lu ta loneMay 19, 20101min4069
တစ်ခါတုန်းက လင်မယားနှစ်ယောက်ရှိသတဲ့။ ယောက်ျားဟာ တစ်နေကုန် အလုပ်သွားပြီး မိန်းမက အိမ်မှာပဲ တစ်နေကုန်နေရတယ်တဲ့။ တစ်နေ့မှာတော့ ယောက်ျားကစဉ်းစားသတဲ့.. “အင်း. ငါကတော့ တစ်နေကုန် ရုံးမှာ အလုပ်လုပ်ရတယ်.. ငါ့မိန်းမကတော့ တစ်နေကုန်အိမ်မှာပဲ ထိုင်နေတယ်.. မတရားလိုက်တာနော်.. ” ဆိုပြီးတွေးမိသတဲ့။ ဒါနဲ့ ညအိပ်ရာဝင်ခါနီးကျတော့ ဘုရားရှေ့မှာ ဆုတောင်းရော.. “အရှင်ဘုရား.. တပည့်တော်ကတော့ တစ်နေကုန်အလုပ်သွားပြီး တပည့်တော်ရဲ့မိန်းမကတော့ အိမ်မှာပဲထိုင်နေတယ်ဘုရာ့. မတရားပါဘူး.. ဒါကြောင့် တပည့်တော်နဲ့ တပည့်တော်ရဲ့ မိန်းမကို နေရာချင်းလဲပေးပါဘုရာ့..” ဆိုပြီး ဆုတောင်းသတဲ့။ အဲ့ဒါနဲ့ ထူးဆန်းစွာပဲ နောက်တစ်နေ့မှာ ယောက်ျားက မိန်းမဖြစ်ပြီး မိန်းမက ယောက်ျားအဖြစ် ပြောင်းသွားသတဲ့။ ဒီလိုနဲ့ အဲ့ဒီဘဝပြောင်းပြောင်းချင်းနေ့မှာပဲ မိန်းမ(ယခင်ကယောက်ျား)က နံနက်ကို အစောကြီးထရပြီး မိသားစုအတွက် ထမင်းတွေချက်.. ကလေးတွေကို ကျောင်းပို့.. […]