မြန်မာသူငယ်ချင်းများနေ့ ဝက်ဆိုက်၏ မန္တလေးမြို့၊ အောင်တော်မူဘုရားတွင် စနေနေ့ ညနေတိုင်း ဝေယျာဝစ္စပြုလုပ်သော အဖွဲ့မှ ယခုနှစ်တွင် ဝါဆိုသင်္ကန်း ကပ်လှူဖြစ်ပါသည်။ ဝါဆိုသင်္ကန်းကပ်ရန် တိုင်ပင်မိကြချိန်မှာ တစ်ပတ်သာ အချိန်ရသဖြင့် ဝက်ဆိုက်သို့ ကြော်ငြာ အသိပေးခြင်းမျိုး မလုပ်နိုင်တော့ဘဲ သိမီသူများသာ လှူဒါန်းလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်ရသည်။ တံမျက်စည်းလှည်းရင်း ကြမ်းတိုက်ရင်း ဝက်ဆိုက်ထဲမှ ဘယ်သူရေးတဲ့စာက ဘယ်လို၊ ဘယ်သူက fb မှာ ဘယ်လိုအော်တာ စသဖြင့် ပြောရင်း ဆိုရင်း ဝါဆိုသင်္ကန်းကပ်သည့်အကြောင်းကို ရောက်သွားခဲ့သည်။ တံမျက်စည်းလှည်းပြီးနောက် အောင်တော်မူ ဘုရားဂေါပကများထံသွား၍ ဆွေးနွေးကြည့်ရာ “အကယ်၍ ဝါဆိုသင်္ကန်းကပ်မည် ဆိုလျှင် ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ ထို့အတူ ဤဝါဆိုသင်္ကန်း ကပ်ခြင်းသည် အောင်တော်မူဘုရား၏ ပထမဆုံးအကြိမ် ဝါဆိုသင်္ကန်းကပ်ခြင်း ဖြစ်မည်ဖြစ်ကြောင်း” ကို ပြောပြကာ သဘောတူခဲ့သဖြင့် […]