ကျမဘဝ ကျမ ဇာတ်ကြောင်း – ၁
ကျမကို ၁၉၄၂ခုနှစ်မှာ Littlehampton ဆိုတဲ့ အင်္ဂလန်နိုင်ငံ ကဆိပ်ကမ်းမြို့ သေးသေးလေးမှာ မွေးဖွားခဲ့တာပါ။
ဒုတိယကမာ္ဘစစ်ရဲ့ ဗုံးခို ဖို့အတွက် နေပယ်မြို့က ပြောင်းရွှေ့လာတဲ့ အီတာလျံ ရွှေ့ပြောင်း၂ဦးဟာ ကျမ
ရဲ့ မိဘ၂ပါးကတော့ ပေါ့။ ကျမ မေမေက ကော်ဖီဆိုင်လေးဖွင့်တယ် ..အဲ့သည့် ဆိုင်ကလေးကနေပဲ ကျမ ကို
Recycling ရဲ့ သန္ဓေကို တည်စေခဲ့တာပါ။ ကျမ အသက် ၉နှစ်မှာပဲ ဖေဖေနဲ့ မေမေ ကွာရှင်းပြတ်ဆဲကြတယ်လေ။
Uncle Henry ဆိုတဲ့ ဖေဖေ့ cousin နဲ့ ကျမ မေမေ နောက် အိမ်ထောင်ပြုခဲ့ပါတယ်။ ဝမ်းနည်းစရာ တခုကတော့
Uncle Henry ဟာ သက်ဆိုးမရှည်ခဲ့ရှာဘူး ၊ မေမေနဲ့ လက်ထပ်ပြီး နှစ် အနည်းငယ် အကြာမှာဘဲ T.Bရောဂါနဲ့
အနိစ္စရောက်ပါရောလား ရှင်။ ကျမ အသက်၁၉နှစ်မှာပေါ့ ။ မေမေ က ကျမကို အမှန်အတိုင်းပြောပြခဲ့တယ် ။
ကျမဟာ အစ်မ၂ယောက် နဲ့ မတူဘဲ ဒုတိယ အိမ်ထောင် Uncle Henry ကသာ ကျမရဲ့ မွေးသဖခင် အရင်းဖြစ်သတဲ့လေ။
ကျမဟာ တသက်လုံး မေမေ့ရဲ့ ပထမ အိမ်ထောင် ဖြစ်တဲ့ Mr.Donny ကိုသာ ဖခင်ရင်းလို့ ထင်မှတ်ထားခဲ့တာမဟုတ်လား။
Fig. Littlehampton
ငယ်စဉ်ကတည်းက ကျမဟာ သဘာဝအတိုင်း ရိုးသားပွင့်လင်းသူ ၊ ထိုးထွင်း စဉ်းစားတွေးခေါ်တတ်သူ
တစ်ဦး လို့ ဆိုနိုင်ပါတယ်။ ကျောင်းသူဘဝမှာ ကျမရဲ့ အနှစ်သက်ဆုံး စံပြ ပုဂ္ဂိုလ်ကတော့ James Dean ပဲ ပေါ့ ။
ကျမဟာ Bath College မှာ ဆရာမ တယောက်အဖြစ် အသက်မွေးဖို့ လေ့လာသင်ယူခဲ့ပါတယ်။ Israel မှာ စာပြဖို့
ဖြစ်လာခဲ့ရာကနေ နောက်ပိုင်း ကမာ္ဘကြီးကို လှည့်ပတ် လေ့လာဖို့ အခွင့်အရေး ဖြစ်ခဲ့တယ် ဆိုပါတော့ရှင်။
Fig.Bath College
သည်လိုနဲ့ ကျမ England ကိုပြန်ရောက်တော့ မေမေက Scott လုလင်ပျို တစ်ယောက်နဲ့ ကျမကို မိတ်ဆက်ပေးတယ်
လေ... သူ့နာမည်က Gordon Roddick တဲ့ ..ကျမနဲ့ သူနဲ့ ကြားက ရင်းနှီးချစ်ကြည်မှု ဟာ ကြာရှည်ခိုင်မြဲ ခဲ့သပေါ့ရှင်။
သည်လိုနဲ့ ကျမတို့၂ယောက် စပ်တူ Littlehampton အရပ်မှာ စားသောက်ဆိုင်လေး တစ်ဆိုင် ဖွင့်ခဲ့တယ် ။ နောက်
ဟိုတယ် လေး တစ်လုံး။ ကျမတို့ဟာ ၁၉၇ဝပြည့်နှစ်မှာ လက်ထပ်ခဲ့တာပေါ့ ..သည်အချိန်မှာ ကျမတို့မှာ Justine ဆိုတဲ့
သမီးလေး တယောက် ရှိနေပြီး နောင်အခါ သမီးငယ်လေး အဖြစ် မွေးဖွားလာမယ့် Sam ဆိုတဲ့ ချာတိတ်မလေးကတော့
ကျမဗိုက်ထဲမှာပေါ့။
Fig.Gordon Roddick
သည်နောက်ပိုင်းမှာတော့ ကျမဟာ United Nations မှာ အလုပ်ဝင်ခဲ့ပြီး နေရာပေါင်းများစွာ ကို သွား လူမျိုးပေါင်းစုံ
လူမှုဘဝ ဓလေ့စရိုက်ပေါင်းစုံ ကို လေ့လာ သင်ယူခဲ့တာ ၁၉၇၆ ခုနှစ် အထိပေါ့ ရှင်။ ဟုတ်တယ် အဲ့သည့် ၁၉၇၆ ခုနှစ်
မှာပဲ ကျမဘဝ အပြောင်းအလဲ က စတင်ခဲ့တာပါ။
14 comments
inz@ghi
December 9, 2011 at 8:28 am
အမျိုးသမီးတယောက်ရဲ့ ဘဝဇာတ်ကြောင်း ကို ရေးမှာဖြစ်လို့
အမျိုးသမီးတယောက် ရဲ့ စကားပြေ အနေနဲ့ ရေးထားတယ်ဗျို့
ကအင်ဂျီးတယောက် မစွံတာနဲ့ ပဲ ခြောက်သွားပြီလား လို့ ထင်တော်
မမူလိုက် ကြပါနှင့် …..
နာမည်နှင့် အဗေတာ မ change ရလို့ ခုနောက်ပိုင်း စာရေးဟန်တွေ ပဲ
Change ပီးရေးနေသလား လို့လည်း အပြစ်မတင်ကြပါနှင့်ဦး ….
အဆိုတော်ဖြစ်ဖို့ အသံစစ်နေတဲ့ချာတိတ်တယောက်
ကိုလေး သီချင်းဆိုကြည့် ကိုငှက်သီချင်းဆိုကြည့် ကိုညီထွဋ်သီချင်းဆိုကြည့်
ဆိုသလိုမျိုး ကိုယ်နဲ့ အကိုက်ဆုံး စာရေးဟန်ကို ရေးရင်း စမ်းရင်း ဖန်တီးကြည့်
နေတယ်လို့ပဲ ခံစားပေးကြဖို့ ပန်ကြားလိုက်ရပါတယ်ခင်ဗျား ..
(ညက ကိုဘလက်နှင့် စကားပြောဖြစ်သည်များမှ အတွေးစများ ….)
blackchaw
December 9, 2011 at 8:56 am
ဆေးစက်ကျရာ အရုပ်ထင်နေပါသော ကိုအင်ဇာဂီ လေးပါခင်ဗျာ။
ဘယ်အသံနဲ့ ဆိုဆို ချိုနေသော အသံပိုင်ရှင်လေးပါ။
စိတ်ထဲမှာ ဖီးလ် လာသလိုရေးဗျာ။
ကျုပ်တို့ ရွာသူားတွေအားလုံးနီးပါးက ခင်ဗျားလေ ခင်ဗျားဟန်နဲ့ အသားကျနေပါပြီ။
ကိုညီထွဋ် ပြောသလိုပေါ့ဗျာ။
တိုက်ပုံ ဝတ်မှ မျိုးချစ်စိတ်ရှိတာမဟုတ်ပါဘူး။
တီရှပ်နဲ့ ဘီလူးဂျင်း ဝတ်ထားသူမှာလည်း မျိုးချစ်စိတ်ရှိတာပါပဲ။
(သတ်ပုံကိစ္စကို ပြောချင်တာပါ
ဆိုင်လား မဆိုင်လား မသိပေမယ့် သူကြီးလိုပဲ စကားအတင်းစပ်)
အခန်းဆက်လာမယ့် ပို့စ်လို့ ထင်ပါတယ်။
အေးအေးဆေးဆေး သာရေးပါ။ စောင့်ဖတ်ပါမယ်နော။
လင်းဝေ
December 9, 2011 at 9:59 am
ကျနော်က အမှန်အတိုင်းဆိုရင် အလုပ်ကိစ္စနဲ့ ပတ်သက်လို့ စာလုံးပေါင်းသတ်ပုံကိစ္စမှာ ကွန်ဆာဗေးတစ်နည်းနည်းဆန်တယ်။
ဒါပေမယ့် ဒီမှာ ကိုအင်ဇာဂီ ရေးတာကိုတော့ ခိုက်တယ်ဗျာ။ သူ့ရေးဟန်နဲ့စာလုံးပေါင်းလေးတွေ က သူ့ပုံစံနဲ့သူပါပဲ။ သူ့နေရာနဲ့သူ မိုက်နေတာပဲလေ။ ဒါထက် ၉လောက်ရှိတယ် ဆိုတာကို နားလည်သလိုလို နားမလည်သလိုလို မို့ နည်းနည်း ရှင်းပြပါလား ကိုအင်ဇာဂီရေ။
inz@ghi
December 9, 2011 at 10:08 am
ဂိမ်းသမားစကားကလာတာဗျ…
ပလေးစတေရှင် ဝမ်းမှာ ဂျပန်ဘောလုံးလို့ခေါ်တဲ့
ကိုနာမီ စပိုစ့် ကထုတ်တဲ့ ဘောလုံးကန်တဲ့ဂိမ်းက
အလွန်ပေါက်တယ်လေ. …ဆိုင်တဆိုင် စက်၁ဝလုံးဆို ၉လုံးကဘော..
အဲ့သည့်မှာ အဲ့ခေတ်က ဆို ဒိုကြီး တို့ခေတ်ပေါ့ဗျာ …speed,kick, stamina, အဲ့ဒါတွေကို
1-9 range အတွင်းအမှတ်ပေးထားပြီး ဘောသမားတယောက်ရဲ့ ခြေစွမ်းကို
သတ်မှတ်ဆုံးဖြတ်တယ်ပေါ့။ ဒိုကြီးဆို speed-9, kick-9ဗျ …အကောင်းဆုံး
တွေပေါ့ဗျာ….
သည်တော့ အဲ့သည့်ကစကားကို ယူသုံးလာတာ လူမှုဘဝမှာ …
အရင်လို စံပါယ်တပွင့်လေလွင့်လာတယ် ဘာညာမပြောတော့ဘူး
အား… စကီလေး လန်းချက်က 9 လောက်ရှိတယ်….
ဆိုတာမျိုး သုံးလာကြတာဗျို့ ……
😀
ပေါက်ဖော်
December 9, 2011 at 2:17 pm
ဟိုက်..
လုပ်လိုက်ရင် အဆန်းတွေချည်းပဲ..
ဆက်ပါဦး..မဇာရေ….ဘာအကြောင်းတွေလဲကွယ်..
ဒဿကိုရင်
December 9, 2011 at 4:26 pm
တို့ကတော့ စိုင်ပဲ ကြိုက်တယ်…
စိုင်ပဲ ကြိုက်လို့ စိတ်ဆိုးရင်
စည့်ကို ဂီ့ပေးချင်တဲ့ အပြစ်ပေး… 😐 😐
စိုင်သားချားချင်ဒယ်… 😳 😳
MaMa
December 9, 2011 at 4:37 pm
မောင်မောင်ဇာ လို့ ပြောလို့ ဂေါ်မစွံလူပျိုကြီး ဖြစ်မှာစိုးလို့ မမဇာလို့ အမြန်ပြောင်းလိုက်ပုံရတယ်။ 😀
ကိုယ်တိုင်ရေးလား၊ ဘာသာပြန်လား သိချင်ထှာ။
inz@ghi
December 9, 2011 at 5:21 pm
ဂလိုဘဲ …တွေ့ကရာရေးလိုက်တာပါ. ..
အာဟိ
windtalker
December 9, 2011 at 8:07 pm
သည်ငတိ ဆီ အာကေလေး လှမ်းလွှဲပြီး စီးပွားရေးစပ်တူတောင် လုပ်ချင်လာမိပြီ ။
လုပ်သမျှ တင့်တယ် နေတယ် ။ အားပေးနေတယ်နော်
zaw min
December 9, 2011 at 10:12 pm
ဂေဇက်ရွာကို အလှတိုးစေသော် ဂီဂီ…ဆက်လက်ပြီး အသစ်အဆန်းလေးတွေ လုပ်လိုက်ပါအုံး…ကျနော်တို့က အိုဗာ ၄ဝ တွေဆိုတော့ ရွာမှာဆိုရင် ဒေါဂျစ်ကြီးတွေပဲဗျို့….အရင်လို အင်ဂျင်ပြောင်း ပုံပြောင်းနဲ့မရတော့ဘူး…အသစ်တွေလဲရတော့မယ်…
ကိုပေါက်(မန္တလေး)
December 9, 2011 at 10:32 pm
ကိုအင်
အပိုတွေမထွင်စမ်းပါနဲ့။
ရွာထဲမှာ
နာမယ်မွှေးပါတဲ့ ကိုဘယ်ကျော်။
ညာလက်ရုံး ဘုန်းကြောင့်အုံးဘို့မလွယ်။
ဘယ်လက်ရုံးခေါင်းအုံးလို့အိပ်ချင်ရှာသတဲ့။
ပူဆာသူ သခင်မကို
ကိုအင်ရေ မင်းပြေးတွေ့အုံး။
small cat
December 10, 2011 at 7:58 am
ဆရာဇာဂီ နည်းပညာတွေ ရေးပါဦးဗျ၊ လိုင်း ကူးတော့မလို့လား။
ဖုန်းကညာတပါး လုံးရာကမပြားလိုက်ပါနဲ့အုန်း
inz@ghi
December 10, 2011 at 8:45 am
ဒါလည်း နောက်ပိုင်း နည်းပညာဘက်ရောက်မယ့် ဆောင်းပါးပါဗျာ…
အခန်းဆက် ရေးမှာပါ ..
စောင့်ဖတ် အားပေးပါဦးဗျ..
ကြောင်လတ်
December 10, 2011 at 2:03 pm
စောင့်ဖတ်ပါ့မယ်ဆရာဇာဂီရေ့