cobraFebruary 12, 20111min891
အာရပ်ကမ္ဘာနှင့် အခြားကမ္ဘာ့ အာဏာရှင်နိုင်ငံများကိုပါ ဂယက်ရိုက်ခဲ့သည့် (၁၈) ရက်ကြာ အီဂျစ်တော်လှန် ရေးက နှစ် (၃၀) ဖိနှိပ်အုပ်ချုပ်ခဲ့သူ သမ္မတ ဟို့စ်နီမူဘာရက်ခ် ရာထူးနှုတ်ထွက်ပေးမှုနဲ့အတူ အကြီးအကျယ် အောင်ပွဲဆင်နိုင်ခဲ့ပြီဖြစ်သည်။ သောကြာနေ့ ညနေပိုင်းတွင် အီဂျစ် ဒုတိယသမ္မတ အိုမာဆူလေမန်က အစိုးရရုပ်သံကနေ မူဘာရက်ခ် နှုတ် ထွက်ပြီး စစ်ကောင်စီကို အာဏာလွှဲကြောင်း တမိနစ်ခန့် ကြေညာအပြီးမှာ အီဂျစ်တစ်နိုင်ငံလုံး ကားဟွန်းသံ များ၊ ဗြောက်အိုးဖောက်သံများ၊ မီးရှုးမီးပန်းများ၊ အော်ဟစ်သံများ ဘဝဂ်ညံသွားသည်။ “အီဂျစ် လွတ်လပ်ပြီ၊ အီဂျစ်မြေ လွတ်လပ်ပြီ၊ အီဂျစ်အားလုံး ခေါင်းမော့ထားကြ” ဆိုတဲ့ သန်းချီ ဆန္ဒပြသူတွေ ရဲ့အောင်ပွဲ ပျော်ရွှင်အော်ဟစ်သံများမှာ ပျားရည်ထက်ချိုမြိန်လွန်းနေသည်။ ဒီဇင်ဘာ (၂၅) ရက် အီဂျစ်ရဲတပ် ဖွဲ့နေ့ ဆန္ဒပြပွဲ စတင်ကတည်းက […]