fattyJanuary 16, 20121min26817
အားလုံးပေါင်းစီးမိကြပေပြီ။ နိုင်ငံရေးအကျဉ်းသားများလည်းလွတ်လာပေပြီ။ တိုင်းရင်းသားများနှင့် သဘောတူညီချက်စာချုပ်များလည်း လုပ်သင့်သလောက်လုပ်ပြီးနေပါပြီ။ အခြေအနေအရပ်ရပ်တို့အကောင်းဘက်သို့ဦးတည်နေပေပြီ။ ဘာဆက်လုပ်ကြမည်နည်း ….။ မြန်မာပြည်ကြီးကမ္ဘာ့အလည်မှာရသင့်သည့်နေရာထိုက်ထိုက်တန်တန်ရအောင် အဆင်းရဲ့ဆုံးနိုင်ငံအဖြစ်မှ လွတ်ကင်းအောင် လုပ်ကြရပါလိမ့်မည် …။ ဆိုရသော် မြန်မာ့စီးပွါးရေးတိုးတက်လာအောင် လုပ်ကြရပေအုံးမည်။ ထိုသို့လုပ်ရာတွင် သယံဇာတတွေချည်းထိုင်ရောင်းနေလို့လည်းဖြစ်အုံးမည်မထင်။ နည်းပညာထွန်းကားဖို့လိုသည် စက်မှုလက်မှုထွန်းကားဖို့လိုသည် နိုင်ငံခြားမှ မှန်ကန်သောရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာဖို့လိုပါသည်။ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာရေးတွင် ၁၉၈၈ အပြီးက သင်ခန်းစာပြန်ယူဖို့သင့်လှသည်။ ထိုစဉ်က တိုင်းပြည်တခါးဖွင်းတယ်ဟေ့ဆိုတာနှင့် အကြံအဖန်သမားတို့ကအရင်ဝင်လာကြသည်။ သူတို့နိုင်ငံမှာအလုပ်ပြုတ်လာသူများ ပွဲစားသာသာများသာဝင်လာကြသည်။ ကျနော်လုပ်ခဲ့ဘူးသည့်ကိုရီးယားကုမ္ပဏီမှ ဘောစိဆိုလျှင် မြန်မာနိုင်ငံသို့တခေါက်ပြန်ဝင်လာလျှင်ဒေါ်လာ ၅၀၀၀ဝ ပါလာသည်။ တကယ်ပါလာသည်မဟုတ် လေဆိပ်တွင် တပုလင်းပေးပြီး ၅၀၀၀ဝ ပါလာကြောင်းစာရွက်ပေါ်တံဆိပ်တုံးထုခိုင်းသည် ဒီကလဲထုပေးသည် ကောင်းကြရော …..။ သို့ဖြင့်မြန်မာမာပြည်ကပွဲစားများနှင့် နိုင်ငံခြားမှပွဲစားများပေါင်းကာ ပြည်တွင်းမှရှာလို့ရသည့် ကျပ်ငွေများကို ဒေါ်လာဝယ်ကာ နိုင်ငံခြားသို့ပြန်ပို့၏ မကောင်းလေစွ ။ မြန်မာ့စီးပွါးရေးသည်ယခုထိပုံမှန်မဟုတ်သေးပါ။ သူများနိုင်ငံကကား ဖြုတ်ထုတ် […]