fattyNovember 4, 20111min1838
ဆီးချိုရောဂါဆိုတာ လူငယ် လူလတ်လူကြီး မရွေး အချိန်မရွေးဖြစ်တတ်တဲ့ရောဂါမို့လို့ အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ ဖြစ်ပြီဆိုရင် တသက်လုံးလဲ မပျောက်နိုင်တော့တဲ့ရောဂါ တသက်လုံး ဝေဒနာခံစားနေရမဲ့ရောဂါ တသက်လုံးဆေးသောက်နေရမဲ့ရောဂါ တသက်လုံး ကိုယ်စားချင်တာမစားရတဲ့ရောဂါ ..။ ဖြစ်ပြီဆိုမှတော့ ဆေးတွေတဖြည်းဖြည်းတိုးသောက်ရပါတော့မယ်။ ဒီရောဂါဟာ အခုကျနော်ပြောပြနေတာတွေတင်မကပါဘူး အတော်ဂွကျတဲ့ရောဂါပါ ..။ ဆီးချိုမတက်အောင်ထိန်းတဲ့ဆေးက ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါကြောင့်ဆရာဝန်တွေက ဆေးကိုလျှော့ပေးချင်ကြပါတယ်။ အစာလျှေားစားပြီးလေ့ကျင့်ခန်းလုပ်ရင်အကောင်းဆုံးပါ။ အစာလျှော့တော့အားနဲလာပြန်ပါတယ် ..။ အားနဲလာတော့အိပ်လို့မပျော်။ အိပ်မပျော်တော့ အိပ်ဆေးပေး ..။ အိပ်ဆေးတွေ နှစ်ရှည်သောက်တော့ အာရုံကြောတွေ ထိုင်းပြီး ဘာကိုမှစိတ်ဝင်စားမှုမရှိတော့ဘဲ ဒီပရက်ရှင်းဝင်လာပါတော့တယ် .။ စိတ်ပိုင်းဆိုင်ရာဆရာဝန်နဲ့ဆွေးနွေးကြည့်ဘူးပါတယ် ။ အဲဒီကိစ္စဘယ်လိုမြင်ပါသလဲခင်ဗျာ ..။ ကျနော်တို့ကတော့မထောက်ခံပါဘူး ..။ ဆီးချိုဝေဒနာရှင်တယောက်ကို stress များလို့ အိပ်ဆေးပေးမဲ့အစား အခြားနည်းနဲ့ အခြားဆေးနဲ့ဖြေရှင်းတာကောင်းပါတယ်။ အိပ်ဆေးဟာ ကြာလာရင်စွဲသွားပါလိမ့်မယ် …။ […]