ဘဝဟာ “ထောက်”ကနဲ ပွင့်ထွက်လာတဲ့ မီးတောက်မဟုတ်တာ သေချာတယ်။ တစ်ငွေ့ငွေ့နဲ့ လောင်ကျွမ်းနေတဲ့ မီးတောင်လိုမျိုး။ “ဖျတ်”ကနဲ ဆိုတဲ့ မျက်တောင်တစ်ခတ်စာလိုမျိုး အဖြစ်အပျက်ဟာ အပြိုင်းအရိုင်းဖူးပွင့်တယ်။ ရောက်ရွက်ဝါတွေ လေမှာဝေ့ဝဲနေသလိုမျိုး မသိတသိနေရာက ဘဝတွေဟာ ဝေ့ဝေ့ဝဲဝဲ။ ရယ်သံတွေကြားမှာ ဘဝတွေရှိတယ်…. ငိုသံတွေကြားမှာ ဘဝတွေရှိတယ်…. ရှိုက်သံတွေကြားမှာ ဘာတွေရှိဦးမလဲ အကြိမ်အခါခါ စဉ်းစားတယ်။ ဖန်ခွက်အလွတ်တစ်ခု ကျကွဲသံနဲ့ ရေပါတဲ့ဖန်ခွက်တစ်ခု ကျကွဲသံ ဘယ်အရာက ကြေကွဲစရာကောင်းသလဲ နောက်ဆုံးတော့ ရယ်သံခပ်အက်အက်တစ်ခုထွက်လာတယ်။ အယူအဆနဲ့ အတ္တတွေကြားထဲကနေ နည်းနည်းလောက် ဖယ်ပြီးအပြင်ကိုကြည့် ရှင်းသန့်တဲ့ အရာတစ်ခုကို ထိတွေ့ (သို့) ရှူ ရှိုက်မိလိမ့်မယ်။ အမုန်းတရားဟာ မီးတောင်ပေါက်ကွဲသလို လွင့်စင်တတ်သလိုမျိုး။ အတ္တတစ်ခုမှာလည်း အဲသည်အရည်အချင်းရှိတယ်။ […]