Kaung Kin PyarOctober 10, 20121min19516
ယနေ့ခေတ် VCD ဈေးကွက်ကို ပြောချင်တာပါ။ (၇) ရက်နေ့က ဝိုင်းစုခိုင်သိန်းရဲ့ မျက်လှည့်VCD ထွက်လို့ အိမ်ပြန်နောက်ကျနေတာတောင် တကူးတက လှည့်ဝင်ပြီး ဝယ်ခဲ့ပါတယ်…။  ဝိုင်းစုကတော့ မင်းသမီးအရှိန်နဲ့ မဟုတ်ဘဲ သူ့အသံကိုက ကောင်းတာကြောင့် တကယ့်အဆိုတော်တစ်ယောက်လိုပါ အားပေးနိုင်တဲ့သူမို့ ဝိုင်းစုသီချင်းတွေကို အစကတည်းက ကြိုက်တာပါ..။ အသံလည်းကောင်း၊ စာသားတွေလဲလှတဲ့ ဝိုင်းစုကို တော်တော်များများနှစ်သက်ကြမယ် ထင်ပါတယ်..။ ခိုးကူးတွေ စီမံချက်ကြောင့် ကြက်ပျောက်ငှက်ပျောက်တော့ မာစတာခွေပဲ လှည်းတန်းစိန်ဂေဟာက ဝယ်ခဲ့ပါတယ်..။ ဈေးနှုန်းက 2400 ပေမယ့် အရည်အသွေးကောင်းတယ်၊ ရုပ်ထွက်လဲ ကောင်းမယ်.. ။ စိတ်ထဲမှာ အကုန်ကောင်းမယ်ပေါ့….။ အိမ်ရောက်တော့ အကျီင်္တောင် မလဲနိုင်ဘူး…အခွေအရင် ဖွင့်ကြည့်ပါတယ်…။ မှန်းချက်နဲ့ နှမ်းထွက်တော့ မကိုက်ပါဘူး….။ ထစ်လိုက်တဲ့အခွေဆိုတာ အပုဒ်တိုင်းနီးပါးပါပဲ..။  ကြည့်ချင်နေတဲ့အချိန်မှာ အဲ့ဒီလိုကြီးဖြစ်သွားတော့ တော်တော်တော့ […]