manawphyulayFebruary 1, 20111min1258
မိန်းမ နဲ့ ယောက်ျား လင်မယားနှစ်ယောက် ကားမောင်းလာရင်း အတော်ကြာတဲ့အထိ စကားမပြောကြဘူး။ ဖြစ်ပုံက ဒီလို… ကိစ္စတစ်ခုကို ငြင်းကြရင်း ဘယ်သူ့ဘက်ကမှ မလျှော့ကြတာနဲ့ စကားဆက်မပြောကြတော့ဘဲ တိတ်လာလိုက်တာလေ။ ခဏနေတော့ မြည်းခြံ၊ ဆိတ်ခြံ၊ ဝက်ခြံတွေကို ကားမောင်းရင်း ဖြတ်လာတော့ ယောက်ျားက ရိသဲ့သဲ့လုပ်ပြီး “မင်း အမျိုးတွေလား“ လို့ တင်စီးပြီး စကားစလိုက်တယ်။ မိန်းမက တခွန်းပက်ကနဲ ပြန်ပြောတယ်။ “ဟုတ်တယ်၊ ယောက်ျားဘက်က ဟာတွေလေ“ တဲ့။ မိန်းမတွေရဲ့ ဂလဲ့စား “ငွေသား၊ ချက်လက်မှတ်၊ အကြွေးကဒ် ဘာနဲ့ ပေးမလဲခင်ဗျ“ သူ(မိန်းမတစ်ယောက်)ဝယ်တဲ့ ပစ္စည်းတွေကို အိတ်ထဲထည့်ပေးရင်း ကျွန်တော်(အရောင်းသမား)က မေးလိုက်တယ်။ အဲဒီမှာပဲ ပိုက်ဆံအိတ်ဖွင့်လိုက်တဲ့ မိန်းမရဲ့ လက်ကိုင်အိတ်ထဲမှာ တီဗီရီမုတ်ကို တွေ့လိုက်ရတယ်။ “အပြင်သွားလည်း တီဗီရီမုတ် […]