naywoon niNovember 21, 20101min2795
မနေ့ကဆူးမပိုစ့်လေးဖတ်ပြီးကထဲက…သတိရလို့လိုက်ရှာရတာတော်တော်နဲ့ကိုမတွေ့နိုင်ဘူး….။ လွန်ခဲ့တဲ့သုံးလလောက်ကသူငယ်ချင်းတစ်ယောက်ကဓမ္မဒါနပြုဝေထားတဲ့…မေတ္တရှင်ရွှေပြည်သာရဲ့ဩဝါဒလေးတွေပါ ဆရာတော်ကစာတစ်အုပ်ထဲမှာရေးခဲ့ပါသတဲ့…မြန်မာတွေအလှူတွေမပြတ်ပြုနေပါလျက်နဲ့ဘာလို့ဆင်းရဲနေကြရသလဲဆိုတာကို ဆန်းစစ်မိတော့ဆင်းရဲရခြင်းအကြောင်း(၁၁)ပါးပေါ်လာပါတယ်…။ အဲဒါတွေကတော့……. ၁။လိုအပ်သောနေရာတွင်မလှူဘဲ..မလိုအပ်သောနေရာတွင်လှူကြခြင်း ၂။သမ္ပဒါလေးပါးချို့ယွင်းခြင်း ၃။စီးပွားရေးကိုမေတ္တာဖြင့်မရှာဘဲဝိသမာလောဘဖြင့်ရှာဖွေခြင်း ၄။ပျင်းရိခြင်းကိုရောင့်ရဲခြင်းဟုအထင်မှားခြင်း ၅။ကိုယ့်ကိုကိုယ်မထိန်းသိမ်းနိုင်ခြင်း ၆။အချိန်တန်ဘိုးကိုမသိခြင်း ၇။ကိုယ့်ထက်သာလျှင်မနာလိုခြင်း ၈။စာပေဗဟုသုတမရှိခြင်း ၉။ဒေသန္တရဗဟုသုတမရှိခြင်း ၁၀။ခေါင်းဆောင်စိတ်နဲခြင်း ၁၁။ကိုယ့်အားကိုယ်ကိုးလိုစိတ်နဲခြင်း…….တို့ဖြစ်ပါသတဲ့.။ဒါလေးကိုသူငယ်ချင်းကစာစီပြီးတော့ဒါနပြုဝေထားတာပါ ခေါင်းစဉ်က”ဆင်းရဲရခြင်းအကြောင်း(၁၁)ပါးပါတဲ့…….။ကျွန်တော်တို့ကောဘယ်နှစ်ချက်လောက်နဲ့လာညှိနေပါသလဲ? နံပါ(၂)ဖြစ်တဲ့”သမ္ပဒါလေးပါးချို့ယွင်းခြင်း”ဆိုတာကိုမရှင်းလို့စာအုပ်တွေမှာလိုက်ရှာကြည့်ကြတော့ဆရာကြီးဦးသုခရဲ့ “သုခမှတ်စု”မှာဒီလိုလာတွေ့ပါတယ်…….။ လောကီသမ္ပဒါလေးပါး (က)ဥဌာနသမ္ပဒါ =ထကြွလုံ့လစိတ်နဲ့ပြည့်စုံခြင်း (ခ)အာရက္ခသမ္ပဒါ =လုံ့လဝီရိယကြောင့်ရရှိသောဥစ္စာပစ္စည်းတို့ကိုမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း (ဂ)ကလျာဏမိတ္တသမ္ပဒါ =မိတ်ကောင်းဆွေကောင်းများနဲ့ပေါင်းဖော်ခြင်း (ဃ)သဇီဝိတသမ္ပဒါ =ဥစ္စာအင်းအားနဲ့တိုင်းထွာ၍ညီမျှစွာအသက်မွေးခြင်း လို့တွေ့ပါတယ်……။ ကျွန်တော်တို့ရဲ့တရားတော်မှာ..ဆင်းရဲခြ်ငးအကြောင်းချမ်းသာခြင်းအကြောင်းတွေရှိပြီသားပါ…။ဒါကိုဗုဒ္ဓဘာသာလို့ပြောထားတဲ့ သူတိုင်းကမလိုက်နာကြတာလို့ပါ……။မှတ်သားထားဖူးပါသေးရဲ့..ဗုဒ္ဓဘာသာလို့ပြောပြီးဗုဒ္ဓအဆုံးအမကိုမလိုက်နာနိုင်တာလည်းမြန်မာ ပြည်ပါပဲတဲ့လေ.. ဆူးမပြောသလိုမလှူတတ်…မမျှဝေတတ်ရင်ဆင်းရဲခြင်းကတော့နောက်ကကပ်ပါလာမှာမဆန်းပါဘူး..။ဘုရားစင်ပေါ်အသီးစိမ်းတွေ တင်လှူတာကနဲနဲတော်ဦးမလားပဲ…..အုန်းသီးစိမ်း..ငှက်ပျောသီစိမ်းတွေတင်ထားထာကနတ်ပွဲကျနေတာပဲ..။တကယ့်တော့သာသနာပြု နေတဲ့သူတွေထက်ဖျက်နေတဲ့သူတွေများနေတာပါ……။အုန်းပွဲ..ငှက်ပျောပွဲဆိုတာကနတ်နဲံ့ပဲဆိုင်တဲ့နတ်ရိုးရာဓလေ့ပါ..။ကျွန်တော့ဘကြီး ပြောခဲ့တာပြန်ပြောရရင်တော့မကောင်းဘူး..။ဒါပေမဲ့မှန်နေတာတွေချည့်ဆိုတော့..ခုလူငယ်လေးတွေကြားဖူးအောင်တော့ပြန်ပြောရမှာပဲ…။ “တစ်ကယ်တော့နတ်ဆိုတာအစိမ်းသေနဲ့သေကြတဲ့သူတွေချည့်ပဲငါ့မြေး….ပြီးတော့သူတို့ကဒေါသနဲ့သေခဲ့ကြတာဆိုတော့လူတွေကကြောက် ကြတယ်..။.ငှက်ပျောသီးအစိမ်းတောင်မှသူတို့ဒေါသတွေကြောင့်အမြန်မှည့်ကြရတယ်..အုန်းသီးကလည်းသူတို့ဒေါသကြောင့်ပဲတစ်ခါတစ်လေ ပွင့်ထွက်ကုန်တာ……လူတွေကမစဉ်းစားတတ်လို့သာသူတို့ကိုကိုးကွယ်နေကြတာ….မစဉ်းစားတတ်တာမဟုတ်ပါဘူးလောဘကြီးကြလို့ပေါ့ ကိုယ်လုပ်ထားတဲ့အလုပ်ထက်ပိုပြီးလိုချင်တတ်မက်မောတဲ့သူ..။ဘာမှမလုပ်ထားပဲသူများဥစ္စာလိုချင်နေတဲ့သူကိုလောဘကြီးတယ်လို့ခေါ်တယ်.. သူတို့ကိုပုံမှန်မပူဇော်မပသရင်..ဒေါသပိုကြီးတယ်..။လူတွေကိုဒုက္ခပေးတတ်တယ်..။ကိုယ့်ကိုမစဖို့မသေချာပဲဒုက္ခပေးဖို့သာသေချာတဲ့သူကို အိမ်မှာမထားသင့်ဘူး..။ဒါကြောင့်ဘကငါကအိမ်ဦးနတ်..ငါ့အပြင်တစ်ခြားနတ်မရှိရဘူးဆိုပြီးလုပ်ထားတာ..။အိမ်တွင်းအုန်းလဲဆွဲမထားရဘူး..။ အိမ်လေးလို့….အရက်သမားနတ်တွေ..သူတို့ဘယ်ဆက်သနေမလဲ..ကိုယ့်ဖာသာတောင်သောက်မဝရတဲ့ခြားထဲက……………………” သူတို့အတွက်ကုန်မဲ့အစားဘုန်းကြီးကျောင်းသွားပြီးလိုအပ်နေတာလေးတွေလှူလိုက်ရတာကချက်ခြင်းချမ်းသာတယ်…………………… ဘာလို့လဲသိလား..နတ်ပွဲတွေမြင်ဖူးတယ်မို့လား..။ဆိုင်းသံတစ်ညံညံနဲ့..နတ်ဝင်ရင်ဆဲတဲ့နတ်ကပါလိုက်သေးတယ်..။ဘုန်းကြီးကျောင်းသွား လှူလိုက်တော့ဆိုင်းသံလည်းမကြားရဘူး.။ဆဲသံလည်းမကြားရဘူး..။ဘုန်းကြီးကဆုတွေပေး…ကိုယ်ကသာဓုလိုက်ခေါ်ဘယ်လောက်ဧချမ်းသလဲ? ပြီးတော့ဘုရားကိုမလှူရတဲ့အရာတွေရှိသေးတယ်…အရက်နဲ့မူးယစ်စေတတ်တာတွေမလှူရဘူး..။စားဖွယ်တွေလှူရင်လည်းချက်ခြင်းစားသောက် နိုင်တာကိုပဲရွေးလှူရတယ်..။ပြီးရင်မွန်မတိမ်းခင်ပြန်စွန့်ရတယ်..။သစ်သီးတွေကိုလည်းအစိမ်းမလှူရဘူး..။အဆင်သင့်ဘုန်းပေးနိုင်ရုံပြုပြင်ပြီးမှကပ်လှူ ရတယ်…။ခုတော့မဟုတ်ကြပါဘူး..။ငှက်ပျောသီးကိုလည်းအစိမ်း..။သရက်သီးဆိုလည်းအတွဲလိုက်..။မလုပ်ရဘူး.။ကိုယ့်ထက်ကြီးတဲကသူ..။ဧည့်သည် လာရင်တောင်မှအဲဒိလိုကျွေးဖူးသလား?ဟိုကဘုရား….။ပြီးတော့သက်ရှိရှင်ကြားရှိစဉ်ကတည်းက..ဆားတစ်ဆုပ်သိမ်းထားခဲ့တယ်လို့ဘယ်ကျမ်းဟန်မှာ မှမရှိခဲ့ဘူး..။မင်းတို့နတ်တွေသာ..ဝါဝင်ကဝါထွက်သူတို့စင်ပေါ်အတင်ခံတာ..။ပြီးတော့ဝါဝင်တာထွက်တာနဲ့ပါတ်သက်ပြီးပြောစရာရှိသေးတယ်..။ နောက်မှဆက်ပြောပြမယ်..။ခုတော့လှူတာလောက်နဲ့ပဲရပ်ကြစို့………။လူတွေကမလှူတတ်လို့ကုသိုလ်ရသင့်သလောက်မရ.. ဘယ်လိုလုပ်ရပါ့မလဲ..လှူတယ်ဆိုတာကိုယ်ပိုင်ပစ္စည်းဥစ္စာကိုစွန်ံလွှတ်လိုက်တာပဲဒါကိုငါ့အလှူဆိုတဲ့စိတ်ကစွဲနေတယ်……..။သံသရာကိုတိုတိုဖြတ်ရမှာ သံသရာရှည်ချင်နေကြတော့ဆင်းရဲကြတာပေါ့..။