Ma EiJune 11, 20152min32121
  ဒီတစ်ခါတော့ ကြက်သားကြော် နဲ့ ပုဇွန်ပွကြော် ကြော်မှာပါ…. ကြက်ကြော် အတွက် ကြက်ရင်ပုံတစ်ခြမ်း ကို အသားထွင် မထူမပါးလှီး ဆားနနွင်း အရသာမှုန့်နယ်ပြီးနှပ်ထားပါ… ကြက်ဥတစ်လုံး ခလောက်ထားပါ… အကြော်မှုန့်၊ ပေါင်မုန့်ခြောက်အမှုန့် တွေကိုတော့ အလွယ်တကူ ရယ်ဒီမိတ်အမှုန့်တွေဘဲ သုံးလိုက်ပါမယ်နော်… မီးဖိုပေါ်မှာတော့ အကြော်အိုးကို ဆီများများထည့်လို့ ဆူအောင်တည်ထားပါနော်… အဲ့ဒီနောက် နာရီဝက်လောက် နှပ်ထားတဲ့ ကြက်သားကို အကြော်မှုန့်နဲ့ နယ်လိုက်ပါမယ်…   ပြီးရင် တစ်ဖတ်ချင်းစီ ကြက်ဥခလောက်ရည်ထဲထည့်လိုက် ပေါင်မုန့်ခြောက်မှုန့်ကပ်လိုက်လုပ် ကာ ဆီပူအိုးထဲထည့်ကြော်ပါ. ရွှေညိုရောင် သန်းလာရင်တော့ ဆယ်ပြီးဆီစစ်ထားလိုက်ရင် မွှေးကြွပ်ရွနေတဲ့ ကြက်ကြော်ရပါပြီ… ပုဇွန်ပွကြော် အတွက် ပုဇွန်ကို အမြီးချန်ခွာပါ.. အကြောပြတ်စေရန် ပုဇွန်ဗိုက်ကို ကန့်လန့်ဖြတ် သုံးချက်လောက်မွှန်းလိုက်ပါ… ဒါမှ ကြော်တဲ့အခါ ကွေးမသွားမှာ […]