manawphyulayDecember 4, 20121min1236
အရင်တုန်းကတော့ ဒီလိုအလုပ်အကိုင် ကျွမ်းကျင်မှုမျိုးကို သင် သတိထားမိမှာ မဟုတ်ပါဘူး။ အခု ၂၀၁၂ ခုနှစ်မှာ ဟိုတယ်အတော်များများ ဈေးကွက်အတွင်း အလုအယက် နေရာယူလာကြပြီး နိုင်ငံတကာ ခရီးသွားများ မြန်မာနိုင်ငံသို့ အဝင်များလာခြင်း ရှိကြသည့်အပြင် ဟိုတယ်များကိုလည်း နိုင်ငံတကာ အဆင့်အတန်းမီစေဖို့ သရီးစတား၊ ဖိုးစတား၊ ဖိုက်စတားအဆင့်တွေ သတ်မှတ်လာကြတာကို တွေ့ရှိလာ ရပါသည်။ ဟိုတယ်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်တွေကိုလည်း စဉ်းစားလို့ လာကြပါပြီ။ ဟိုတယ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ ဘာသာရပ်တွေကတော့ အများကြီးရှိပါသည်။ အခုဆိုရင် ကမ္ဘာတစ်ဝန်း နိုင်ငံများရဲ့ ဟိုတယ်နယ်ပယ်မှာ ကျွမ်းကျင်ဝန်ထမ်း ခေါ်ယူခန့်ထားဖို့ဆိုတဲ့ ကိစ္စက တကယ့်ကို အရေးပါလာတယ်ဆိုတာ သိသာနေပါပြီ။ ဘယ်လိုကျွမ်းကျင်ဝန်ထမ်းမျိုး လိုအပ်နေပြီလဲ။ ဘယ်နေရာတွေမှာ ဘယ်ဝန်ထမ်းတွေနဲ့ အဆင်ပြေ ဆက်သွယ်ပြီး ဘယ်လိုလူမျိုးတွေ ထားရှိမလဲ သိချင်ကြ […]