. မြ သည် တစ်ခါတစ်ရံ ရှေးစွန်းစွဲ အယူသည်း သူ ဖြစ်သည်။ အကြောင်း တစ်ခု သည် အတိတ် က အထုံ ပါလာပါက ဘယ်တော့မှ ရှောင်မလွတ် ဆိုသည်ကို  ယုံသည်။ မယုံလျှင် ကိုယ်တွေ့ပြောပြမည်။ . မြသည် တစ်ချိန်က ရွှေပြည်ကြီး တွင် အလုပ်လုပ်စဉ် အချက်အလက်ထိန်းသိမ်းမှု အတွက် နေရာ အငြင်းပွါး မှုများ ကို အမြဲ ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ အင်ပွတ် (အသွင်း)၊ ပရော့စက် (အလုပ်ဖြစ်စဉ်)၊ အောက်ပွတ် (အထုတ်) စကားလုံးများ သည် လူခန္တာစနစ်  နှင့် ကွန်ပျူတာခန္တာစနစ် တွင် မတူကွဲပြားကြောင်း မြ သိခဲ့လေပြီ။ လူ မှာ စားသုံး ဘယ်လောက်များစေ အလို […]


. မြသည် စိတ်အပြောင်းအလဲ အင်မတန် မြန်သည်။ အခုလဲကြည့်။ ရွာ အဝင် သူကြီးမင်း၏ “အရောင်ရင့်မှတ်တမ်း” နှင့် တိုးလေသော် မူလရေးမည့်အကြောင်း မှ ချော်လေပြီ။ ထားတော့။ ထို အကြောင်း ကို နောက်မှ ရေးတော့မည်။ ယခုတော့ အာရုံပေါ်ရာနောက် လိုက်တာကောင်းသည် ထင်၏။ မနေ့ကဘဲ သူငယ်ချင်း တစ်ယောက် ထံမှ သတင်း ရသည်။ သူငယ်ချင်း ဆိုပေမဲ့ ကိုယ်တွေထက် အသက်က အများကြီး ဂျူနီယာ ဖြစ်သည်။ . မြန်မာပြည် မှ လုပ်ငန်းကြီး တစ်ခု ထံတွင် အလုပ်ပြန်ဝင်နေသည် တဲ့။ သူ့ကို နိုင်ငံခြားတွင် ရသော လစာ ကိုလိုက်၍ ပေးသည် ဟု ဆိုသည်။ ထို […]


. မြ တစ်ယောက် ဖီးလင်း ဟော့ ဖြစ် နေသည်။ ရာသီဥတု ပူ နေ၍ဖြစ်သည်။ ဒီလောက် မပူ တာ နှစ်အတော်ကြာပြီ။ စင်တီဂရိတ် သုံးဆယ့်လေး/ငါး လောက် ကို ညည်းနေတာ ရွှေပြည်တုန်းက လေးဆယ် လောက် နဲ့ နှစ်ပါးသွားခဲ့ရတာ ကို မေ့ပြီလား ဟု ကွကိုယ်မေးနေရသည်။ ဇီးသီးသည် မဗျိုင်း ကဲ့သို့ ဘဝ မေ့ သွားခြင်းပေလား။ . ရွှေပြည်တုန်းက ပူလွန်းလို့ ဂုတ်ထောက် ဆံပင်လေး ကို ကညော့ပြီး ခပ်တိုတိုညှပ်လိုက်သည်။ တစ်ချိန်လုံး စည်းစည်းထား တာ များလာသောကြောင့် ဆံပင်များကျွတ်ပြီး အတော်ပါးလာ တာကလဲ အကြောင်းပြချက်တစ်ချက် ဖြစ်သည်။ ဆံပင်ရှည် ကို ဒီအတိုင်းချပြီး မနေတတ်တာခက်သည်။ […]


. မြ တစ်ယောက် ခေါင်းကုတ်နေသည်။ သန်းရှိလို့ မဟုတ်။ ဝိုင်တူးကေ လို ခုနှစ် အချိန် အပြောင်း က ခြိမ်းခြောက်မှုမျိုး ကြားပြန်လို့ ဖြစ်သည်။ ဒီနေ့ ဇွန်လ ၃ဝရက် သည် ၃နှစ်ကာလ အတွင်း နေ့တာအရှည်ဆုံး ဖြစ်ပြီး သန်းခေါင်အရောက် တွင် တစ်စက္ကန့် ပို သွားမည် ဟု သတင်းများ တွင်ဖတ်ရသည်။ . နေရှင်နယ်ဂျီအိုဂရပ်ဖစ် ဆိုက် ထဲ မှာတော့ “World Will Gain a Leap Second on Tuesday:” လို့ ဆိုသည်။ http://news.nationalgeographic.com/2015/06/150629-leap-second-atomic-astronomical-time-earth-rotation-physics/ အဲဒီ တစ်စက္ကန့် အပို ရလိုက်မှာ အတွက် ဘယ်လို အသုံးချမလဲ မေးသူမေး ကြသည်။ […]


မြစပဲရိုးJune 30, 20151min3238
. မြ သည်လဲ အပြောကြီးသူ တစ်ယောက် ဖြစ်သည်။ ဆင်ဖမ်းမည်၊ ကျားဖမ်းမည် ပြောပြီး ကြောင်ကိုတောင် အမြီးကုတ် အောင် မပစ်နိုင်တာ တွေ့သည်။ ထိုအခါ သူများဖမ်းသည် ကို ဘဲ ကြည့်၍ ဟိုလိုလုပ်ပါလား၊ ဒီလို လုပ်ပါလား အော်တော့သည်။ . လေဖြင့်အော်ပြီး ဝေဖန်ရသည်မှာ အင်မတန်လွယ်ကြောင်း ပိုပိုသိလာ၍လည်း ဖြစ်သည်။ ကလေး ငယ်တုန်းက ကစားသည့် ဂိန်း တစ်ခု ကို သွားသတိရသည်။ . ခေါင်းထွက်လာသည့် အရုပ်လေးတွေ ကို တူ နှင့် ထုရတာ ဖြစ်သည်။ ရည်ရွယ်ချက်မှာ ကလေး လက်သန်အောင် လဲ ပါမည်။ လိုသည့်နေရာကို အမြန် အာရုံဝင်စားတတ်အောင်လဲ ပါမည်။ သို့သော် လက်ယဉ်ပြီး […]


မြစပဲရိုးJune 28, 20151min42012
. မြ တစ်ယောက် စဉ်းစား နေမိသည်။ မနေ့က ချစ်သော ပါပါး နဲ့ ဖုန်းပြောအပြီး ဖြစ်သည်။ တစ်အိမ်လုံး မဲပေးရန် စာရင်း တွင်မပါဟုပြောသည်။ . မောင် ဖြစ်သူ Ex- လူ့ဘောင်သစ် ကြီး သွားကြည့် သောကြောင့် ဖြစ်သည်။ . ကွန်ပလိန့် လုပ်သော အခါ မဲ ပေးချိန် ရုံ တွင်သာလာပေးပါ အဆင်ပြေအောင် လုပ်ပေးပါ့မယ် လို့ ပြန်ပြောသည် ဆို၏။ မဲ စာရင်း တရားဝင် မပေါက်ဘဲ ဤသို့ လုပ်၍ ရသည်လော။ စဉ်းစားရင်း တွေးရင်း မေးခွန်းများ မဆုံးတော့။ အဖေ ကတော့ မှတ်ချက်ပေးသည်။ မဲ ပေးရန် သိပ်ပြီး မသေချာသည့် […]


မြစပဲရိုးJune 27, 20151min2978
. မြ တစ်ယောက် ဖီးလင် (အတော်စပ်စု) ဖြစ်နေသည်။ သူများနိုင်ငံ (အနောက်တိုင်း) လွှတ်တော်ထဲ မှာလဲ မဲပေးစနစ် ဖြင့် ဆုံးဖြတ်ချက်များ ချတတ်ကြသည်။ ကိုယ့်လွှတ်တော် အမတ် က ဘာကို ရွေးပြီး မဲပေး ဆုံးဖြတ်သလဲ ဆိုတာ သူ့ကို တင်မြှောက်ထားသူ မဲဆန္ဒရှင်ပြည်သူများ သိလိုက ပြောရသည် ဟု ကြားဖူးသည်။ . မြတို့ ရွှေပြည်မှာတော့ မြန်မာ့နည်း မြန်မာ့ဟန် တိတ်တိတ်ပုန်း လုပ်တတ်သော ဓလေ့ကြောင့် ထိုသို့ ဖွင့်ပြောမည်မထင်။ သို့သော် ……. လွှတ်တော်ထဲ မဲခွဲ အဖြေသိချိန် လက်ခုတ် လက်ဝါးတီး အားပေးမှု သတင်းကို မြင်ချိန်မှာတော့ ထိုသို့ ထင်ထားသည်မှာ မှားကြောင်း သိလိုက်သည်။ သူတို့ ကို […]


မြစပဲရိုးJune 25, 20151min49716
. မြ တစ်ယောက် စိတ်ပျက်နေသည်။ . ဒီနေ့ သတင်းများကြောင့်ဖြစ်သည်။ . အဲဒီ သတင်းကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။ . ယဲ့ယဲ့လေး တောက်နေသည့် မျှော်လင့်ချက်လေး ပျောက်သွားသည်။ . မတရားမှု ကို ထင်ထင်ရှားရှား တွေ့လိုက်ရ၍ ဖြစ်သည်။ . နိုင်ငံတကာ ဒီမိုကရေစီ နည်း အရ မဲ ခွဲသည် ဆိုရာမှာ လူများစု သဘောသည် အနိုင်ဖြစ်ရမည်။ ၁% များလိုက်တာနဲ့ ဒါမှမဟုတ် ၁မဲ သာတာ နဲ့ နိုင်သည်ခေါ်နိုင်ပြီ။ ထိုနည်း သည် မြန်မာ့နည်း မြန်မာ့ဟန် ဖြစ်သွားလေသော် ၇၅% အထက် မဲ ရမှ ဖြစ်သွားလေသည်။ ၂၅% သည် သေချာပေါက် အန်တီ […]