လူအများစုဟာကိုယ်လိုချင်တာ မရဘူး ၊ကိုယ်ဖြစ်ချင်တာမဖြစ်ဘူးဆိုရင် အလွယ်တကူလည်း စိတ်ညစ်တတ်တယ် ။အပြင်းအထန်လည်း စိတ်ညစ်တတ်တယ် ၊ကိုယ်မရတာ ကိုယ်မဖြစ်တာကိုပဲ ထပ်တလဲလဲ တွေးပြီး ကိုယ့်စိတ်ကို ညှဉ်းဆဲနေ တတ်တယ် ။ လူရယ်လို့ဖြစ်လာရင် ပစ္စည်းဥစ္စာလည်း ပြည့်စုံချင်တယ် ၊အခြံအရံလည်း ပေါများချင်တယ် ၊ အချီးအမွမ်းလဲခံယူချင်တယ် ၊ကိုယ်စိတ်နှစ်ပါးလဲ ချမ်းသာချင်တယ် ၊ဒါပေမဲ့တစ်ခါတစ်ရံ ကိုယ့်မှာ အဲဒါတွေအားလုံး ၊ဒါမှမဟုတ် တချို့မပြည့်စုံဘူး ။အဲဒီအခါ ကိုယ့်ရဲ့မပြည်.စုံတဲ.အချက်တွေကို တွေးပြီး စိတ်ညစ်နေမယ် ၊စိတ်ဆင်းရဲနေမယ်၊ဟိုလူ ဒီလူကိုအပစ်ဖို့နေမယ်ဆိုရင် ကိုယ်ဟာ စိတ်ဓါတ်ပျော့ညံ့တဲ့သူ ၊လောကဓံခံနိုင်ရည် မရှိတဲ့သူ ဖြစ်သွားမယ် ။ လောကမှာ အဆိုးလောကဓံတွေနဲ့တွေ့ကြုံချင်တဲ့သူရယ်လို့တစ်ယောက်မှမရှိပါဘူး ။ဒါပေမဲ့အနည်းနဲ့အများဆိုသလို တစ်ချိန်မဟုတ်တစ်ချိန်မှာ တွေ ့ကြုံနေရတာပါပဲ ။ အဲဒီလိုတွေ ့ကြုံလာတဲ့အခါမှာ မတုန်မလှုပ် ခံနိုင်ရည်ရှိဖို ့လိုပါတယ် ။စိတ်ညစ်နေ၊စိတ်ဆင်းရဲနေ၊ဟိုလူ ဒီလူအပြစ်ဖို […]