CHINA ASEAN EXPO 2010ပြ ပွဲတွင် မြန်မာ့လက်ရာစစ်စစ်ဖြစ်သော မြန်မာနိုင်ငံတွင် ဒုတိယအကြီး ဆုံးသော ကြေးဆွမ်းအုပ်ကြီးကို ရောင်းချရန်ပြသခဲ့ကြောင်းသိရသည်။ သိရိမြန်မာလက်မှူပညာလုပ်ငန်းမှ ကြေး ဆွမ်းအုပ် ပြုလုပ်ရန်အကြံရခဲ့ပြီး ရောင်းရသည်ဖြစ်စေ၊မရောင်းရသည်ဖြစ်စေ မြန်မာ ယဉ်ကျေးမှူ လက်ရာကိုကမာ္ဘက သိစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ထိုကြေးဆွမ်းအုပ်ကြီးကို ပညာရှင် ခုနစ်ယောက်တို့က အချိန်တစ်လယူ၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အရွယ်အစားမှာ အမြင့်၆ပေ ၊ ကိုယ်ထည် အချင်း ၂ပေခွဲရှိပြီး အလေးချိန်မှာ ၁၅.၅ ပိသာရှိကာ သယ်ယူရလွယ်အောင် အ ပိုင်း များခွဲပြီး ဖြုတ်ရလွယ်အောင်ပြုလုပ်ထားပါတယ် ။ ထိပ်ခွန်ကနေ အောက်ခြေအထိအပိုင်း ၁၄ပိုင်းရှိကြောင်းသတင်းရရှိသည်။