ဘဲဥJune 26, 20121min17824
ဘယ်သူတင်မလဲလို့ စောင့်နေတာကြာပေါ့ ၊ ဘူမှမတင်လို့ သများပဲတင်လိုက်တယ်၊ မနေ့က ဗွီယက်နမ်နဲ့ မြန်မာ ဘောလုံးပွဲမှာ မြန်မာက ၃-၁ နဲ့ ဂိုးပြတ်နိုင်ဒယ်။ ဟိုတစ်နေ့က ဖိလစ်ပိုင်နဲ့ ကန်တဲ့ပွဲမှာလည်း ၅-၁နဲ့ ဂိုးပြတ်နိုင်ဒယ်။ အဖွင့်ကတော့လှနေဘီ နောက်ပွဲတွေမှာတွေ့ရမယ့် တောင်ကိုရီယား၊တရုတ် (တိုင်ပေ) အသင်းဒွေနဲ့ကျရင် ဘယ်လိုလာမလဲမသိဘူး။ သများဒို့ အခုဝမ်းသာရမှာလား ပွဲစဉ်တွေအားလုံးပြီးမှ ဝမ်းသာရမှာလားမသိသေးဘူး ။လက်ရှိမြန်မာအသင်းရဲ့ ခြေစွမ်းက အရင်တုန်းကထက် အများကြီးတိုးတက်လာတာကို တွေ့ရဒယ်။ ဒါပေမယ့် တိုက်စစ် အဆုံးသတ်ပိုင်းမှာ အားနည်းနေသေးတယ်။ ပီးခဲ့တဲ့ နှစ်ပွဲမှာတော့ ကစားကွက်အသာနဲ့ ဂိုးပြတ် ကစားနိုင်ခဲ့တဲ့ မြန်မာ ကစားသမားတွေကို ချီးကျူးဘာဒယ်။ နောက်လာမယ့်ပွဲစဉ်တွေမှာလည်း အကောင်းဆုံးအနေအထားနဲ့ အနိုင်ကစားနိုင်ဘာဇေလို့ ဆန္ဒပြုဘာဒယ်။