နေညိုညနေခင်းတစ်ခုမှာ ဆူညံနေတဲ့ ရွာကလေးက အနောက်ဘက်အရပ်က နေလုံးကြီးကို လက်ပြနုတ်ဆက်နေတယ်။ နွားသံ၊ ဆိတ်သံတွေနဲ့အတူ ယာထဲမှ ပြန်လာကြတဲ့ လူသံတွေကလည်း တစ်ရွာလုံးကို အုတ်အော သောင်းနင်းမှန်စေတယ်။ ခြူသံ၊ ခလောက်သံတွေက ဖုန်တထောင်းထောင်း ကြားကနေ ထွက်ပေါ်နေပြီး ဆိတ်တွေ၊ နွားတွေက ဖုန်လုံးကြီးတွေကြားမှ တစ်ကောင်ပြီးတစ်ကောင် ဘွားခနဲ ဘွားခနဲပေါ်လာလိုက်ပုံများ အသည်းယားစရာ။ ဦးလေးရဲ့ အိမ်အောက် ကွတ်ပျစ်ပေါ်ကနေ ရွာကလေးရဲ့ ညနေ အလုပ်သိမ်းချိန်ကို ကျွန်တော်က လိုက်ပါ စီးမျောမိနေတယ်။ နေလုံးကြီး ပျောက်ကွယ်သွားသည့် တိုင်အောင် ပူလောင်အိုပ်စပ်မှုက ပျောက်မသွားပဲ တိုးလို့လာနေတယ်။ စွပ်ကျယ်တစ်ထည်ဝတ်ပြီး ယပ်တောင်တစ်ချပ်နဲ့ထိုင်နေတဲ့ ကျွန်တော်ကို အဝေးကနေ လှမ်းမြင်ရရင် ပူတတ်ရန်ကောရယ်လို့ မေးငေါ့သွားနိုင်တယ်။ ကျွန်တော် တစ်ယောက်တည်းမို့ ညနေ နေညိုရင် ရောက်လာမယ့် ညီတစ်ဝမ်းကွဲ […]