မာယာများတဲ့ ကျားရဲတောကိုပဲ ယုံသူငယ်မလေး ခြေဦးပြန်လှည့်ရပြန်ပြီပေါ့။ ကျမ မြို့ပေါ်က ကေတီဗွီဆိုင်ကို တစ်ခေါက်ထပ်ရောက်ရပြန်ပါပြီ။ အရင်က လုပ်ခဲ့တဲ့ဆိုင်တော့မဟုတ်ပါဘူး၊ အခြားဆိုင်တစ်ဆိုင်ပါ။ အရင်အတွေ့အကြုံရှိထားသူမို့ ဒီတစ်ခါတော့ အခက်အခဲသိပ်မရှိတော့ပါဘူး။ ဟိုဆိုင်မှာလုပ်ခဲ့တုန်းကဖောက်သည်တွေကလည်း သတင်းကြားတော့ ရောက်လာကြပါတယ်။ ကျမ အရင်ဆိုင်မှာလုပ်ခဲ့တုန်းကလို လူတစ်ယောက်နဲ့ ထပ်ဆုံရပါတယ်။ ကျမရဲ့ ဘိုင်ကိုကိုပေါ့။ အစတော့ ရိုးရိုး နောက်တော့ တမျိုးတိုးလို့ ချစ်ပြန်ဆိုပဲ ဆိုပဲ……. ဆိုတဲ့ သီချင်းထဲ ကလိုပေါ့၊ တပတ်တစ်ခါလောက်ရောက်လာတတ်ပြီး ကျမကို အပျော့ဆွဲ ဆွဲပါတယ်။ ကျမကလည်းနပ်နေပြီလေ၊ ဒါမျိုးဆို လာထား၊ အာဘွားလေးပေးပြီး စပိုင်များများသောက် ၊မုန့်ဘိုးများများတောင်းလိုက်တာပေါ့။ စပိုင် ဝိုင်ဆိုတာသိတယ်မလား၊ ခဏပဲမူးတယ်၊အလေ့အကျင့်ရှိရင် ၄၅ မိနစ် တဆက်ရှင်တစ်လုံးလောက် သောက်နိုင်တယ်၊ အဲ့လူမျိုးက ၃ ချိန်လောက်နေတာ။ စပိုင်တစ်လုံးကို အပြင်ဆိုင်မှာ ထောင့်ငါးရာလောက်ပဲရှိတာ။ […]