ဆူးFebruary 25, 20121min42838
အိမ်မှာ ကြာပန်းလေးတွေ ရောင်စုံ စိုက်ပျိုးခဲ့တာကတော့ အသိတယောက်က စပြီး အပင်လေးတွေ လက်ဆောင်ပေးတာကနေစပြီးတော့ အိမ်မှာ ကြာပင်လေးတွေ စိုက်ပျိုးခဲ့တယ်။ ပန်းပင်တွေ ရောင်းတဲ့ ဆိုင်တွေကို ရောက်ရင် အိမ်မှာ မရှိသေးတဲ့ အရောင်လေးတွေ ရှာဝယ်ခဲ့တယ်။ အရူးထခြင်း တမျိုးဖြစ်မှာပေါ့။ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ မနက်စာ သွားစားခဲ့ရင်လည်း အဝင်အထွက်တိုင်းမှာ ပွင့်လန်းနေတဲ့ ကြာပန်းပင်လေးတွေကို အားကျမိတယ်။ ကြာပန်းလေးတွေရဲ့ သဘာဝက မနက် နေရောင်ခြည်မှာ ပွင့်လန်းကြပြီးတော့ ၁၂နာရီ ကျော်ရင်တော့ ကြာပန်းလေးများ ပြန်ငုံသွားတတ်ပါတယ်။ အပွင့် တခါပွင့်ရင် ၅ရက် မှ ၁ပတ်လောက် အထိ ခံပြီးတော့ မနက်ပွင့်လိုက် နေစောင်းသွားရင် ပြန်ငုံ သွားလိုက်နဲ့ အပွင့်တပွင့် ပွင့်လို့ မဆုံးခင်မှာတင် နောက်ထပ် အပွင့် […]