.စာအုပ်အမှာစာရေးပေးသော ဆရာဦးဝင်းတင် အား ကျေးဇူးတင်ပါသည်။ အမှာစာ ဖတ်ပြီးလျှင် စာဖတ်ပရိသတ်ကြီး  စာအုပ်ကို စိတ်ဝင်စားကြလာလိမ့်မည်ဟု  ယုံကြည်ပါသည်။
—————————————————————————————

.စီစဉ်သူ၏အမှာ

.ဤစာအုပ်ရေးသူ ဘက်တီမာမွတ်ဒီသည် စာရေးဆရာ မဟုတ်ပါ။ သို့သော် သူ၏ .ဤစာအုပ်သည် အုပ်ရေ သန်းပေါင်းများစွာ ရောင်းရသည်။ ဤအမည်ဖြင့်ပင် ရုပ်ရှင်ရိုက်တော့လည်း ဝက်ဝက်ကွဲအောင်မြင်သည်။ ကျွန်တော်သည် မူရင်းစာအုပ်ကိုလည်း ဖတ်ဖူးသည်။ သူ့ ရုပ်ရှင်ကားကိုလည်း ကြည့်ဖူးသည်။ နှစ်ခုလုံး အောင်မြင်သည်ဆိုသော်လည်း ရုပ်ရှင်က ဝတ္ထုကို မမီပါ။
———–
. ဤစာအုပ်ကို ဖတ်နေရင်း ကျွန်တော်သည် ဆရာအောင်သင်း၏ စကားတစ်ခွန်းကို သွားမှတ်မိသည်။
. မိန်းကလေးတွေဟာ ကိုယ်ယူမယ့် ယောက်ျားကို ရွေးတာ ထဘီရွေးတာလောက်တောင် အချိန်မယူဘူး။ ထဘီတစ်ထည်ဝယ်ဖို့အရေး ဈေးကို ခေါက်တုံ့ခေါက်ပြန် ပတ်ပြီး ရှာကြ၊ ရွေးကြ အချိန်အကုန် ခံကြပေမယ့် ယောက်ျားရွေးတာကျတော့  အဲဒီလောက် မကြာဘူး  ဟူ၍  ဖြစ်ပါသည်။  သူ့စကားလုံးအတိုင်း  အတိအကျ  မဟုတ်သော်လည်း  ဆိုလိုချက်ကတော့  ဤပုံအတိုင်းဖြစ်သည်။ ဤဝတ္ထု သည် ယောက်ျားရွေးတာကို ဂါဝန် ရွေးသလောက် (သူတို့ကတော့ ဂါဝန်ပဲ ဝတ်တာကိုး)  မကြာခဲ့သော အမေရိကန်သူ ဘက်တိမာမွတ်ဒီ၏  ဖြစ်ရပ်မှန် ဝတ္ထု  ဖြစ်သည်။
. ဝတ္ထု ၏နောက်ခံကာလမှာ  အီရန် အီရတ်  စစ်ဖြစ်နေချိန် ဖြစ်၍  ဝတ္ထု နောက်ခံ ဒေသမှာ အီရန်နိုင်ငံ ဖြစ်ပါသည်။
—-
.ဘဝခရီးဖော်ရွေးချယ်ရာတွင် အချစ်ကို အရင်းတည်ရမည် မှန်သော်လည်း  အခြား ထည့်သွင်း စဉ်းစားရမည့် အချက်များ ရှိပါသည်။ အိမ်ထောင်ဘက်ကို ဦးနှောက်နှင့် ရွေးချယ်ခြင်း၊ နှလုံးသားနှင့် ရွေးချယ်ခြင်း၊ ဘယ်ဟာမှန်သလဲဟု  မေးလျှင်  ယတိပြတ်  မပြောနိုင်သော်လည်း  တစ်ယောက်ဆို တစ်ယောက်ဟု အစွဲသန်ကြသူတို့ကိုကား   စောင်းတစ်လက်သည်  သီချင်းတစ်ပုဒ်တည်းတီးဖို့  မဟုတ်ကြောင်း  သိစေလိုပါသည်။
. ဝတ္ထု ကောင်းတို့မည်သည်  ဝတ္ထု ဆုံးမှ  အတွေးစပါသည်။  ဤ ဝတ္ထုကို ဖတ်ပြီးသောအခါ  ဝတ္ထု ဇာတ်လမ်းနှင့် ဝတ္ထု  က ပေးချင်သော အာဘော်သည်  သင့်ခေါင်းထဲမှ  တော်တော်နှင့် ပျောက်သွားမည် မဟုတ်ဘဲ  သင့်အတွေးများ  ဖြန့်ကျက် ကျယ်ဝန်းလာလိမ့်မည်ဖြစ်ကြောင်း ကျွန်တော် အာမခံပါသည်။

.ဝင်းတင်

.လောကသစ်စာပေ

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.