TTNUJune 25, 20121min67446
အခြေခံယဉ်ကျေးမှုများမှာ…. (က) ခြေနင်းသံပြင်းထန်ခြင်း တစ်ချို ့တွေ ခြေနင်းအတော်ကြမ်းကြတယ်။ ခပ်ကြမ်းကြမ်းနင်းနေကျမို့လို့ မိမိကိုယ်ကို ခြေနင်းကြမ်းနေမိမှန်းမသိတတ်ကြပါဘူး။ ခြေသံကြောင့် ကြမ်းပြင် တုန်လှုပ်ခြင်းကြောင့် သူတစ်ပါးကို အနှောက်အယှက်ဖြစ်တာ၊ ရိုင်းစိုင်းတာ၊ မလေးမခန့်ပြုသလို ဖြစ်နေတာ၊ တွေကြောင့် ဆင်ခြင်သင့်ကြပါတယ်။ ပြီးတော့ ခြေဆောင့်နင်းတတ်သူတွေ သတိထားစရာလေးရှိပါတယ်။ဦးနှောက်ကို ကြာရင် ထိခိုက်နှိုင်တယ် ဆိုတာပါပဲ။ (ခ) ဆူညံခြင်း အော်ဟစ်ပြောရမှအားရသူတွေ တွေ့ဖူးမှာပါ။ တကယ်တော့ ကိုယ့် အိမ်အတွင်းမှာပဲဖြစ်စေ တတ်နှိုင်သမျှ သိမ်မွေ့စွာပြောသင့်ကြပါတယ်။ ကျယ်ကျယ်လောင်လောင် အော်စရာမလိုဘဲ ကြားနှို်င်နဲ့ အကွာအဝေးကနေ သွားပြောနှိုင်ရင် အကောင်းဆုံးပေါ့နော်။ စကားသံတင်မဟုတ်ပါဘူး၊ တံခါးပိတ်သံ၊ဖွင့်သံ၊ စားပွဲ ကုလားထိုင် အိုးခွက်ပန်းကန် ရွှေ ့ပြောင်းသံ ဆေးကြောသံ တို့ကိုလည်း အသံ သိပ်မကျယ်လောင်သင့်ပါ။ တေးဂီတ သံတွေဆိုရင်လည်းမိမိ ကြားသာရုံသာဖွင့်သင့်ပါတယ်။ ကိုယ်တိုင်က […]