ကျုပ်တို့မြန်မာတွေမှာစကားပုံတော်တော်များများရှိကြတယ်ဗျ စကားပုံတိုင်းကတော့ လူသားအကျိုပြုမဖြစ်နိုင်သလို တစ်ချို့စကားပုံတွေဟာ တစ်ခြားနိုင်ငံကလူတွေကို ပြောပြဘို့ဆို တော်တော်ရှက်ဘို့ကောင်းတဲ့လူတွေ စိတ်ဓာတ်အောက်တန်းကျတဲ့သူတွေလို့ ယူဆသွားနိုင်တဲ့ စကားပုံတွေရှိနေကြလို့ပါပဲ အခုတစ်လောပြောပြောနေကြတဲ့ လူသားအသိုင်းအဝိုင်း နေထိုင်ပြုမူဆက်ဆံရေးတွေ စည်ကမ်းကျနဲ့တဲ့ လူပတ်ဝန်းကျင်ဖြစ်ရေးတွေကို စင်္ကာပူလိုနိုင်ငံမျိုးတွေ လန်ဒန်လိုမြို့ပြကြီးတွေမှာနေထိုင်ကြတဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ နေထိုင်ကြတဲ့လူတွေရဲ့ စည်းကမ်းကျနမှုတွေနဲ့ နှိုင်းယှဉ်စံထိုးပြီးကြည့်လာကြတယ် ရေးလာကြတယ် ပြောလာကြတယ် အဲဒါတွေအတွက်…ကျုပ်တို့ မြန်မာပြည်သူတရပ်လုံးကို ဘယ်လို ချပြပြီး စည်းကမ်းကျနစေမှာလဲ ဘယ်ကစကြမလဲ ကိုကိုယ်တိုင်ကစမှဖြစ်မယ်ဗျ သူများကိုလက်ညိုးထိုးနေမယ်အစား ထိုးမယ့်လက်တွေကိုရုပ်ပြီး ရှေ့ကလုပ်ပြသင့်ပြီးထင်တယ်လေ…..။။။ ““အမဲတွေ့တုန်း..ဓါး မတုံးစေနဲ့”” ““ငါးမရ ရေချိုးပြန်”” ““အကြွေးဆိုရင်..ဆင်သက်စေ့ဝယ်”” ကျုပ်တို့မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို ပြင်မယ်ဆိုရင်တော့ အောက်ခြေကစရမှာပဲ ဒီနေရာမှာလူတော်တော်များများ ရဲ့ အကျင့်တန်တဲ့ စိတ်ဓါတ်အချို့ကိုပြောချင်သေးတယ် အလှူကြီးအတန်းကြီးပေးတဲ့ သဒ္ဒါတရားရှိကြသူတွေရှိသလို အဲဒီသဒ္ဒါကို ပျက်အောင်ဖျက်ကြတဲ့လူတွေလဲရှိပြန်တာပဲ ရပ်ကွက်ထဲကြည့်မိရင်ပဲသိသာလှတယ်ပါတယ် အလှူအိမ်သွားလို့ ဖိနပ်အသစ်ထုတ်မစီးရဲတဲ့ အဖြစ် စီးသွားမိရင်တောင် […]