လူတစ်ယောက်၏ ခံစားချက်အမှန်ကို သိရှိစေရန်မှာ ခက်လှပါသည်။ ဖြစ်ချင်ရာဖြစ်ဟု ရွက်လွင့်ပြီးခါမှ မဖြစ်နိုင်သော အခြေအနေကြောင့်နောက်ပြန်လှည့်ကြည့်ရခြင်းကို သူ မုန်းပါသည်။ မည်သို့သော ခံစားချက်မျိုးများ ဖြစ်ပေါ်သောကြောင့် သူ့ကို ဆင့်ခေါ်ရပါသနည်း။ သူ အပြေးအလွှား ပြန်လည်ရောက်ရှိချိန်တွင်မူ မြင်ကွင်းက မကောင်းလှ။ မနက်နေခြည်နုနု၏ အလင်းရောင်သည် ကုတင်ပေါ်၌ အရိုးပေါ်အရည်တင်လျှက် လဲလျောင်းနေသော လူမမာပေါ်တွင် ရေးရေးလေး ကျရောက်လျှက်ရှိသည်။ ထိုလူ့အတွက် အချိန်သည် သိပ်မရှိတော့။ အဝေးဆီကနေ ပြန်လာသော သူ့ကို စောင့်မျှော်နေဟန်ရှိသည်။ သူအခန်းတွင်သို့ ခြေတစ်လှမ်းစတင် ဝင်ရောက်လိုက်သည်နှင့် အားလုံး သော မျက်လုံးများသည် သူ့ထံသို့ စုပြုံကျရောက်လာသည်။ ထိုအကြည့်များကြောင့်ပင် သူ့ကိုယ်သူ သိမ်ငယ်သွားသယောင် ထင်လိုက်မိသေးသည်။ သို့သော် အပြစ်ရှိသူတစ်ယောက်၏ သိမ်ငယ်မှုမျိုးမဟုတ်ပေ။ လက်တလော ခံစားချက်ကြောင့် သူ့အား စောင့်မျှော်နေရလေခြင်းဟူသော စာနာစိတ်မျိုးမှ […]