Nan ShinSeptember 28, 20111min1380
အခန်း(၁၀) ပညာသည် သားအမိ ဗေဒင်တွက်ချင်လို့ပါရှင်…                                                                                                                                                                 ပဲခူးမြို့    ရွှေမော်ဓောဘုရားအရှေ့ဘက်မုဒ်   ဦးခန္တီစောင်းတန်း၌  အခင်းကို ကျကျနနခင်းလျှက်တင်ပလ္လင် ဖွဲ့ထိုင်ပြီး ပုတီးစိတ်နေဟန်ရှိသော ဗေဒင်ဆရာအား သီတာဦးကပြောလိုက်ခြင်းဖြစ်သည်။  ၎င်းဗေဒင်ဆရာ သည်  အသက်လေးဆယ်ခန့် ရှိ၍   ညိုပုတ်ပုတ်တီရှပ်အကျႌီင်္ကိုဝတ်ထားသည်။ခါးကိုဆန့်လျှက်မျက်လုံးကို   စုံမှိတ်ပြီး ပါးစပ်  ကလည်းမည့်သည့်  အရာများကို  ရွတ်ဖတ်နေသည်မသိရွတ်ဖတ်နေသည်။    သီတာဦးမှာ အသက်ဆယ့်ငါးနှစ်ခန့်ရှိပြီး  ဟင်္သသာကုန်းမှနေ၍ ပဲခူးမြို့အမှတ်(၃)ကျောင်းတွင် (၉)တန်း တက်ရောက်နေသူဖြစ်သည်။  ဟင်္သာကုန်းနှင့်  အမှတ်(၃)ကျောင်းသည် အလွန်ဝေးပြီး ၎င်းထက်နီးသော ကျောင်းများရှိပါသော်လည်း သီတာဦးက၎င်းကျောင်းကိုသာ တက်လိုသည်  ဟုဆို၍ မိခင်ဒေါ်သီမှ ၎င်း၏ဆန္ဒကို လိုက်ရောကာ အမှတ်(၃)ကျောင်း၌အပ်ပေးထားခြင်းဖြစ်သည်။  သီတာဦးသည် ကျောင်းသွားတိုင်း ဦးခန္တီဆောင်းတန်းကြီးကို ခြေလျှင်လျှောက်ပြီး ရွှေမော်ဓော်ဘုရား အနောက်ဘက်မုဒ် သို့ ရောက်မှာသာလျှင ်ကားစီး၍ ကျောင်းသို့ဆက်သွားလေ့ရှိပြီး  အပြန်၌လည်း ထိုနည်းအတိုင်းကျောင်းမှ ရွှေမော်ဓောဘုရား […]


Nan ShinSeptember 27, 20111min112
အခန်း(၁၀) ပညာသည် သားအမိ ဗေဒင်တွက်ချင်လို့ပါရှင်… ပဲခူးမြို့    ရွှေမော်ဓောဘုရားအရှေ့ဘက်မုဒ်   ဦးခန္တီစောင်းတန်း၌  အခင်းကို ကျကျနနခင်းလျှက်တင်ပလ္လင် ဖွဲ့ထိုင်ပြီး ပုတီးစိတ်နေဟန်ရှိသော ဗေဒင်ဆရာအား သီတာဦးကပြောလိုက်ခြင်းဖြစ်သည်။  ၎င်း%


Nan ShinSeptember 23, 20111min151
အခန်း(၉)ကိုရင်သာဂိ ပြာလဲ့တောက်ပပြီး မိုးတိမ်ကင်းရှင်းနေသော ကောင်းကင်ပြာကြီး၏အောက်တွင် တယောက်တည်း မတ်မတ် ရပ်ရင်း တစုံတရာကိုစူးစိုက်ကြည်ရှုနေမိ၏။လေသည် တခါတရံတွင် ခပ်ကြမ်းကြမ်း တိုက်ခတ် လာပြီး တခါတရံလေနုအေးလေးတိုက်ခတ်၏။သာဂိ၏စိတ်သည်လည်း ၎င်းတိုက်ခတ်နေသော လေ၏ သဏ္ဍာန် နှင့်တူစွာ ငြိမ်သက်လိုက်လှုပ်ရှားလိုက်နှင့် ဖြစ်နေ၏။ကောင်းကင်ပြာကိုနောက်ခံထားလျှက်ရှိသော ရွှေရီ၏အပြုံးလေးများပေါ်လာလျှင် သာဂိ၏နူုးညံ့သောစိတ်အစဉ်သည် လှုပ်ခတ်ရွေလျှားလာပြီး မင်းပေးခဲ့တဲ့ ကတိတွေဟာ အပျော်တမ်းမဟုတ်ဘူး သာဂိ          ဟူသောအသံနဲ့  အတူပေါ်လာသော   အဘချို၏ မျက်နှာ ကိုမြင်လျှင် ငြိမ်သက် အေးဆေးသွားတတ်၏။ သာဂိ၏ ခန္ဓ္ဓာကိုယ် တည်းဟူသော နိုင်ငံတော် တခုတည်းတွင်နှလုံးသားသည်တခါတရံမင်းမူအုပ်စိုး၍တခါတရံတွင်အသိဉာဏ်တည်းဟူသောဦး နှောက်ကမင်းမူအုပ်စိုး၏။အသိဉာဏ်နှင့်နှလုံးသားထိုးစစ်ထိုးနေခြင်းဟုလည်းဆိုနိုင်၏။အသိဥဏ်ကအနိုင်ရ သောအခါတွင်အဘချိုသည်ဦးစားပေးအဆင့်သို့ရောက်လာ၏။နှလုံးသားကအနိုင်ရသောအခါတွင်ရွှေရီသည် ဦးစားပေးအဆင့်သို့ရောက်လာ၏။၎င်း ရွှေရီနှင့် အဘချိုတို့၏မျက်နှာများကိုမြင်ယောင်လာမှုသည် တဖြည်းဖြည်းမြန်လာ၏။ထို့ကြောင့်သာဂိ၏ စိတ်ဖြစ်စဉ်ပြောင်းလဲမှုသည်လည်း လှုပ်ရှားလိုက် ငြိမ်သက်သွားလိုက်နှင့်ဖြစ်လာ၏။ကိုယ့်ခံစားမှုဝေဒနာကို ကိုယ်တိုင်ပြန်သုံးသပ်မိ၏။ ၎င်းဝေဒနာကိုမကြိုက်။ လုံးဝမခံစားလို။ သို့သော် ၎င်းမျက်နှာနှစ်ခုသည် တပြိုင်နက်ပေါ်လာသည်ဟု ထင်ရလောက် အောင် […]


Nan ShinSeptember 21, 20112min1511
အခန်း(၈)ရင်ခုန်သံများနဲ့သာဂိ      သာဂိသည် အရိုက်ခံထားရသော ဒါဏ်ရာများ အနည်းငယ် သက်သာစပြုလာပြီဖြစ်၍ ကျောင်းခြံထဲသို့ ဆင်း၍ တံမြတ်စီးလှည်း၏။ မြက်ပေါက်၏။ ကျောင်းတွင်းသန့်ရှင်းရေးအားလုံးကိုတတ်နိင်သလောက်လိုက်လုပ်၏။ ထိုသို့လုပ်နေစဉ် ရွှေရီ၏ မျက်နှာလေးကို လဲတစိမ့်စိမ့်မြင်ယောင်နေမိ၏။သူ၏ အမြင်တွင် ရွှေရီသည်လှ၏။ချော၏။ချစ်စရာလည်းကောင်းလာ၏။မြင်ပြီးရင်း မြင်ချင် ကြည့်ပြီးရင်း ကြည့်ချင် လောက်အောင် ကို ဆွဲဆောင်မှုများလည်း ရှိနေ၏။ထို့ကြောင့် ရွှေရီသည် ကလေး လေးတယောက် မဟုတ်တော့ပါလား ဟူသောအသိလည်း ဝင်လာ၏။တမနက်ခင်းလုံး ဘာကိုပဲလုပ်လုပ် ရွှေရီ၏ ချွေးသီ်း ချွေးပေါက်လေးများ စို့ပြီး အသားရေစစ်နေသည့် မျက်နှာလေးကိုသာ ထပ်ခါတလဲလဲ မြင်ယောင် နေ၏။ပေါက်တူးနှင့် ပေါက်ထုတ်နေသော မြတ်ခင်းစိမ်းများကို မြင်လျှင် ရွှေရီ၏ နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး နုနုစိမ်းစိမ်းလေးတွေကို အစားထိုးမြင်ယောင်လာ၍ မြက်ပင်များကိုပင် ပေါက်တူးဖြင့် မပေါက်ရက် နိုင် အောင်ဖြစ်ခဲ့၏။ဆောင်းရနံ့ပင်မကုန်တတ်သေးသော တပေါင်းလ၏ […]


Nan ShinSeptember 19, 20111min2215
အခန်း(၇)ကပ္ပိယ သာဂိ               အရှေ့ အရပ်မှ  ထွက်ပေါ်လာသော   နေမင်းကြီးသည်   တနေ့တာ    မိမိ၏         တာဝန်များကို    ထမ်းဆောင်ပြီးပြီ   ဖြစ်၍   အနားယူ   အိပ်စက်တော့မည်    ဖြစ်၏။      ခင်သာရွာလေး၏      ဆည်းဆာချိန်အလှ      သည်     အရှေ့ဘက်  တွင်   လယ်ကွင်းကျယ်ကြီးများ     နှင့်         အနောက်ဘက်တွင်ပုကွကွ      အပင်ငယ်များ     ဟိုတအုပ်        ဒီတအုပ်       ပေါက်ရောက်   နေကြပြီး     တောင်ဘက်တွင်တော့    အလွန်တရာ     လှပသည့်      သဲချောင်းကြီး   တခုက      ကာရံထားသည်။          မြောက်ဘက်ခပ်လှမ်းလှမ်းတွင်    ဟိုတစု           ဒီတစု           တဲငယ်လေးများ   ရှိသည်။   ဆည်းဆာချိန်   လည်းဖြစ်နွားများကို       ချည်တိုင်   ပို့သည့်အချိန်     လည်း     ဖြစ်ခြင်းကြောင့်    နွားကျောင်းသား    တို့၏ အော်ဟစ်သံများ     […]


Nan ShinSeptember 15, 20111min2584
အခန်း(၆)  ဗြဟ္မစိုရ် သာဂိ    လင်းကြက်တို့တွန်နေပြီဖြစ်၏။ အရောင်းအဝယ်ကိစ္စဖြင့် မြို့သို့တက်ကြမည့်နွားလှည်းသံများသည်လည်း ကြားနေရပြီဖြစ်သလို သစ်ခုတ်ဝါးခုတ်ရန်အတွက် တောသို့သွားကြမည့်ရွာနီးချုပ်စပ်မှ လှည်းသံများ လူသံများကိုလည်းကြားနေရချေပြီ။     ၎င်းအသံများသည်   နေ့စဉ်စောစောထလေ့ရှိသော       သာဂိအဖို့ မထူးဆန်းတော့ချေ။ နေ့တဓူဝလှုပ်ရှားသွားလာပြီး နွမ်းကာမအေးရသည့် ဝမ်းစာရေးအတွက် လမ်းတကာပြေးနေရခြင်းသည်ပင် ခင်သာရွာကလေး၏ အကြီးကျယ်ဆုံးသော ဘဝတိုက်ပွဲများ မဟုတ်ပါလော။ထို့ထက်ကြီးမားသောတိုက်ပွဲမရှိတော့။မိမိအတွက်အလွန်တရာတန်ဖိုးကြီးမားသည့်ရတနာ အိုးကြီးသဖွယ် တန်ဖိုးထား၍ အလွန်တရာမှ ထူးခြားသော အကြောင်းအရာများကိုပြောဆိုတတ်သော အဘချိုအား သက်ဆုံးတိုင် ချဉ်းကပ်ခစားတော့မည်ဟုဆုံးဖြတ်ထားခဲ့သည်။ဆုံးဖြတ်ထားသည့်အတိုင်းလည်း မိမိ၏ဆန္ဒအတိုင်း သက်ဆုံးတိုင် ဆည်းကပ်ခွင်ရခဲ့သည်မဟုတ်ပါလော။ ဆည်းကပ်ခွင့်ရလိုက်ပါသည်။ သို့သော် ဘာရယ်ကြောင့်မသိ အဘချိုလဲကျသွားသည်။ အလွန်တရာမှစိတ်ပူလှသည်ဖြစ်၍ စိုးရိမ်တကြီးဖြင့် လျှင်မြန်စွာပြေးပွေ့ထားလိုက်သည်။ အဘချိုကို သက်ကြီးရွယ်အို အထီးကျန် ရောဂါသည်တယောက်အနေနှင့် စိုးရိမ် ပူပန်မှုများရှိခဲ့သည်။ တကယ်ဘဲ အဘချိုကို သက်ဆုံးတိုင်ဆည်းကပ်လိုက်ပါသည်။ သို့သော် အခုတော့ တန်ဖိုးရှိသောအရာဝတ္ထုတခု ဆုံးရှုံးမှာကို […]


Nan ShinSeptember 14, 20111min3498
အခန်း(၅)အဘချိုရဲ့နောက်ဆုံးခရီး နဲ့ သာဂိ           အဘချိုသည် ၎င်းသောက်ထားသော ရေနွေးများ သုံးအိုးမြောက် ကုန်သွားပြီဖြစ်၍ ထပ်မံလိုချင်ငြားသော် လည်း သာဂိအား ပြောချင်သည့်စကားများကိုကုန်အောင်မပြောလိုက်ရမည် ကို်စိုး၍ ထပ်တည်ခိုင်းခြင်းမပြုတော့ပဲ ရေနွေးကုန်နေကြောင်းကို မသိကျေးကျွန်ပြုထားလိုက်သည်။ လင်းကြက်ကတွန်လုဆဲ။ တခါတရံ ငှက်ဆိုးထိုးသံများကို ကျယ်လောင်စွာကြားရ၍ တခါတရံတွင် ရှည်လျှားစွာ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးတို့၏အသံများမှအပ မည်သည့်အသံကိုမျှမကြားရ။ အမှောင်ထုသည် လရောင်ကို ကိုက်စားဝါးမျိုပြီး တလောကလုံးကိုုုလွှမ်းခြုံထားပြီတည်း။ ၎င်း အမှောင်ထုကြီးအောက်မှာတော့ လူကြီးနဲ့လူငယ် နားလည်မှုအပြည့် ဖြင့် တောင်းသူက တောင်း၍ပေးသူကလည်း ပေးနေသည်၊ ပြောသူကပြော၍ မေးသူကလည်းမေးနေသည်လူကြီးကလည်း ငါလူကြီးပဲ မင်းထက်ငါသိတယ် ဆိုတဲ့သဘောနဲ့ စွတ်ပြောနေခြင်းမဟုတ်သလို လူငယ်ကလည်း လူကြီးပြောသမျှကို မှတ်သားစရာ များအဖြစ်ဖြင့် နာယူမှတ်သားနေသည်။ အမှန်တော့ ထိုစကားဝိုင်းလေးသည် တရားစကားများကိုထည်သွင်းဆွေးနွေးနေကြခြင်းကြောင့် မင်္ဂလာ ရှိနေခြင်း […]


Nan ShinSeptember 7, 20111min1351
အခန်း(၄)အဘချိုနဲ့ သာဂိ “အေးလေ မင်းက အဘမေးတဲ့ပုစ္ဆာကို မှန်အောင်ဖြေနိုင်တယ်ဆိုတော့ အဘအတွက် ဟန်ကျတာပေါ့ကွယ်၊ အဲ့ဒိအတွက်ကျေးဇူးတင်ပါတယ်၊    အဘရဲ့အကူအညီကိုတောင်းဖို့အတွက်အဘရဲ့ဇာတ်လမ်းလေးကိုတော့ အကျဉ်းချုပ်ပြောပြရမှာပေါ့”ဟုပြောလိုက်သည်။သာဂိလည်း ဆက်လက်၍ပြောလာမည့်စကားကို စူးစိုက် နားထောင်ဖို ့ရန်အသင့်အနေအထားဖြင့် ငြိမ်၍နားထောင်နေလိုက်သည်။ “လွန်ခဲတဲ့နှစ်ပေါင်း လေးဆယ် လောက်တုန်းကပေါ့ ကွယ်၊ အထက်အညာဒေသရဲ့တောရွာလေးတရွာကို အဘရောက်သွားခဲ့တယ်၊ အဲ့ဒိအချိန်တုန်းက အဘက ပညာရပ်မှန်သမျှတတ်ကိုတတ်ရမယ် ဆိုတဲ့အဓိဋ္ဌာန်နဲ့ပါဠိ၊ သက္ကတ၊ဟိန္ဒူ၊အင်္ဂလိပ်စတဲ့ဘာသန္တရဘာသာရပ်တွေအပြင် မြန်မာ့ဆေးကျမ်းပေါင်းများစွာ ကိုလည်း ထုံးလိုမွှေရေလိုနှောက်ပြီးလေ့လာခဲ့တယ်၊ ဒါပေမဲ့ဗေဒင်ပညာရပ်နဲ့တော့ အတော့်ကိုအလှန်းဝေးခဲ့တယ်၊ အဲ့ဒိအတွက်ဗေဒင်ပညာရပ်ကိုလေ့လာလိုက်စားချင်လို့စုံစမ်းလိုက်တော့ အညာဘက်မှာ ဗေဒင်ကို တဖက် ကမ်းခတ်တတ်မြောက်တဲ့အထိသင်ပေးနိုင်တဲ့ ဆရာကြီးတဆူရှိတယ်လို့သတင်းကြားလို ့မရ ရအောင ်စုံစမ်း ပြီးရောက်သွားခဲ့တာ၊အဲ့ဒိရောက်တော့ဆရာကြီးကလွယ်လွယ်ကူကူပဲလက္ခံသင်ကြားပေးခဲ့ပါတယ်၊                         ဒါပေမဲ့မသင်ကြားပေးခင်ကာလမှာတော့ ငါးပါးသီလ ယူရတယ်၊ဒီပညာရပ် န ဲ့ပတ် သက် တဲ့စည်းကမ်းတွေကိုတစ်သွေမသိမ်းလိုက်နာပါမယ်ဆိုတဲ့ဝန်ခံကတိပြုချက်ကိုတော သစ္စာဆိုရတယ်၊ ဆရာကြီးမှာကတပည့်တွေအများကြီးရှိတယ်၊ သမီးတစ်ယောက်လည်းရှိတယ်၊ ဆရာကြီး မအားလပ် […]