ရောက်တတ်ရာရာဖတ်ကြည့်ပါ………. ။။ ကျွန်တော်တို့တွင်…မြန်မာကွ……ဟုကြွေးကြော်စရာများအားသိရှိသမျှတင်ပြတော့အံ့…………… ။။။။။။။။။ကျွန်တော်တို့မြန်မာပြည်တွင်စက်မှုလုပ်ငန်းများတိုးတက်လျှက်ရှိရာတွင်… ရေစုပ်စက်မှ ရေပိုက်လုံးအား ခုံဖိနပ်သဲကြီုးအဖြစ်ပြောင်းလဲထုတ်လုပ်သော ..အသေးစားလုပ်ငန်းမှသည် ပြည်တွင်းထုတ် နိုင်ငံခြားကားများကိုလည်းထုပ်လုပ်လျှက်ရှိရာတွင်….ယင်းကားများအားသံချေးမတက်သောနေရာအား သံချေးတက်အောင်ပြုလုပ်ခြင်း…အကောင်းအတိုင်းရှိသောနေရာအားအပေါက်ဖြစ်အောင်ဖေါက်ကာ..ဂဟေပြန်ဆက်လျှက် အစုတ်ဖြစ်အာင်ပြုလုပ်.(.အစုတ်ပုံစံပေါက်မှသာ..ယာဉ်မှတ်ပုံတင်ထုတ်ပေးသောကြောင့်)သော အကောင်းမှ အစုတ်ဖြစ်အောင်ပြုလုပ်နိုင်သောအတတ်ပညာရှင်များ…များစွာရှိပေသည်။။။။ ။။။။။နိုင်ငံခြားတိုင်ပြည်များမှ..လူစီးရန်မသင့်သော..မီးရထားတွဲအစုတ်များအားလက်ခံပြုုပြင်ကာ…အသစ်ကဲသို့ ဖြစ်စေလျှက်..ပို့ဆောင်လုပ်ငန်းများတွင်အမြန်မီးရထားများအဖြစ်တွင်ကြယ်စွာအသုုံးပြုစေခြင်းဖြင့်လည်း အစုတ်မှအကောင်းသို့ပြောင်းလဲနိုင်သောအတတ်ပညာရှင်များလည်းတဖက်မှပြန်လည်တိုးတက်လျှက်ရှိသည်။။။။။။ ။။။။။အတတ်ပညာရှင်ရွက်ပုံးသီးများလည်းအများအပြားရှိကြအံ့…….ဥပမာတင်ပြရသော်……………….. ကမ္ဘာကျော်အောင်မတော်…သော်လည်း…ပန်းချီ အတတ်ပညာရှင်များလည်းများစွာရှိကြရာတွင်… နံရံဆေးရေးအတတ်တွင်နိုင်ငံသားတိုင်းတတ်ကြွမ်းကြရာတွင်။နီးစပ်ရာရေးခြစ်စရာများများဖြင့် အရုပ်ထင်အောင်ပြုလုပ်ရာတွင်…ယောင်္ကျားလေးအိမ်သာတွင်းမှအနုပညာမြောက်လက်ရာ(စိတ်အစာပြေ) ရုပ်ပုံများရေးဆွဲခြင်းနှင့်ကမ္ဘာကျော်ရေးသားချက်များအားတွေနိုင်အံ့။။။။။။။ ။။။။။အတွေးအခေါ်ဒသနပညာရှင်များလည်းများစွာပေါ်ပေါက်လျှက်ရှိရာတွင်….ပညာရှင်များ၏…အတွေးအခေါ် ဒသန ပညာရှင်များ၏..ရေးသားချက်များအားလည်း.ဘစ်ကား.မီးရထားနှင့်နေရာစုံတွင်တွေ့မြင်နိုင်သည်…. ဥပမာတင်ပြရသော်…………………….. ကွမ်းတံတွေမထွေးရ။လက်မထုတ်ရခေါင်းမပြူရ။ခါးပိုက်နှိုက်သတိပြု။မေ့ကျန်ပစ္စည်းတာဝန်မယူ။မိမိပစ္စည်းမိမိတာဝန် လူလိုသိပါ။ဆန္ဒကိုသိက္ခာဖြင့်ထိမ်းပါ။ခွေးများသာသေးပေါက်ရန်။အမှိုက်မပစ်ရ။လမ်းပိတ်ထားသည်။ဓါတ်ပုံဗွီဒီယို မရိုက်ရ။အစစ်ဆေးခံရန်ရပ်။တို့ဖြစ်ပြီး။။။။ရေးသော်ကုန်အံ့မထင်…………………. ။။။။။အတတ်ပညာရှင်များလည်းများစွာပေါ်ပေါက်လျှက်ရှိရာတွင်ကမ္ဘာမကျော်ကြပါ……၎င်းပညာရှင်များမွေးထုတ်ရာ တွင်အရေးပါသောအချက်အားတင်ပြအံ့………….. စက်နှင့်ယာဉ်ပြင်အတတ်ပညာအားယာဉ်များမြန်မာနိုင်ငံသို့စတင်ဝင်ရောက်မှတ်ပုံတင်သည့် ..က/…. အက္ခရာမှသည်.. ယနေ့..နောက်ဆုံးပေါ် မော်ဒယ် များအထိ ကြွမ်းကျင်စွာပြင်ဆင်နိုင်သောမက္ကင်းနစ်များရှိရာ၎င်းပညာရှင်များ များပြားစေခြင်းငှာ…လမ်းမများအားချိုင်ခွက်များ၊အခုံးများ။အပေါက်အပြဲများဖန်တီးကာ…၎င်းမော်တော်ယာဉ် မျာအားလမ်းပေါ်မောင်းစေခြင်းဖြင့်ပျက်စီးစေကာ..ပြင်ဆင်မှုအတတ်ပညာအား..လူတိုင်တတ်မြောက်စေသည်။။။။ ။။။။။အကြားအမြင်ပညာရှင်လူကြီးမင်းများလည်းများစွားရှိကြပေသည်…၎င်းအကြားအမြင်လူကြီးမင်းများမွေးထုတ်နိုင် ရန်ဆောင်ရွက်ရာတွင်….အကြားအာရုံကောင်းစေရန်…ဟန်းဖုန်းများအား…ဝေဖ်မမိအောင်ပြုုလုပ်ထားပေးခြင်း.. လိုင်းဖုန်းများအားလိုင်းပူးထားပေးခြင်းဖြင့်…အာရုံစူးစိုက်စေလျှက်..အကြားပညာရှင်များဖြစ်စေပါသည်။ လူကြီးမင်းများဖြစ်စေရန်အတွက်မူ…ခေါ်ဆိုသောဖုန်းမှ…လူကြီးမင်းခေါ်ဆိုသောဖုန်းမှာဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်နေပါသည်ဟု..အကြိမ်ကြိမ်လူကြီးမင်းဟုခေါ်စေလျှက်….လူအားလုံးအားလူကြီးမင်းများဖြစ်စေခြင်း။။။။ ။။။။။အမြင်ပညာရှင်ဖြစ်စေရန်အတွက်မှု..နေ့စဉ်…ကိုရီးယားဇာတ်လမ်းတွဲများ အား…တီဗွီတွင်နေ့စဉ် အကြိမ်ကြိမ် ပြသပေး ခြင်းဖြင့်၎င်း……….အမြင်ပညာရှင်များဖြစ်စေကာ..အားကျအတုယူစေခြင်းဖြင့် ကျွန်တော်တို့တွင်… ….အကြား/အမြင်/လူကြီးမင်း/ပညာရှင်များပေါ်ပေါက်လျှက်ရှိပါကြောင်း…… …မိတ်ဆွေ..သင့်တွင်ပညာရှင်ဖြစ်ရန်မျာစွာအခွင့်အရေးရှိသည်… …မပေါ့ဆနှင့် […]