unclegyi1974March 21, 20111min17921
မြန်မာ့၁၂လ ရာသီမှာလူကြီး လူငယ် အကုန်ပါဝင်ပြီး တတိုင်းတပြည်လုံးပါဝင်ဆင်နွှဲကြတာသင်္ကြန်လို့ ပြောရင်မဟုတ်ပါဖူးကွာလို့ငြင်းမဲ့သူမရှိဖူးလို့ထင်ပါတယ် သင်္ကြန်ဆိုတာနဲ့ ရန်ကုန်သင်္ကြန်နဲ့မန္တလေးသင်္ကြန် သူသာတယ်ငါသာတယ်နဲ့ ရန်ကုန်သားနဲ့မန္တလေးသူတို့ အပြိုင်ငြင်းခဲ့ကြတာလည်းခေတ်အဆက်ဆက်ကပါပဲ ကျွန်တော်ကိုယ်တိုင်ရန်ကုန်သားစစ်စစ်ဖြစ်သော်လည်း မန္တလေးသင်္ကြန်ကသာတယ်လို့ထင်မြင်ခဲ့ဖူးကြောင်းပါ ထင်ခဲ့ဖူးကြောင်းဆိုကတည်းကအခု တနည်းယနေ့ခေတ် မန္တလေးသင်္ကြန်နဲ့ရန်ကုန်သင်္ကြန်ဘာမျှမကွာတော့ဟုထင် မြင်မိကြောင်းပါ အန်ကယ်ကြီးနယ့်ဟိုးတုန်းကမန္တလေးသင်္ကြန်ကသာပြီး အခုမှဘယ်လိုဖြစ်လို့အတူတူလို့ပြောတာလဲလို့အမေးရှိရင် ကျွန်တော့်ဆီမှာအဖြေအသင့်ရှိကြောင်းပါခင်ဗျာ ဟိုးတုန်းကမန်းသင်္ကြန်ဆိုတာအလွန်ပျော်စရာကောင်းတာ ကလားနေ့ဖက်မှာပျော်ပျော်ပါးပါးရေပက်ကြရေပက်ခံထွက်ကြ အခုခေတ်လိုမီးသတ်ပိုက်တွေနဲ့ပက်ကြတာကလည်းရှိ တော့ရှိတယ်ရှားတယ်ဆိုရမလောက်ပါ သင်္ကြန်မကျခင် ကလေးကအစ ဘယ်သူမှရေပက်ချင်းမပြုကြပါဖူး အကြိုနေ့ တောင်ကလေးတွေပဲပက်ကြတာပါ လူကြီးတွေကဘယ် နေရာဘယ်အသင်းရှိတယ်ဆိုတာလိုက်ကြည့်တဲ့နေ့ပါ အကျနေ့ရောက်မှလူကြီးတွေလည်းရေပက်ကြ လိုက်လည်းကြ ကျုံပတ်လည်ကအစည်ဆုံးဆိုတာအထူးပြော စရာလိုမယ်မထင်ပါဖူး ရေပက်အသင်း ဆုပေးမန်းတပ်တွေ ကလည်းကိုယ့်လုံခြုံရေးနဲ့ကိုယ်မော်တော်ယဉ်တွေပိတ်ဆို့မှု မဖြစ်အောင်လမ်းရှင်းပေးကြပါတယ် ဆိုလိုတာကကျူံးဘက် ကိုကားဝင်သွားပြီးရင်တဖြည်းဖြည်းနဲ့ကျူံးကိုပတ်မိသွားတာ ပါပဲအခုခေတ်လိုအရက်ကအအေးဆိုင်နဲ့နင်လားငါလားပေါတာ မဟုတ်ဖူးလေ အရက်သောက်လည်တဲ့လူကလည်းနဲပါတယ်   နေဝင်ပြီဆိုတာနဲ့မန်းသင်္ကြန်ရဲ့အသက်ညပိုင်းကိုရောက်လို့ လာပါပြီ နေ့ဖက်မှာတနေကုန်အလှပျက်ခံရေကစားထား ကြတဲ့မန်းပျိုမေချောတွေရောအနယ်နယ်ကရောက်လာတဲ့ အပျိုချောတွေရောလူလုံးပြတဲ့အချိန်ရောက်ပြီလေ မန်းတလေးရဲ့အပူကိုညလေညင်းခံရင်းမန်းတပ်တွေလိုက် ကြည့်ကြပြီလေ အဲဒီအချိန်ဘယ်သူမှ ကလေးကအစရေမပက်ရတော့ပါဖူး ပက်တဲ့သူလည်းမရှိပါဖူး […]


cruzOctober 11, 20101min1743
မန္တလေးအောင်ပင်လယ်ရပ်ကွက်ရဲ့ရေကြီးနေတဲ့ ပုံတွေပါ.. တင်တာနောက်ကျတဲ့အတွက်တောင်းပန်ပါတယ် ခုချိန်မှာတော့ တစ်ချို့နေရာတွေ ရေပြန်ကျသွားပေမယ့် ခုပုံထဲမှာပါနေတဲ့နေရာတော်တော်များများကတော့ ရေထဲရောက်နေတုန်းပါပဲ … ကျန်တဲ့ မြို့သစ်တွေဖြစ်တဲ့ မြရည်နန္ဒာ ထွန်တုံး ပြည်ကြီးတံခွန်မြို့နယ်ထဲကနေရာအချို့ နဲ့ သမန်းကုန်းရပ်ကွက်တွေမှာလည်း ရေကြီးမှုတွေဖြစ်ခဲ့ပါတယ်…လူအသေအပျောက်ရှိပါတယ်…ကယ်ဆယ်ရေးတွေလည်း အချိန်မှီလုပ်ခဲ့ကြပေမယ့် တစ်ချို့ရပ်ကွက်တွေဆို ရေတက်တာ အရမ်းမြန်တဲ့အတွက် ဆုံးရှုံးမှုတွေများတယ်လို့ သိရပါတယ်.. လွန်ခဲ့သည့်ရက်များက မန်းလေးမှာ မိုးများ သည်းထန်စွာရွာသွန်းပြီးဆည်များမှလည်းရေမထိန်းနိုင်တော့ပဲရေများဖောက်ထုတ်ခဲ့ရာမှ ခုလိုဖြစ်ပွားခဲ့ရခြင်းဖြစ်ပါတယ်…မြို့ပေါ်ရှိလူမှုရေးအသင်းအဖွဲ့များ စေတနာရှင်များမှရေဘေးဒုက္ခသည်များအတွက်လိုအပ်သည့် စားစရာနှင့်သောက်သုံးရေများကို လှူဒါန်းလျက်ရှိကြပါတယ် အားရစရာပါခင်ဗျာ.. လာလှူတဲ့အဖွဲ့တွေကလည်းမနည်းဘူးဗျ ခြင်္သေ့တွေလည်းပါတယ်(သိတယ်နော်) သူတို့ကထိပ်ဆုံးကပေါ့ ကျန်တဲ့တစ်ဦးခြင်းအလှူရှင်တွေဆိုလည်းမနည်းပါဘူးဗျာ လာပြီးကူညီနေကြတာဒုက္ခသည်တွေအတွက် အားတက်စရာပါဗျာ ပုံတွေကတော့သေးနေလို့ကောင်းကောင်းမတွေ့ကြရဘူးဆိုရင် တောင်းပန်ပါတယ်ခင်ဗျာ… ဖုန်းကင်မရာနဲ့ရိုက်တာဖြစ်တဲ့အပြင်..ဆိုဒ်ကိုလည်းချုံ့ရိုက်လိုက်လို့ပါ။