား။ လွတ်လပ်မှုဆိုတာ ကိုယ်က စတာဖြစ်တယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်နေတယ် ဆိုတဲ့ နင့်ဆီမှာတောင် တခါတလေ ငါပေးလိုက်တဲ့ မှတ်ချက်တွေကို နင်ပြန်မငြင်းဘူး။ ငါက ငြင်းအောင် ပြောလဲမငြင်းဘူး။ ကိုယ့်ကိုယ်ကိုက စပြီးပြင်ဖို့ လိုတယ်“ လို့ ပြောပါတယ်။ ကျွန်မသေချာပြန်ပြီး စဉ်းစားကြည့်ရင်း ပြင်ဖို့ ကြိုးစားရပါတော့တယ်။

    ကျွန်မတို့ဆီမှာ မသိမသာ အရိုးစွဲနေတဲ့ “လူကြီးတွေ စကားပြောနေရင် လူငယ်တွေက လူကြီးတွေနဲ့ တန်းတူရည်တူ ယှဉ်ပြီး မပြောရဘူး၊ မငြင်းခုံရဘူး“၊ “ဆရာတွေဆိုရင် ပြန်မပြောရဘူး၊ မိဘစကားကို အလုံးစုံ နားထောင်ရမယ်“၊ “ရုံးရောက်ဂတ်ရောက် မဖြစ်ချင်ဘူး“၊ “တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ရင် ခေါင်းပဲ နာလိမ့်မယ်“၊ “ကို်ယ့်အလွန်မဖြစ်စေနဲ့၊ သည်းခံလိုက်“၊ “ပြုသူအသစ်၊ ဖြစ်သူအဟောင်း“၊ “သည်းခံခြင်းကသာ အောင်မြင်ပါတယ်၊ ကိုယ့်ဘဝ ဝဋ္ဋ်ကြွေးနဲ့ ကိုယ်ပါ“၊ “ အတိတ်က သူ့ကို ဘာလုပ်ခဲ့မိမှန်းမှ မသိတာ။ ဒါကြောင့် ပြန်ခံရတာ နေမှာပါ။ စိ်တ်ထဲ မထားနဲ့တော့“၊ “သူ့တရားသူစီရင်မှာပါ“ ဆိုတဲ့ အတွေးအခေါ်တွေနဲ့ကတော့ တရားမျှတမှု ရလာဖို့ ဆိုတာ မလွယ်ကူပါဘူး။ ခက်တာက ဒီအတွေးတွေကလဲ ကိုယ့်ထက် အင်အားကြီးသူတွေရှေ့မှာမှ ပေါ်လာတတ်တာတွေကလဲ ရှိသေးရဲ့။ အင်အားနည်းရင်တော့ သည်းခံဖို့ စိတ်က ပျောက်သွားတတ်ပြန်သေးတယ်။ ဥပမာ- ခွေးတကောင်က ကလေးကို ကိုက်လိုက်ပြီဆိုပါတော့။ သည်းခံဖို့အတွေးက မထွက်လာဘူး။ တုတ်ဆွဲပြီး ရိုက်ပစ်တော့တာပဲ။ အဲ- ရဲတယောက်က အပြစ်မရှိတဲ့ ကိုယ့်ကလေးကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းသွားပြီး တညလုံး စခန်းမှာ ရိုက်လိုက်ပြီ ဆိုပါတော့၊ ငွေပေးပြီးလဲ သွားရွေးလာရသေး။ မတရားတာလဲ ခံရသေး။ အချုပ်အနှောင်ခံရတဲ့ ဝဋ္ဋ်ကြွေးပါလာလို့လား မသိဘူး ဆိုပြန်ရော။ ဒီလိုသာ ပြောစတမ်းဆိုရင် ခွေးကိုက်ခံရမယ့် ဝဋ္ဋ်ကြွေးပါလာလို့ပါလို့ကော ဘာလို့ မတွက်ကြသလဲ။ အဓိကကတော့ ဘယ်သူက ကိုယ့်ကို ထိခိုက်ရင် ပြန်လုပ်မယ်၊ ဘယ်သူက ထိခိုက်ရင် ပြန်မလုပ်ဘူး ဆိုပြီး စိတ်ထဲမှာကိုက ဖိနှိပ်မှုကို လက်ခံနေလို့ ဖိနှိပ်ခံနေရခြင်းသာ ဖြစ်တယ်။

    ဒါကြောင့် တရားမျှတမှုနဲ့ ဝန်ဆောင်မှုရေးရာ ပြဿနာတွေကို တရားမျှတမှုကို အလိုရှိသူတိုင်းက မားမားမတ်မတ် ရင်ဆိုင်ရပ်တည်ဖို့ လိုအပ်လှပါကြောင်းနဲ့ ဖိနှိပ်မှုနဲ့ မတရားမှုဆိုတာ ဖိနှိပ်တာတွေ၊ မတရားတာတွေကို ခေါင်းငုံ့ခံနေသူတွေပဲ ကြုံတွေ့ရမယ့် ပြဿနာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

    ခင်မမမျိုး (၂၅၊ ၁၁၊ ၂၀၀၉)

  • ဆူး

    December 10, 2010 at 4:25 pm

    တော် တော် တော်တဲ့ ခင်မမမျိုး.. ဖတ်ရတာ ကောင်းလိုက်တာ

Leave a Reply