.စာအုပ်အမှာစာရေးပေးသော ဆရာဦးဝင်းတင် အား ကျေးဇူးတင်ပါသည်။ အမှာစာ ဖတ်ပြီးလျှင် စာဖတ်ပရိသတ်ကြီး စာအုပ်ကို စိတ်ဝင်စားကြလာလိမ့်မည်ဟု ယုံကြည်ပါသည်။ ————————————————————————————— .စီစဉ်သူ၏အမှာ .ဤစာအုပ်ရေးသူ ဘက်တီမာမွတ်ဒီသည် စာရေးဆရာ မဟုတ်ပါ။ သို့သော် သူ၏ .ဤစာအုပ်သည် အုပ်ရေ သန်းပေါင်းများစွာ ရောင်းရသည်။ ဤအမည်ဖြင့်ပင် ရုပ်ရှင်ရိုက်တော့လည်း ဝက်ဝက်ကွဲအောင်မြင်သည်။ ကျွန်တော်သည် မူရင်းစာအုပ်ကိုလည်း ဖတ်ဖူးသည်။ သူ့ ရုပ်ရှင်ကားကိုလည်း ကြည့်ဖူးသည်။ နှစ်ခုလုံး အောင်မြင်သည်ဆိုသော်လည်း ရုပ်ရှင်က ဝတ္ထုကို မမီပါ။ ———– . ဤစာအုပ်ကို ဖတ်နေရင်း ကျွန်တော်သည် ဆရာအောင်သင်း၏ စကားတစ်ခွန်းကို သွားမှတ်မိသည်။ . မိန်းကလေးတွေဟာ ကိုယ်ယူမယ့် ယောက်ျားကို ရွေးတာ ထဘီရွေးတာလောက်တောင် အချိန်မယူဘူး။ ထဘီတစ်ထည်ဝယ်ဖို့အရေး ဈေးကို ခေါက်တုံ့ခေါက်ပြန် ပတ်ပြီး […]