Zaw WonnaAugust 24, 20101min791
အခုတစ်လော အင်္ဂလိပ် ဝေါဟာရတွေကို မြန်မာမှုပြုသင့်၊ မပြုသင့် ဆိုတာနဲ့ ပတ်သက်ပြီး မကြာမကြာ ကြားနေရတဲ့အတွက် စဉ်းစားမိတာလေးတွေပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ဆောင်းပါးတစ်ခု ဖတ်မိပါတယ်။ ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ဘာသာပြန် ဆောင်းပါးလို့ ထင်ပါတယ်။ အဲဒီဆောင်းပါးမှာ စာရေးသူက Software ကို “အပျော့ထည်”၊ Hardware ကို “အမာထည်”  စသဖြင့် ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ အားလုံးကို မြန်မာလို ရေးထားတာပါ။ ပြီးတော့မှ အညွှန်းတွေတပ်ပြီး အောက်မှာ မူရင်း အင်္ဂလိပ်ဝေါဟာရကို ဖော်ပြထားပါတယ်။ အဲဒီ ဆောင်းပါးကို စဖတ်ဖတ်ချင်းတော့ ဘာအကြောင်းအရာကို ရေးထားမှန်းကို ရုတ်တရက် မသိနိုင်တာ အမှန်ပါ။ ကိုယ် ရင်းနှီးနေတဲ့ စကားလုံးတွေ မဟုတ်တာကြောင့်ပါ။ […]