Ma MaJuly 4, 20141min42331
လေးဇီးကွတ်ရဲ့ထုံးစံအတိုင်း လွယ်ကူပေါ့ပါးစွာ ချက်နိုင်တဲ့ ကြက်သားကော်ဖီမှုန့်ဟင်းပါ။   စားနေကျအရသာနဲ့မတူပဲ ကော်ဖီမှုန့်ရဲ့ ခါးစိမ့်စိမ့်အရသာနဲ့ပေါင်းပြီး အရသာထူးခြားတဲ့ကြက်သားဟင်းလျှာကို ရရှိစေနိုင်ပါတယ်။   ဒါ့အပြင် လွယ်ကူသက်သာလို့ ချွေးတစ်စက်မှ မထွက်ဘူးဆိုရင် …………………. မီးချောင်ဝင်နေရတဲ့ အိမ်ရှင်မတွေ (အိမ်ရှင်ထီးတွေကတော့ ကိုယ့်ထက်ပိုကျွမ်းတာမို့ သူတို့မပါ) မျက်ခုံးတစ်ချက်ပင့်ဖြစ်သွားကြမယ်ထင်ပါရဲ့။ :chit:   မီးဖိုချောင်ဝင်တာနဲ့ ချက်တာကနည်းနည်း၊ ချွေးထွက်တာက များများဖြစ်တတ်တဲ့ ကိုယ့်အတွက်တော့ အလွန်သဘောကျစရာကောင်းတဲ့အချက်တစ်ချက်ပါပဲ။ 🙂   ကြော်ငြာနဲ့တင် အတော်ရှည်သွားပြီ။   ကဲ- ချက်နည်းစပါပြီ။  :s:   ပါဝင်ပစ္စည်းတွေအနေနဲ့…………….. ၁။ ကြက်သား ၁၅ကျပ်သား ၂။ ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်းကြီး ၁ဇွန်း ၃။ ထောပတ် လက်ဖက်ရည်ဇွန်းကြီး ၁ဇွန်း ၄။ သကြား လက်ဖက်ရည်ဇွန်းသေး ၁ဇွန်း […]