““အမဲတွေ့တုန်း…ဓါး မတုံးစေနဲ””
ကျုပ်တို့မြန်မာတွေမှာစကားပုံတော်တော်များများရှိကြတယ်ဗျ
စကားပုံတိုင်းကတော့ လူသားအကျိုပြုမဖြစ်နိုင်သလို တစ်ချို့စကားပုံတွေဟာ တစ်ခြားနိုင်ငံကလူတွေကို
ပြောပြဘို့ဆို တော်တော်ရှက်ဘို့ကောင်းတဲ့လူတွေ စိတ်ဓာတ်အောက်တန်းကျတဲ့သူတွေလို့ ယူဆသွားနိုင်တဲ့
စကားပုံတွေရှိနေကြလို့ပါပဲ အခုတစ်လောပြောပြောနေကြတဲ့ လူသားအသိုင်းအဝိုင်း နေထိုင်ပြုမူဆက်ဆံရေးတွေ
စည်ကမ်းကျနဲ့တဲ့ လူပတ်ဝန်းကျင်ဖြစ်ရေးတွေကို စင်္ကာပူလိုနိုင်ငံမျိုးတွေ လန်ဒန်လိုမြို့ပြကြီးတွေမှာနေထိုင်ကြတဲ့
လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ နေထိုင်ကြတဲ့လူတွေရဲ့ စည်းကမ်းကျနမှုတွေနဲ့ နှိုင်းယှဉ်စံထိုးပြီးကြည့်လာကြတယ်
ရေးလာကြတယ် ပြောလာကြတယ် အဲဒါတွေအတွက်…ကျုပ်တို့ မြန်မာပြည်သူတရပ်လုံးကို ဘယ်လို ချပြပြီး
စည်းကမ်းကျနစေမှာလဲ ဘယ်ကစကြမလဲ ကိုကိုယ်တိုင်ကစမှဖြစ်မယ်ဗျ သူများကိုလက်ညိုးထိုးနေမယ်အစား
ထိုးမယ့်လက်တွေကိုရုပ်ပြီး ရှေ့ကလုပ်ပြသင့်ပြီးထင်တယ်လေ…..။။။
““အမဲတွေ့တုန်း..ဓါး မတုံးစေနဲ့””
““ငါးမရ ရေချိုးပြန်””
““အကြွေးဆိုရင်..ဆင်သက်စေ့ဝယ်””
ကျုပ်တို့မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို ပြင်မယ်ဆိုရင်တော့ အောက်ခြေကစရမှာပဲ ဒီနေရာမှာလူတော်တော်များများ
ရဲ့ အကျင့်တန်တဲ့ စိတ်ဓါတ်အချို့ကိုပြောချင်သေးတယ် အလှူကြီးအတန်းကြီးပေးတဲ့ သဒ္ဒါတရားရှိကြသူတွေရှိသလို
အဲဒီသဒ္ဒါကို ပျက်အောင်ဖျက်ကြတဲ့လူတွေလဲရှိပြန်တာပဲ ရပ်ကွက်ထဲကြည့်မိရင်ပဲသိသာလှတယ်ပါတယ်
အလှူအိမ်သွားလို့ ဖိနပ်အသစ်ထုတ်မစီးရဲတဲ့ အဖြစ် စီးသွားမိရင်တောင် ဟိုနေရာတစ်ဖက်ဒီနေရာတစ်ဖက်
ချွတ်ထားလိုချွတ်ထားရ အဲလိုချွတ်ထားတာတောင် စိတ်မချနိုင်ဘူးလေ ဒီကြားထဲ အလှူအိမ်ကကြွေးတဲ့ ဝက်သားကို
စားပွဲအောက်မှာ လူမသိအောင် ကျွတ်ကျွတ်အိပ်နဲ့ထည့်သွားတဲ့လူက ရှိသေး အလှူအိမ်မှာလဲ ထမင်းနည်းနည်းကို
ဟင်းများများထည့်ပြီးအဝလဲ ကြိတ်သွားသေးတယ် ခါးပုံစထဲမှာလဲ အလှူဟင်းကိုခိုးထည့်သွားသေးတယ် စိတ်ဓါတ်တွေ
ပြောပါတယ် တစ်ခါများကြုံရတာဆို ကျုပ်ဆိုတဲ့ကောင်ကလဲ အလှူနဲ့မင်္ဂလာဆောင်သာမသွားတာ အသုဘတော့မပျက်
မကွက်သွားတတ်တာများတာကိုဗျ ..တစ်နေ့ တစ်လမ်းကျော်မှာအလှူရှိတော့ ဖိတ်စာရောက်တာနဲ့ အလှူ့ရှင်က
ကိုယ့်အသိကလဲဖြစ်ပြန် မသွားလို့မကောင်းတာနဲ့ သွားလိုက်ရတယ် အလှူအိမ်ရောက်တယ်ဆိုရင် အလှူရှင်ကလဲ
ပြာပြာသလဲပါပဲ အတင်းတက်ခိုင်းအတင်းဝင်ခိုင်း အတင်စားခိုင်းတာနဲ့ မျက်နှာသိစားပွဲရှာရွှေးမနေတော့ပဲ ကြုံရာစားပွဲ
ဝိုင်းဝင်ထိုင်လိုက်ရတယ် အလှူက ဝက်သားဗျောင်ကြွေးတာဗျ စားပွဲထိုးရှာတဲ့ကလေးမလေးတွေကလဲ ဖော်ရွေ
ထမင်းပန်းကန်တွေလာချ အအီပြေချဉ်ဟင်းပန်းကန်တွေလာချ ငံပြာရည်ချက်ကလေးတောင်ပါသေး
သခွားသီးတို့စရာလေးနဲ့ ကျုပ်လဲ ဝက်သားဟင်းပန်းကန်ကိုစောင့်မနေအားဘူး ချဉ်ဟင်းဆမ်းပြီး ငံပြာရည်ချက်နဲ့
အရင်ထည့် တွယ်တာပဲလေကျုပ်ပတ်ချာလည် တစ်ဝိုင်းတည်းထိုင်သူသုံးလေးယောက်လဲ ဒီတိုင်းပါပဲသူတို့လဲ
ရှိတာလေးနဲ့ အရင်ဟန်ပြစားထားကြတာပေါ့ ဒီလိုနဲ့မရှေးမနှောင်းမှာပဲ ဝက်သားပန်းကန်လာချတဲ့ကလေးမလေးက ဦးလေးတို့သုံးဆောင်ပါရှင်လိုပြောသံကြားမှ ဟင်းပန်းကန်ရောက်မှန်းသိတာနဲ့ ဟင်းထည့်ဘို့လက်လှမ်းရုံရှိသေးတယ်ဗျာ
ကျုပ်ရှေတည့်တည့်ကပုဂ္ဂိုလ်က လက်ကလေးကာပြလို့ ဘာများပါလိပ်ဆိုပြီး လက်ရုပ်လိုက်တယ် ဆိုရင်ပဲ
အဲဒီ တိုက်ပုံကြီးအကျအန ဝတ်ထားသူဟာ ဝက်သားဟင်းတစ်ပန်းကန်းလုံး အကုန်ယူပြီး တိုက်ပုံထဲမှာအဆင်သင့်
ထည့်လာတဲကျွတ်ကျွတ်အိတ်လေးဖြဲပြီး ပန်းကန်ပါစောင်းပြီးလောင်းထည့်လိုက်တော့တာပါပဲဗျာ ကျုပ်လဲတော်တော်
အံအားသင့်သွားတယ်လေ ကျုပ်လိုပါပဲ တစ်ဝိုင်းတည်း ထိုင်နေကြတဲ့သူတွေအကုန် ပါးစပ်အဟောင်းသားဖြစ်သွားကြမယ်
ထင်ပါတယ် ဒီလူကတော့အေးအေးဆေးဆေးပါပဲ ကျွတ်ကျွတ်အိတ်လေးစုချည်ပြီး ကျုပ်တို့ကို ပြောလိုက်တာက
““ခဏလေးပါဗျာ ..ထပ်မှာပေးပါ့မယ်..ဟဲဟဲ””
တစ်ခု ပိုအံဩမိတာကတော အဲဒီလူဟာ ဒီလုပ်ရပ်အတွက် တစ်ဝိုင်းထဲ ထိုင်စားနေတဲ့သူတွေကို လုံးဝကြီးကိုပဲ
ရှက်ရွံဟန်မရှိတာပါပဲ ဒီလူဟာ စောစောက ဟင်းလာချတဲ့ကလေးမကိုပဲ ခေါ်ပြီး ဟင်းထပ်ထည့်ပေးဘို့ပန်းကန်ပေးလိုက်
ချိန်မှာတော့ ဒီသူငယ်မဟာ ကျုပ်တို့ဝိုင်းကလူတွေရဲ ထမင်းပန်းကန်တွေကိုကြည့်ပြီး မယုံသင်္ကာဟန်နဲ့ ဟင်းပန်းကန်
လေးကိုင်လို့ထွက်သွားရှာပါတယ် ..။။
ဒီလူရဲကောင်းမှုကြောင် နောက်တစ်ကြိမ် ဟင်းပန်းကန်ရောက်မှသာ ကျုပ်တို့ ချဉ်ဟင်းနဲ့စားရတဲ့ အဖြစ်က
လွတ်ပါတော့တယ် ဒီလူကတော့ ပုံမပျက်ပါဘူး လာချတဲ့ပန်းကန်ကဇွန်းကို ဦးအောင်ယူပြီးတော့
သူထမင်းပန်းကန်ထဲကို အသားဟင်းတုံး များများခပ်ထည့်ကာ ခေါင်းမဖော်တမ်းစားနေတော့တာပါပဲ
ဒီလို သဒ္ဒါပျက်စရာ လူကို တွေ့လိုက်ရတာဟာ ကျုပ်တို့လူမျိုးတွေရဲစိတ်ဓါတ် အဆင့်အတန်းတွေ မြောင်းထဲကန်ချခံလိုက်
ရသလိုပဲခံစားခဲ့ရတယ် အဲဒီနေ့က ဖြစ်ရပ်ကိုလဲ့ မမေ့နိုင်စရာတစ်ခုလိုလူတော်တော်များများကိုစကားကြုံတိုင်း ပြောမိနေ
ပါတော့တယ်…။။
နောက်တစ်မျိုး ကျုပ်တို့လူတွေမျိုးတွေရဲ့ အခြေခံစိတ်ဓါတ်ပျက်ပြားပုံလေးတစ်ခုရှိသေးတယ် လူတွေဟာ ကိုယ်အိတ်ထဲက
ငွေမှ ပိုက်ဆံလို့ထင်ပြီး သူများအိတ်ထဲက ငွေကိုတော့ သတင်းစာစက္ကူအပိုင်းလောက်တောင်တန်ဘိုးမထားတတ်ကြတာပဲ
ကိုယ့်ငွေနဲ့ကိုယ်ကျတော့ ချူသံပါအောင်ငြီးပြီး ခြစ်ခြုတ်ကုတ်ကပ်ထား အိမ်မှာစားတာတောင်ဘဲဥပြုတ် နပ်မှန်ခြင်မှန်မယ်
ဆိုင်ကောင်းကောင်းသွားစားတောင် ဆယ်ခါမှတစ်ခါစားချင်စားမယ် စားကြမယ်ဆိုလဲ တစ်ကိုယ်စာ စားနိုင်ရုံပေါ့
အပိုထွေလီကာလီတွေ မှာစားနေမှာတောင်မဟုတ်ပါဘူး ဒီထဲမှာကျုပ်လဲဒီတိုင်းပဲလေ ရုံးသွားတိုင်းထမင်းချိုင်မကိုင်တတ်
လေတော့ အပြင်မှာဝယ်စားပေါ့ အပြင်မှာစားတယ်ဆိုလဲ ထမင်းတစ်ပွဲ ဟင်းတစ်ပွဲ တော်ပြီလေ ဒီလိုစားလိုက်တာပဲ
တစ်နေ့တော့ ကျုပ်လုပ်ငန်းနဲ့ဆက်စပ်ရာ အစိုးရရုံးက ရာထူးလေးကမကြီးမငယ်ပါပဲ ရုံးကိစ္စနဲ့ရောက်လာတာနဲ့ ကျုပ်လဲ
ကော်ဖီတိုက် မုန့်ကြွေး ရုံးဧည့်ခန်းမှာဧည့်ခံရင်း မေးတာဖြေပေါ့ ဒီလိုလဲ ထမင်းစားချိန်လွန်သွားတော့ ပြန်ကြမယ်ဆိုတာနဲ့
ရုံးကကားလေးနဲ့ သူတို့ အလုပ်ကိုပြန်လိုက်ပို့ပေးဖို့ပြောတော့ လိုက်ပို့ရတာပေါ့ သူတို့ကနှစ်ယောက်လာတာပဲဗျ
ကားက လမ်းပေါ်တောင်မရောက်သေး စကားစလာတာက ..။
““မန်နေဂျာ..ထမင်းစားချိန်ရောက်ပြီးဗျ ထမင်းကြွေးအုံးဗျာ””
ကျုပ်လဲသူတို့ပြန်ချိန် နေ့လည် တစ်နာရီကျော်ကြီးဗျာ ထမင်းကြွေးလိုက်မှကောင်းမယ်လို့ စဉ်းစားပြီးသားလေ ဒါနဲ့ပဲ
ရပါတယ်ဗျာ ကိုယ်အချင်းချင်းကြွေးရမှာပေါ့ ဆိုပြီး လောကွတ်စကားပြောရတာပေါ့ ကျုပ်ပထမစဉ်းစားထားတာက
ကျုပ်နဲ့နီးစပ်ရာက စားသောက်ဆိုင်တစ်ခုခုမှာလိုက်ကြွေးလိုက်မယ်ပေါ့ ဒီလိုဆိုရင် ကျုပ်လဲအဆင်ပြေ သူတို့လဲ
အဆင်ပြေ ဒီလိုစဉ်းစားထားတာပဲလေ ဒါပေမယ် ဒီလူတွေဆီက ထပ်ပြီးတောင်းဆိုလာတဲ့ စကားသံက ကျုပ်ရဲ့စိတ်ကို
ကျွဲမြီးတိုစေပါတော့တယ် …
““မန်နေဂျာ ..ထမင်းဆိုင်ဆိုလို့ အခုအသစ်ဖွင့်ထားတဲ့ ဥက္ကလာဂေါက်ကွင်းထောင့် ရှောပင်စင်တာထဲက ခိုင်ခိုင်ကျော်
ထမင်းဆိုင်မှာလိုက်ကြွေးဗျာ””
ကျုပ်စိတ်ထဲနည်းနည်းတော့ ကသိကအောက်ဖြစ်မိတယ်လေ ဒီလူတွေများဗျာ သူများပိုက်ဆံဘယ်လောက်ပါလဲ မစဉ်းစား
ပါမှန်းမသိမပါမှန်းမသိ ကြွေးချင်မှန်းမသိမကြွေးချင်မှန်းမသိ မသိသားဆိုးဝါးတဲ့သူတွေပဲလေ ကျုပ်လဲမထူးပါဘူးလေ
ကြွေးမယ်လို့စဉ်းစားထားပြီးမှတော့ ဘယ်နေရာဖြစ်ဖြစ်ကြွေးလိုက်တာကကောင်းတယ် ဒါနဲ့ ကားပြန်လှည့်မောင်းရတော့
တာပေါ့ ထမင်းဆိုင်ထဲရောက်လို့ ထိုင်ခုံမှာထိုင်ကြပြီဆိုတော့ သူတို့နှစ်ယောက်လဲ မီနူးလေးကြည့်ပြီးခေါင်းခြင်းဆိုင်
ဘာတွေမှာဘို့ပြောနေတယ်ကျုပ်လဲမသိပါဘူး ကျုပ်ကထမင်းဆိုင်ထိုင်စားပြီဆိုတာနဲ့ ကိုယ်စားနေကြအတိုင်း ငါးနဲ့
အမဲသားကလွဲလို့ ကျန်တဲ့ဟင်းက ဝက်သားကြက်သားဒါပဲရှိတာလေ ထုံးစံအတိုင်း ဘေးကရပ်နေတဲ့စားပွဲထိုးလေးကို
““ညီလေး..ဝက်သား အသားနဲ့တစ်ပွဲလုပ်ကွာ…တို့စရာတော့စုံအောင်ချပေးနော်””
စားပွဲထိုးလေးလဲ စာရွက်အလွတ်လေးမှာလိုက်မှတ်ရှာပါတယ် ပြီးမှ သူတို့နှစ်ယောက်ကိုမေးပါတယ် …
““ဆရာတို့ကော …ဘာမှာမလဲခင်ဗျာ””
ဒီလူနှစ်ယောက်လဲ မီးနူးစာရွက်ချပြီး စာပွဲထိုးလေးကို မှာလိုက်တာက တော့
““ညီလေး…ပုဇွန်ထုတ်တစ်ပွဲ အမဲသားနှပ်တစ်ပွဲ ပြီးတော့ ငါးရံအူတစ်ပွဲ ကြက်ဘူးသီးတစ်ပွဲ””
““အော်….အကိုတို့ဝိုင်းလူထပ်လာမှာလား…ခင်ဗျ””
““ဟေ..မလာပါဘူးကွ ..ဘာလို့လဲ””
“““ဟင်းတွေမှာတာများလို့ပါ ..လူထပ်ဝင်မယ်ဆို ထိုင်ခုံထပ်ထည့်ပေးထားမလို့ပါခင်ဗျ””
လာစားတာကသုံးယောက် မှာတဲ့ဟင်းပွဲ ကျုပ်မှာတဲ့ ဟင်းပါအပါ (၅)ပွဲ စားပွဲထိုးလေးမေးမယ်ဆိုလဲ မေးချင်စရာပါ
ဒီကောင်လေးက ဘာမှမဖြစ်ပေမယ် ကျုပ်လဲ ဒီလူနှစ်ယောက်ကိုကြည့်ပြီး အလွန်အံဩသွားမိတယ်
ဒီလူနှစ်ယောက်ကတော့ ဟန်တောင်မပျက်ပါဘူး ကျုပ်ကိုတောင် ရီပြပြီ ..
““ကြက်ဘူးသီးလေးက ကောင်းမယ်ပုံဗျ”” လို့ ခပ်တည်တည်နဲ့ ညွှန်းလိုက်ပါသေးတယ်
လူ့စိတ်ဟာ အဲဒီလိုပါပဲ ကိုယ့်အိမ်မှာသာဖြစ်သလို ကန်ဇွန်းရွက်ကြော်နဲ့ ငပိရေပူပူလေးဆမ်းပြီး စားချင်စားလိုက်မယ်
ဘဲဥပြုတ်လေးဆီဆမ်းပြီးဖြစ်သလိုစားချင်စားလိုက်မယ် ကိုယ်အိတ်ထဲကပိုက်ဆံကိုတော့ အစားတစ်လုပ်အတွက်
အကုန်မခံသလို ပါးစပ်အရသာလဲခံမနေတတ်ကြပါဘူး မျာသောအားဖြင့် ဖြစ်သလိုလေးနဲ့နှစ်ပါးသွားလိုက်တာကများ
ကြပါတယ် အလကားကြွေးမယ့်သူနဲတွေတဲ့အခါမှာတော့ ကျုပ်တိုလူတွေရဲ့စိတ်ဓါတ်ဟာ ဟိုအောက်ကိုရောက်သွားပြီလား
မှတ်ရတယ် ကိုယ်အိမ်မှာမစားဘူးတဲ့ စားဘူးခဲ့ရင်တောင်နေတိုင်းနီးပါ မစားနိုင်တဲ့ အစားအသောက်တွေအပြင် ကြွေးသူရဲ
မျက်နှာကိုမကြည့်ပဲ တစ်ယောက်စာကုန်နိုင်မှန်းမသိ မကုန်မှန်းမသိ ““အမဲတွေ့တုန်း..ဓါးမတုံးစေနဲ့”” ဆိုတဲ့ စကားအတိုင်း
အမဲဖျက်သလို ဖျက်ကြတဲ့ စိတ်ဓါတ်တွေအပြင် အပြန်မှာ စီးကရက်တစ်ဗူးကိုပါ ခပ်တည်တည်မှာပြီး မသောက်ပဲ
ကောက်ထည့်သွားတာကို တွေ့လိုက်ရတော့ အင်း……ဒီလောက်မြောင်းထဲက မတက်တဲ့စိတ်ဓါတ် နဲ့ အောက်တန်းကျနေခဲ့ကြ မယ်ဆိုရင်ဖြင့် …။။။
ဟိုးကျုပ်တို့နိုင်ငံနဲ့အဝေးကြီးက မြန်မာတွေပြောပြောနေတဲ့ မိစ္တာ ဒိဌိ အယူဝါဒတွေကိုးကွယ်ကြတဲ့ အနောက်နိုင်ငံများက
ဘာသာရေးလူမိုက်များ၏ စိတ်ဓါတ်ကို ကျုပ်တို့တစ်တွေ အဲဒိဌိတွေတီထွင်ထားတဲ့ အသံထက်မြန်တဲ့လေယာဉ်ပျံများစီးကာ လိုက်မယ်ဆိုရင်တောင်
မှီနိုင်မယ် မထင်တော့ပါကြောင်း..။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
21 comments
blackchaw
December 9, 2011 at 10:19 am
ဘီလူးကြီးကတော့ ဓါးသွေးထားတဲ့ လူတွေအကြောင်း
ပြောနေပြီဗျို့။ ကျွန်တော်ကတော့
ထမင်းဆိုင်ခေါ်သွားရင် ငှက်ပျောသီးနဲ့ ချက်တဲ့ ဝက်ဆီပျံလေးလောက်ပဲ
မှာတတ်ပါတယ်ဗျာ။ ခေါ်ဦးနော။
ဆူး
December 9, 2011 at 10:47 am
လူ ၃ယောက် ဟင်း ၅ပွဲ ဘူဖေး အမှတ်နဲ့ စွဲချင်တာနဲ့တူတယ်။
မှာတဲ့ ဟင်းတွေ ကုန်အောင် စားရဲ့လား။
သူများ ပိုက်ဆံနဲ့ စားပြီး မကုန်နိုင်မခမ်းနိုင် ထားပစ်ခဲ့တဲ့ လူမျိုးကိုတော့ အမြင်ကတ်တယ်။
သူများကျွှေးတာဖြစ်ဖြစ် ကိုယ်ဟာနဲ့ ကိုယ် ဝယ်စားတာပဲ ဖြစ်ဖြစ်.. အစားအသောက်ကို တဝက်တပြက်နဲ့ ထားခဲ့တာမျိုးဆို လုံးဝ မကြိုက်ဘူး။ ကိုယ်တိုင်လည်း သိပ်အရသာ ဆိုးနေမှ မစားပဲ ထားတတ်တယ်။ တကယ်လို့ အရသာ ဆိုးနေရင်တောင် စေတနာ အသိအမှတ်ပြုတဲ့ အနေနဲ့ စားတော့ စားပြလိုက်သေးတယ်။ မစားဘူးဆို လုံးဝ မထိဘူး.. ကိုယ်ကျန်တာ နောက်လူ စားချင် စားနိုင်အောင်ပေါ့.. စားတယ် ဆိုလည်း စားတာနဲ့ ညီအောင် ဝ အောင်တော့ စားပါတယ်။
ပြောသာ ပြောရတာ လူကျင့်ဝတ်တွေက တော်တော် ရှုပ်ထွေးလွန်းတယ်။ လိုက်လို့ကို မမှီဘူး။ ကြာလေ ရှုပ်လေပဲ။
Ko Ko Aung
December 9, 2011 at 11:05 am
အဲဒါမျိုးအများစုက အစိုးရဝန်ထမ်းတွေမှာသာ ရှိတာများပါတယ်။
ဒီကောင်မျိုးတွေက သူတို့ကျေးဇူးကြောင့် အုပ်ဖြစ်နေကြတယ်လို့ ယူဆပြီး သူတို့ကိုယ်သူတို့ ဆပ်မကုန်နိုင်တဲ့ ကျေးဇူးရှင်တွေလိုယူဆပြီး အတိုင်းအဆမရှိ ကျေးဇူးဆပ်ခံတော်မူချင်ကြတာ။
နောက်တကြောင်းကတော့ တချို့အူတူတူအရာရှိပေါက်စ (ဗိုလ်ထွက်ဆိုပိုဆိုး) တွေက သူတို့ကခပ်ကြမ်းကြမ်းဆွဲပြမှ လူရှိန်တယ်ထင်ပြီး ရမ်းကားတာမျိုးလဲရှိပါတယ်။
ပြည်တွင်းအခွန်ဝန်ထမ်း (အကောက်အခွန်ဝန်ထမ်းမဟုတ်)၊ စီးပွားကူးသန်းဝန်ထမ်း၊ ထွေအုပ်ဝန်ထမ်း တွေထဲမှာ ဒါမျိုးအတွေ့ရဆုံးပဲ။
ဒီကောင်မျိုးတွေကို သူတို့ဟာ သူတောင်းစား သူခိုး ဓမြတွေ သာဖြစ်ကြောင်း တည့်တည့်ကြီးပြောနိုင်တဲ့နေ့ကို တောင့်တမိတယ်။
ကိုပေါက်(မန္တလေး)
December 9, 2011 at 11:50 am
ဘီလူးရေ အတွေးတော့တူနေပြီ
ကျနော်ကလဲ “ရသလောက်သာယူ”ဆိုတဲ့နာမည်နဲ့ဒါမျုးိလေးရေးတင်မလို့။
intro
December 9, 2011 at 11:55 am
အချို့အချို့သော မြန်မာလူမျိုးတွေရဲ့ လွန်စွာ အကျဉ်းတန်သော စိတ်ဓါတ်ပါပဲဗျာ…
NK
December 9, 2011 at 12:00 pm
အဲတာမြန်မာကွ…
kosharshi
December 9, 2011 at 12:11 pm
စားရင်းစစ် အဲလေ.. စာရင်းစစ်တွေများလားဗျာ.. သံဘူးအချိုရည်လေးရော မမှာဘူးလား..
kai
December 9, 2011 at 12:24 pm
“ငါ့လက်ကလွတ်..ဗြွတ်”..အလှူမျိုးလှူတတ်တဲ့..လှူချင်တဲ့..လှူနေတဲ့ စိတ်ဓါတ်တွေ စွန့်လိုက်တဲ့..တနေ့ဒါတွေလျှော့နည်းပပျောက်သွားမှာပါ…။
လှူတဲ့သူ..ကြွေးတဲ့သူဟာ..ကိုယ့်အလှူ..ကိုယ်စိုက်ထုတ်လိုက်တဲ့ငွေကြေးအတွက်.. သုံးစွဲစားသုံးသူတွေကို.. စိစစ်ပိုင်ခွင့်.. ပြောပိုင်ခွင့်Rightsရှိပါတယ်..။
ဒီလိုအကျင့်ဆိုးတွေမြင်ရင်..ပြောရဲရမယ်…။ ပြောရမယ်နော…။
ကိုယ်ကအလှူရှင်ဆို… . ပြောသာပစ်ပလိုက်…။
နောက်တခုက.. နိုင်ငံကြီးသားစိတ်ဓါတ်..။
နိုင်ငံကြီးသားတွေဟာ.. ငွေရှိတိုင်း..အလကားရတိုင်း..အလဟဿဖြစ်အောင်.. (ဒါမှမဟုတ်)..ကိုယ့်အခွင့်အရေးထက်ပိုယူပြီးမလုပ်ရ..မသုံးစွဲရဘူး..။မသုံးစွဲသင့်ဘူး..။
ငွေရှိလို့ဆိုပြီး.ပေးနိုင်လို့ဆိုပြီး.. ဆင်းရဲတဲ့နို်င်ငံတခုရဲ့စားသောက်ဆိုင်က..ပုဇွန်ထုတ်ကြီး၂-၃ပွဲတထိုင်ထဲထိုင်စားတာမျိုးမလုပ်ရဘူး..။
ရန်ကုန်မှာ.. အဲဒီလိုစားနေတဲ့..ဂျပန်လေးကို.ဂျပန်ကြီးက..ဆုံးမနေတာမြင်ဖူးတယ်..။
တချိန်မှာ မြန်မာပြည်က..နိုင်ငံကြီးတနိုင်ငံဖြစ်လာမှာပါ..။
အဲဒီအချိန်… ဆင်းရဲတဲ့နို်င်ငံ..ဥပမာ အာဖရိကနိုင်ငံသွားပြီး.. ပိုက်ဆံပြစ်ပေးလို့.. မိကျောင်းသားစားချင်လို့.. မိကျောင်းတကောင်သတ်ပေးစမ်း.. မလုပ်ရဘူးနော…။
အခုကထဲက.ဒီလိုစိတ်ဓါတ်မျိုးတွေကို… ဂျင်နရေးရှင်းဘိုင်ဂျင်နရေးရှင်း.. မျိုးဆက်တခုနဲ့တခု.. လက်ဆင့်ကမ်းသွားကြရမှာ…။ ;lol:
inz@ghi
December 9, 2011 at 12:47 pm
1)
ဗမာပြည်က အလယ်တန်းကျောင်းသား တယောက်ရဲ့ ကျောင်းက weekly schedule လေးရရင်ကောင်းမယ်ဗျာ..
ကျောင်းတွေမှာ သဂျီးပြောတာတွေ တကယ် မသင်ဖြစ်ဖူးဗျ…(သင်ရမယ့် အချိန်တွေ ရှိပေမယ့် …..)
စာများတဲ့ subject တွေက ကျောင်းစာတွေပဲ သင်နေတာ …. (ကိုယ်တွေ့ဖြတ်သန်းလာဖူးလို့ သိတာပါ..)
2)
သဂျီးတို့ဆီမှာ ကျောင်းစာအပြင် ဘယ်အတန်းမှာ ဘာတွေသင်ပေးနေသလဲ ဆိုတဲ့ ဒါလေးနဲ့
http://en.wikipedia.org/wiki/Education_in_the_United_States#Secondary_education
3)
အရှေ့ကျွန်း အလယ်တန်းကျောင်းသား တယောက်ယောက် အင်တာဗျူးလေးနဲ့
ပေါင်းလိုက်ရင် ဆောင်းပါးကောင်း တစ်ပုဒ် ရမလားပဲ …..
😀
ပေါက်ဖော်
December 9, 2011 at 2:10 pm
တယ်ဆိုးကြတာပဲဗျာ…
ကျနော်ဆို.အလှူရှိမှလုပ်တာပါ…မရှိရင် ပါဆယ်မထုတ်ပါဘူး..ဂယ်ပြောတာ 😆
ကိုဘလူးလို..ဝဲကုဒ်လေး ထပ်ဝတ်ထားရင် ပိုနိပ်မယ်ဗျ..
ဝက်သားတစ်အိတ်၊ကြက်သားတစ်အိတ်၊ငါးပိကြော်တစ်အိတ်၊တို ့စရာတစ်အိတ်…..
hmee
December 9, 2011 at 2:16 pm
ရသင့်တာထက် အခွင့်အရေးပိုယူသူဆို အတော်အမြင်ကပ်တယ်။ ကြုံဖူးပါတယ် ကိုယ့်အိမ်မှာတော့ တပြားကို နှစ်ပြားဖြစ်မလား ခွာပြီး မစားရက်မသောက်ရက်။ ဧည်သည်တောင် ကော်ဖီတခွက်မတိုက်ချင်တဲ့သူတွေ သူများက ကျွေးတော့ မိသားစုလိုက် ရုပ်ပျက်အောင်စားတယ်။ 🙁
comegyi
December 9, 2011 at 2:19 pm
ကိုဘီလူးတွေ့ကြုံရတဲ့လူတွေက သိုင်းဝတ္ထုထဲကလို
မျက်နှာတစ်ထောင်သိုင်းသမားတွေများလား မသိဘူးနော်
အရေခွံထူလွန်းလို့ပါ ….
ထူးတွေတည့် အံ့ရာသော်…….
လင်းဝေ
December 9, 2011 at 5:07 pm
မြန်မာတွေ သိပ်ယဉ်ကျေးတယ် ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်အမွှမ်းတင်နေတဲ့ခေတ်ကြီးမှာ… ဘယ့်နှယ် ပေါင်လှန်ထောင်းနေတာတုန်း။ တကယ်တမ်းတော့ မြန်မာတွေ အများစုက သူခိုးတွေ၊ ဓါးမြတွေပဲ။
အရှက်မရှိတာလည်း အလွန်။ စိတ်ဓါတ်ကလည်း ဘယ်လိုမှ အဆင့်မမြင့်နိုင်။ အဓိက ကတော့ လူ့အဖွဲ့အစည်းမှာ ရှားပါးမှု အဆင်မပြေမှု အာမခံချက်မရှိမှု တွေကနေပြီး လက်တွေ့ဘဝတွေကို အူမမတောင့်တော့ သီလ မစောင့်နိုင်ဘူး ဆိုတာနဲ့ လွယ်လွယ် ဖျက်ချ နေကြတာပါ။ အပြစ်ပေးနိုင်သူကပေး၊ အပြစ်ပြောနိုင်သူပြော ဝိုင်းလုပ်ကြရင်တော့ ရှက်ရွံ့ပြီး အကျင့်ဆိုးတွေနည်းလာမှာပေါ့လေ။ အကောက်အခွန်(ဥပမာ)က ချမ်းသာနေတဲ့ လူကြီး အလှူလုပ်တာ သွားစားမယ်၊ သူ့ကို လိုက်လိုက်လျောလျော ပေါင်းမယ် ဆိုရင်တော့ သူတို့လိုလူတွေ ကြီးထွား ကြီးပွားနေဦးမှာပါပဲ။
windtalker
December 9, 2011 at 8:51 pm
ကိုဘီလူး ပြောတဲ့ လူမျိုးတွေ တော့ မတွေ ့မကြုံခဲ့ ဖူးသေးဘူးဗျ
ကံကောင်းနေတုန်းဘဲ လို ့ဆိုရမလား မသိ
စိတ်ချမ်းသာစေတဲ့ လူမျိုးတွေ နဲ ့ဘဲ တွေ ့ခဲ့ဘူးလို ့
super
December 9, 2011 at 10:19 pm
လူတစ်ချို့ရဲ့ အချောင်ရ ဘာမဆိုလိုချင်တဲ့ စိတ်ဓါတ်တွေကို ပြင်နိုင်ရင်တော့ ကောင်းတာပေါ့ဂျာ…………
MaMa
December 10, 2011 at 7:18 am
ကိုဘီလူးရေ-
အလှူမှာ အိတ်ထဲထည့်သွားတာကို မြင်ဖူးတယ်။ အဲဒါကိုတော့ ကိုယ့်စိတ်ထဲ မတွေ့ရုံကလွဲပြီး ဘယ်လိုမှ မတတ်နိုင်ဘူး။ ကုန်အောင်မစားတာကိုတော့ တွေ့တိုင်း တတ်နိုင်သလောက် အမုန်းခံပြီး ပြောတာပဲ။ ဒီနှစ်ကျမတို့ စတုဒိသာ ကျွေးတဲ့အခါမှာ သွန်ပစ်ရတာတွေ သိသိသာသာ နည်းသွားလို့ ပြောရတာ အကျိုးရှိတယ်ဆိုပြီး ဝမ်းသာသွားတယ်။
စိတ်ဓာတ်ပြုပြင်ရေး ဖော်ဝဒ်မေးလ်က ရတဲ့ စာလေးတစ်စောင် ကူးထည့်ပေးလိုက်တယ်။ ဖိုရမ်မှာလည်း တင်လိုက်ဦးမယ်။
ပြစ်ဒဏ်စာရွက်လေးတစ်ရွက်
via Nine Nine SaNay by နိုင်းနိုင်းစနေ on 10/13/11
ဂျာမဏီနိုင်ငံက စက်မှုလုပ်ငန်း အရမ်းထွန်းကားတဲ့နိုင်ငံပါ။ Mercedes-Benz, BMW, Siemensလို့ ပြောလိုက်ရင် မသိတဲ့လူမရှိသလောက်ပါပဲ။ ကမာ္ဘ့အဏုမြူဓာတ်ပေါင်းဖိုတွေထဲက အကောင်းဆုံး အဏုမြူစုပ်စက်ကို ဂျာမဏီရဲ့မြို့ငယ်လေးတစ်မြို့မှာ တည်ဆောက်ထားပါတယ်။ ဒီလိုတိုးတက်ခေတ်မီတဲ့ နိုင်ငံတစ်နိုင်ရဲ့ လူနေမှုစရိုက်က အပျော်အပါး၊ အသောက်အစားကြူး၊ ဖြုန်းတီးမှုတွေနဲ့ ပြည့်နှက်နေခဲ့မလား?
ဂျာမဏီကို သွားရောက်မလည်ပတ်ခင် ကျွန်တော်တို့ဟာ အဲဒီနိုင်ငံကိုပုံဖော်ကြည့်ကြတယ်၊ ဖော်ညွှန်းကြည့်ကြတယ်။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ Hamburgကိုရောက်တော့ ကျွန်တော်တို့က ထုံးစံအတိုင်း စားသောက်ဆိုင်ကို အရင်ချီတက်ကြတယ်။ ကျွန်တော်တို့ကို လာကြိုတဲ့မိတ်ဆွေရဲ့ အပြုအစုကို ကျွန်တော်တို့ ဧကန်မလွဲခံရတော့မယ်။
စားသောက်ဆိုင်ထဲ ကျွန်တော်တို့ဝင်လိုက်တယ်။ စားပွဲဝိုင်းတော်တော်များများနဲ့ ဧည့်သည်နည်းနည်းကို ကျော်ဖြတ်နေချိန်မှာ ကျွန်တော်စိတ်ထဲ သံသယဖြစ်မိတယ်။ ဒီလောက်တိတ်ဆိတ် ခြောက်ကပ်နေတဲ့ စားသောက်ဆိုင်က ကြာကြာရပ်တည်နိုင်ပါ့မလား?
ပိုရယ်စရာကောင်းတာက စားပွဲဝိုင်းတစ်ဝိုင်းမှာ အတွဲတစ်တွဲထိုင်နေတယ်။ သူတို့ရှေ့စားပွဲပေါ်မှာ ဟင်းနှစ်မျိုးထည့်ထားတဲ့ ပန်ကန်းပြားတစ်ချပ်နဲ့ ဘီယာနှစ်ဗူးပဲရှိတယ်။ ဒီလောက်ရိုးရှင်းတဲ့ အပြင်အဆင်နဲ့ သူတို့ဘယ်လိုရိုမန်တစ်ဆန်ဆန် တွေ့ဆုံကြတာပါလိမ့်? တကယ်လို့ ယောက်ျားလေးက ငွေထုတ်ရှင်းတယ်ဆိုရင် သူကပ်စီးနည်းလွန်း မနေဘူးလား? ကပ်စီးနည်းတဲ့သူ့ကို ချစ်သူမိန်းကလေးထားခဲ့မှာ မစိုးရိမ်ဘူးလား?
နောက် စားပွဲဝိုင်းတစ်ဝိုင်းမှာက လူဖြူအဘွားအိုတချို့ထိုင်နေကြပြီး အစားအသောက်ကို ဇိမ်ပြေနပြေစားနေကြတယ်။ ဟင်းတစ်ပွဲရောက်လာတိုင်း စားပွဲထိုးက သူတို့အတွက်ခွဲဝေပေးတယ်။ ခွဲဝေပေးတဲ့အစားအစာတွေ ခဏတွင်းချင်း သူတို့အပြောင်စားလိုက်ကြတယ်။
သူတို့ကို ကျွန်တော်တို့ သိပ်ကြာကြာ ဂရုစိုက်ကြည့်မနေတော့ပါဘူး။ ကျွန်တော်တို့ဝိုင်းအတွက် အစားအသောက် မြန်မြန်လာချဖို့ကိုပဲ ကျွန်တော်တို့ဆန္ဒစောနေခဲ့တယ်။ နယ်ခံမိတ်ဆွေက ကျွန်တော်တို့ဆာလောင်နေပုံကိုကြည့်ပြီး ဟင်းတွေ ပိုမှာလိုက်တယ်။ ကျွန်တော်တို့လည်း အားနာမနေတော့ပါဘူး။ သူ့ရဲ့စေတနာကို ကောင်းကောင်းကြီး အသိအမှတ်ပြုလိုက်ကြပါတယ်။
စားသောက်ဆိုင်ထဲမှာ ဧည့်သည်တွေနည်းတော့ ဟင်းတွေမြန်မြန်ရောက်လာပါတယ်။ ကျွန်တော်တို့စားပွဲဝိုင်းက ခဏတွင်းမှာပဲ ဟင်းပန်းကန်တွေနဲ့ ပြည့်သွားတော့တယ်။ ကြည့်ရတာ ဒီကနေ့မှာ ကျွန်တော်တို့က ဒီစားသောက်ဆိုင်ထဲမှာ အသုံးဖြုန်းနိုင်ဆုံး ဖြစ်လိမ့်မယ်။
အစားအသောက်တွေကို ကျွန်တော်တို့ အားရပါးရစားကြတယ်။ လျှောက်လည်ဖို့ရှိသေးတယ်ဆိုလို့ အစားအစာတွေနဲ့ ကျွန်တော်တို့ အချိန်ဆွဲမနေတော့ဘဲ စားသောက်ဝိုင်းကို ခပ်မြန်မြန်လေး အဆုံးသပ်လိုက်ကြတယ်။ ဒါကြောင့် အစားအသောက် ၃ပုံ ၁ပုံလောက်က မကုန်ဘဲကျန်နေခဲ့တယ်။ ငွေရှင်းပြီး၊ သွားကြားညှပ်တာတွေရှင်းပြီးနောက် ဆိုင်ထဲကနေ ကျွန်တော်တို့ လိမ်ဖည်လိမ်ဖည်နဲ့ ထွက်လာခဲ့ကြတယ်။ ဒါပေမဲ့ စားသောက်ဆိုင်ဝ မရောက်ခင် ဆိုင်ထဲကလူတစ်ယောက်ယောက်က ကျွန်တော်တို့ကို လှမ်းခေါ်တယ်။ ကျွန်တော်တို့အဖွဲ့ထဲက ပစ္စည်းများမေ့ကျန်ခဲ့သလားပေါ့?
ကျွန်တော်တို့ အထူးအဆန်းနဲ့ နောက်ပြန်လှည့်ကြည့်ကြတယ်။ လူဖြူအဘွားအိုတစ်သိုက် စားသောက်ဆိုင်ပိုင်ရှင်နဲ့ ကွိစိကွစ တစ်ခုခုပြောနေကြတယ်။ ကြည့်ရတာ ကျွန်တော်တို့ကိုရည်ရွယ် ပြောနေပုံရတယ်။ သူတို့အနီးနားကျွန်တော်တို့ ရောက်သွားတော့ အင်္ဂလိပ်လို သူတို့ပြောင်းပြောကြတယ်။ ကျွန်တော်တို့မှာတဲ့ဟင်းတွေ အများကြီးကျန်ကြောင်း၊ အရမ်းဖြုန်းတီးကြောင်း ကျွန်တော်တို့နားလည်လိုက်တယ်။
ဒီအဘွားကြီးတွေ တော်တော်စွက်စွက်ဖက်ဖက်နိုင်လွန်းတယ်ဆိုပြီး ကျွန်တော်တို့ရယ်ချင်သွားတယ်။
“ကျွန်တော်တို့ ပိုက်ဆံပေးပြီးစားတာပဲ၊ ဟင်းတွေဘယ်လောက်ကျန်ကျန် ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး”
မိတ်ဆွေကရှေ့ထွက်ရပ်ပြီး အဘွားကြီးတွေကိုပြောတယ်။ မိတ်ဆွေစကားကိုကြားတော့ သူတို့ပိုစိတ်ဆိုးသွားပုံရတယ်။ ရှေ့ဆုံးမှာရပ်နေတဲ့ အဘွားအိုတစ်ဦးက ချက်ချင်းဟမ်းဖုန်းထုတ်ပြီးဆက်တယ်။
တအောင့်နေတော့ ဆိုင်ရှေ့ကားတစ်စီးထိုးရပ်ပြီး ဝတ်စုံဝတ်လူတစ်ယောက် ဆင်းလာတယ်။ လူမှုလုံခြုံရေးဝန်ထမ်းလို့ သိရပါတယ်။ အဲဒီလူက အကျိုးအကြောင်းတွေ မေးမြန်းပြီးနောက် ကျွန်တော်တို့ကို ဂျာမဏီငွေ(၅ဝ Mark) ပြစ်ဒဏ်စာရွက်တစ်ရွက် ထုတ်ပေးတယ်။ ကျွန်တော်တို့ အသံမထွက်ရဲတော့ဘူး။ ကျွန်တော့်မိတ်ဆွေကလည်း မျက်နှာကိုတစ်ဖက်လှည့်ပြီး အာခံပြန်မပြောရဲခဲ့တော့ဘူး။ ပြစ်ဒဏ်ငွေ (၅ဝ) ထုတ်ပေးလိုက်ရတဲ့အပြင် “ဆောရီး”လို့ တောင်းပန်လိုက်ရသေးတယ်။
လူမှုလုံခြုံရေးဝန်ထမ်းက ငွေကိုလက်ခံပြီး ကျွန်တော်တို့ကို လေးလေးနက်နက်ပြောတယ်။
“အစားအသောက်ကို စားနိုင်သလောက်ပဲမှာပါ! ပိုက်ဆံက ခင်ဗျားတို့ရဲ့ကိုယ်ပိုင်ပါ။ ဒါပေမဲ့ သဘာဝအရင်းအမြစ်တွေက လူသားအားလုံးနဲ့ဆိုင်ပါတယ်။ ကမာ္ဘပေါ်မှာ သဘာဝအရင်းအမြစ်ချိုတဲ့နေသူတွေ အများကြီးရှိတယ်။ ခင်ဗျားတို့ ဆင်ခြေပေးပြီး ဖြုန်းတီးချင်တိုင်း ဖြုန်းတီးလို့ မရပါဘူး”
ကျွန်တော်တို့ရဲ့မျက်နှာတွေ နီမြန်းကုန်ကြတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဒီစကားကို ထောက်ခံနေကြပါတယ်။ ကြီးပွားတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံကလူတွေဟာ ဒီလိုသတိပြုဆင်ခြင်တာတွေ ရှိကြသေးတယ်။ ကျွန်တော်တို့ ပိုလိုတောင် ဆင်ခြင်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံက လူဦးရေများပြီး သဘာဝရင်းမြစ်တွေ လုံလုံလောက်လောက် မရှိတဲ့နိုင်ငံပါ။ ကျွန်တော်တို့ဟာ ဧည့်သည်တွေကို ထမင်းဖိတ်ကျွေးတိုင်း အိမ်ရှင်မျက်နှာပွင့်အောင်၊ ဧည့်ဝတ်ကျေအောင်၊ ကပ်စီးနည်းသူအထင်မခံရအောင်ဆိုပြီး ဟင်းတွေတပုံကြီးမှာတယ်၊ ပြင်ဆင်တယ်။ နောက်တော့ စားမကုန်ဘဲ အများကြီးကျန်ခဲ့တယ်။
တကယ်တော့ ကျွန်တော်တို့ရဲ့အကျင့်ကို ကျွန်တော်တို့ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ သဘာဝရင်းမြစ်တွေကို အလွဲသုံးစား ဖြုန်းတီးမနေသင့်တော့ပါဘူး။ အဲဒီနေ့က မိတ်ဆွေက ပြစ်ဒဏ်စာရွက်ကို မိတ္တူကူးပြီး လူတိုင်းကို တစ်စောင်ဆီ အမှတ်တရအနေနဲ့ လက်ဆောင်ပေးခဲ့တယ်။ ကျွန်တော်တို့ လိုလိုလားလားလက်ခံပြီး သိမ်းဆည်းခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ပြန်ရောက်ပြီးနောက် မိတ္တူတွေကူးပြီး တခြားလူတွေကို မျှဝေပါလို့ မိတ်ဆွေကမှာပါတယ်။ ကိုယ့်ကိုယ်ပိုင်စာရွက်ကိုတော့ အိမ်ကနံရံမှာ ကျွန်တော်တို့ကပ်ထားကြတယ်။ အချိန်တိုင်း အသိတရားရှိနေအောင်လို့ပေါ့…………
ကြောင်ကြီး
December 10, 2011 at 11:37 am
စာလေးက ကောင်းပါတယ် မမရေ… သို့သော် ကမာ္ဘကြီးရဲ့ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေက သယံဇာတတွေကို ဈေးပေါပေါနဲ့ ထုတ်ယူပြီး ကိုယ်ကျိုးအတွက်အသုံးချနေတာလည်း အဖြူတွေနေထိုင်ရာ အနောက်တိုင်းပြည်များကပဲ ဖြစ်ပါတယ်။ လက်ညှိုးထိုး အပြစ်ရှာကြေးဆို သူတို့လုပ်လို့ပဲ စိန်ထွက်တဲ့ အာဖရိကတိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်ရတယ်၊ သစ်ပေါတဲ့မြန်မာပြည် ဆင်းရဲတွင်းနက်ရတယ်။ သဂျီးမှာထားလို့ မတူတဲ့ အတွေးနဲ့ တွေးကြည့်တာပါ။ ကာယကံရှင်နိုင်ငံ အစိုးရများကို ဆဲနေရတာ ပါးညောင်းလှပြီ။။။ 😆
Foreign Resident
December 11, 2011 at 12:14 pm
” ပိုက်ဆံက ခင်ဗျားတို့ရဲ့ကိုယ်ပိုင်ပါ။ ဒါပေမဲ့ သဘာဝအရင်းအမြစ်တွေက လူသားအားလုံးနဲ့ဆိုင်ပါတယ်။ ကမာ္ဘပေါ်မှာ သဘာဝအရင်းအမြစ်ချိုတဲ့နေသူတွေ အများကြီးရှိတယ်။ ခင်ဗျားတို့ ဆင်ခြေပေးပြီး ဖြုန်းတီးချင်တိုင်း ဖြုန်းတီးလို့ မရပါဘူး ”
သူများ နိုင်ငံတွေရဲ့ တွေးပုံခေါ်ပုံ လေးတွေကို မိတ်ဆက်ပေးလိုက်တာပါပဲ ။
aye.kk
December 10, 2011 at 8:25 am
အလှူအိမ်သွားရင်ဖိနပ်ကိုဘယ်တစ်ရံ ညာတစ်ရံချွတ်ရတာလေးနဲ့ပတ်သက်ပြီး ပြောရဦးမယ်..
ငယ်ငယ်ကကျမတို ့အပိုင်းရပ်ကွက်ထဲမှာ အလှူလုပ်ရင်ဖိနပ်ဘဲအမြဲပျောက်တယ် မပျောက်ဘူးတာမရှိသလောက်ဘဲ..အဲဒီတော့ကျမကဘကြီးကိုမေးတယ် ယူတဲ့သူကဖိနပ်ကိုဘဲယူတယ်
ဘာဖြစ်လို ့ဖိနပ်ကိုမှယူရတာလဲလို ့ပေါ့..ဘကြီးကဘာပြောလဲဆိုတော့ခွေးကဖိနပ်မြင်ရင်မကိုက်ရမချီရရင်
မနေနိုင်ဘူးတဲ့ ခွေးမှန်ရင်ဖိနပ်ကချီတာဘဲတဲ့..ဖိနပ်ကိုမြင်ရင်မယူဘဲမနေနိုင်တဲ့သူက..ရှေးလာတဲ့ဘဝက
ခွေးဘဝနဲ ့အလွန်နီးစပ်ပြီး ခွေးဘဝကလာတဲ့သူဖြစ်လို့တဲ့.. တစ်ခါထဲမှတ်သားသွားလိုက်အောင်ပြောပြထား
ဘူးတယ်..ဘကြီးကအလှူရှိရင်ဖိနပ်ဘဲပျောက်တာကြုံနေရရင်..နောက်တစ်ခါဆိုရင်တောင်တစ်ဖက် မြောက်တစ်ဖက် ကိုယ့်အမှတ်အသားနဲ ့ကိုယ်လုပ်ပြီးချွတ်ထားတဲ့ ယူချင်တာတောင်ယူဘို့ ့မလွယ်ဘူးတဲ့လေ..စာဂတွေအကျင့်တွေပြောမယုံကြုံဘူးမှသိဆိုတာအမှန်ပါဘဲ..။
nigimi77
December 15, 2011 at 3:35 am
အများနှင့် ဆိုင်သော (၁)
” ၄ ။ ကောင်ကလေးရယ် …မင်းနှယ် မကုန်ပဲနဲ ့များ ပိုက်ဆံ အကုန်ခံ ပိုမှာစားပြီး ချန်ထားရတယ်လို ့ ။
ဒီ ထမင်း တစ်စိတိုင်းဟာ အဒေါ်တို ့နိုင်ငံ
ဆင်းရဲချိန်ကတည်းက အရမ်း တန်ဖိုးထားလာရတာ ။ ဒီလို ထမင်းဖြစ် လာဖို ့ကို လူတွေ ဘယ်လောက်
ပင်ပန်းကြတယ် ဆိုတာ သိရဲ ့လား ။
နောက်ဆို ထမင်းစားရင် ကုန်သလောက်ပဲ မှာပြီး စားနော် ။
meengelay
December 15, 2011 at 10:04 am
အဲဒါမျိုးတော့ ကြုံဖူးပါလေရဲ့……. အားမနာတမ်းကို တစ်မျိုးပြီးတစ်မျိုးကို မှာတာ… ကိုယ်ကလဲ ကျွေးပါ့မယ် ကတိခံထားပြီးသားဖြစ်နေလေရဲ့ …. နောက်ဆုံးတော့လဲ စေတနာထားပြီးပဲ ရှင်းပေးလိုက်ရပါတယ်…..