alinsettJuly 12, 20121min4309
နောက်ဆုံးသော အသုဘရုှု ထွက်သွားပြီမို့ ဗလီထဲတွင် မိုက်ခရိုဖုန်းဖြုတ် နေသော ဘာသာရေးဆရာမှလွဲ၍ လူသူမရှိ။ ဘာသာရေးဆရာသည် ကိုရန်ကျမ်းကို အစိမ်းရောင်အဝတ်စဖြင့် ပတ်သည်။ နေစောင်းချိန်တွင် ဗိုလ်ချုပ်ကြီးနှင့် ကျွန်တော် ဗလီမှထွက်၊ လှေကားထစ်များအတိုင်းဆင်း၍ ဟိုတစ်စုသည်တစ်စု ဆေးလိပ် သောက်နေသော လူများကိုဖြတ်လာခဲ့ရာ ပြောနေကြသောစကားများ တစ်စွန်းတစ်စ လွင့်လာသည်။ နောက်အပတ်ကစားမည့် ဘောလုံးပွဲ … စန်တာကလာရာတွင် အသစ်ဖွင့်လိုက်သော အာဖဂန်စားသောက်ဆိုင် … ။ ဘဝသည် ဘာဘာ့ကို ချန်ထားရစ်ကာ မနေမနား တသွားတည်းသွားလျက် ရှိနေပြီ။ ………………………………… …………………………………… ___________________________ ”နေကောင်းရဲ့လား” ဟု ဗိုလ်ချုပ်ကြီးမေးသည်။ တစ်နေ့လုံးခြိမ်းခြောက်နေသော မျက်ရည်များကို ကျွန်တော်အံကြိတ်ပြီး သိမ်းဆည်းထားသည်။ ”စိုးရာယာကို သွားရှာလိုက်ဦးမယ်” ဗလီ၏ အမျိုးသမီးဘက်ဆီကို ကျွန်တော်သွားရာ လှေကားထစ်တွင် အမေနှင့်အတူ […]