Diamond KeyOctober 17, 20115min21515
ဒီတနင်္ဂနွေမှာ စိန်သော့ သွားဖြစ်ခဲ့တဲ့ နေရာလေးကတော့ ပထမမြန်မာနိုင်ငံတော်ကြီး ကို စတင်တည်ထောင်ခဲ့သူ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြုမင်းကြီး မင်းမြတ်အနော်ရထာရဲ့ ပုဂံနေပြည်တော်ကြီး စပါးကျီ ဒေသ ဖြစ်တဲ့ လယ်တွင်း ၁၁ ခရိုင် ခံမြို့များထဲမှာ တစ်မြို့ အပါအဝင် ဖြစ်တဲ့ “တမုတ်မြို့ဟောင်း”က တစ်နေရာလေး တစ်ခုဆီကိုပါ။ တမုတ်မြို့ဟောင်း တစ်နေရာ မြန်မာ့အနုပညာ၊ မြန်မာမှု လက်ရာတွေဆိုရင် နှစ်သက်တဲ့ စိန်သော့၊ မြန်မာ့ သမိုင်းဝင်နေရာတွေ ဆိုရင် မက်မက်မောမော သွားချင်တဲ့ စိန်သော့ အတွက် မန္တလေးနဲ့ မနီးမဝေး တစ်နေရာမှာ သွားရမဲ့ နေရာတစ်ခုရဲ့ သတင်းကို ကြားလာရပါတယ်။ ပုဂံမြို့နဲ့ မိုင် ၁၂ဝ ဝေးတဲ့ ကျောက်ဆည်ဒေသမှာ ပုဂံခေတ် လက်ရာ အပြည့်နဲ့ ဂူဘုရားတစ်ဆူ […]


Diamond KeyOctober 13, 20113min1398
အဲဒီကနေ မြို့ဟောင်းမြို့ရိုး အတွင်းပြန်ထွက်ပြီး ကျုံးနဲ့ အပြိုင် ရွာလမ်းကလေးအတိုင်းသွားလိုက်တော့ ဗားကရာသို့ ဆိုတဲ့ လမ်းခွဲကို ရောက်လာပါတယ်။ ဒီလမ်းအတိုင်းမောင်းလာတော့ ရတနာဆီမီး ဘုရားစုကို ရောက်ပါတယ်။ နိင်ငံခြား ခရီးသွားတွေကိုတော့ မြင်းလှည်းကိုယ်စီနဲ့ ဟိုနားဒီနား တွေ့ရပါတယ်။ အင်းဝမှာက ဘုရားဖူးနဲ့ လေ့လာသူတွေ အတွက် စီးစရာ မြင်းလှည်းလေးတွေ ရှိပါတယ်။ ရတနာဆီမီး ဘုရားစု ကနေဆက်သွားလိုက်တယ်ဆိုရင်ပဲ ဘယ်ဖက်လမ်းခွဲက ဗားကရာကျောင်းတော်ကြီး ဆီသွားတဲ့ လမ်းကလေးပါ။ လမ်းရဲ့ ဘယ်ညာမှာ စပါးစိုက်ခင်းတွေနဲ့၊ မြန်မာ့ ကျေးလက် အငွေ့အသက်၊ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်ကျယ်ကို ဖြတ်သန်း တိုက်ခတ်လာတဲ့ လေနုအေးလေးက အညာနွေကြောင့် အပူဒဏ် ခံစားနေရမှုကို ပျောက်စေကာ ဗားကရာကျောင်းတော်ကြီးဆီ ရောက်သွားခဲ့ရပါတယ်။ ဗားကရာကျောင်းတော်ကြီး ကတော့ မြန်မာ့သက္ကရာဇ် ၁၁၉၆ မှာ […]


Diamond KeyOctober 13, 20115min19013
ဆိုင်ကယ်လေးက မန္တလေး တံတားဦး လေဆိပ်လမ်းဆီကနေ ခွဲထွက်ကာ တံတားဦးမြို့ ဖက်ဆီ ဦးတည် ပြေးနေတယ်။ မန္တလေး တံတားဦး လေဆိပ်လမ်းပေါ်မှာ မောင်းနေစဉ်တုန်းက လမ်းကကောင်းနေတော့ တရိပ်ရိပ်ပြေးခဲ့ ဆိုင်ကယ်လေးဟာ အခုတော့ ခုန်ဆွ ခုန်ဆွ နဲ့ ကျင်းတွေ ချိုင့်တွေကို ရှောင်ပြီး သွားနေရပါတယ်။ ဦးတည်သွား နေတဲ့ နေရာကတော့ တစ်ချိန်က မြန်မာ့သမိုင်းမှာ အလွန် ကျော်ဇောခဲ့တဲ့ (အခု မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ထဲက) အင်းဝ ရွှေမြို့တော်ဟောင်း ဆီပါ။ မန္တလေး တံတားဦး လေဆိပ်လမ်းဆီကနေ ၁၅ မိနစ်လောက် မောင်းပြီးရင်တော့ တံတားဦးမြို့ထိပ်ကို ရောက်လာပြီး မြို့ဖက်ကိုမကွေ့ပဲ ညာဖက်ကို ချိူးကွေ့ကာ သံတံတားကို ဖြတ်လိုက်တော့ တစ်ချိန်က ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် နန်းမတော် မယ်နုရဲ့ […]


Diamond KeyOctober 10, 20115min29834
မနေ့က တနင်္ဂနွေ အားလပ်ရက်လေးမှာ မွန်းကျပ်တဲ့ မြို့ပြကို ကျောခိုင်းပြီး မြန်မာနိုင်ငံရဲ့ အထက်ပိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်တန်းရဲ့ မြောက်ဖက် မင်းကွန်းတောင်ခြေ၊ ဧရာဝတီ ကမ်းနဖူးပေါ်က ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားတဲ့ ပုထိုးတော်ကြီး၊ ခေါင်းလောင်းတော်ကြီး၊ ခြင်္သေ့ကြီး၊ မြသိန်းတန် ဘုရား စတဲ့ ရှေးဟောင်းအမွေအနှစ်များနဲ့ ခမ်းနားထည်ဝါစွာရှိနေတဲ့ ကမ္ဘာကျော်တဲ့ မြန်မာ့ ရွှာကလေး မင်းကွန်း ကို သွားဖြစ်ခဲ့ပါတယ်။ နံက်စောစော ရ နာရီခွဲမှာ မန္တလေးရဲ့ နာမည်ကြီး မင်းသီဟ လက်ဘက်ရည် ဆိုင်မှာ မန္တလေးမုန့်တီစား၊ လက်ဘက်ရည် သောက်ကြပြီး ၂၆ လမ်းအဆုံးက မရမ်းခြံ (ပိုက်ကျုံး) ဆိပ်ကမ်းကနေ စင်းလုံးငှါး ရေယာဉ်ငယ်လေးတွေနဲ့ မင်းကွန်းရွှာကလေးဆီ ထွက်ခဲ့ကြပါတယ်။ ရေပေါ်က အဌားယာဉ်လေးတွေ ဆိုတော့ Water […]