cobraJanuary 20, 20111min1244
ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ဥပဒေ ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ သဘောထား ဆန္ဒကို ခံယူပြီးမှ ချမှတ်သင့်တဲ့ ဥပဒေတရပ် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဇန်နဝါရီ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလို ဥပဒေမျိုးကို လွှတ်တော်များ ဘက်ပေါင်းစုံကနေ အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီး အများပြည်သူ သဘောထားနဲ့အညီ ချမှတ်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကြေညာချက်နဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။ “ပြည်သူ့ စစ်မှုထမ်း ဥပဒေမှာက အဓိက ကျွန်တော်တို့ရဲ့ သဘောထားက အများပြည်သူနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တယ်။ ဒီလို […]