ဥပဒေ အရ စာအုပ်ထဲက အတိုင်းပြောမယ် ဆိုရင် အသက် ၁၈ နှစ်အောက်ကို ကလေးသူငယ်စာရင်းမှာပါတော့ ဘာမဆို သတိထားရမှာဘဲ။ လိင်မှုကိစ္စ ကို ကြည့် မယ်ဆိုရင်လဲ မြန်မာနိုင်ငံမှာက (ပြည့်တန်ဆာဥပဒကလဲရှိသေးတယ်မဟုတ်လား) ဒီတော့ အသက်၁၈ နှစ်အောက် အမျိုးသမီးလေးတွေနဲ့သွားလာလှုပ်ရှားတဲ့ အခါမှာ ( သဘောတူတူ။မတူတူ။ ငွေပေးဆက်ဆံတာဘဲ ) ဆိုပြီး သဘောထားလို့တော့ လွတ်မှာမဟုတ်ဘဲ။ ကလေးသူငယ်စာရင်းထဲမှာ ပါလို့ သေချာပေါက် child sex abuse အကျုံး ဝင်နိုင်ပါတယ်။ ဟိုးယခင်က ရှိကောင်းရှိနိုင်ပေမဲ့ သိပ်ပြီးမကြားခဲ့ကြပေမဲ့။ အခု့ ကျမတို့လိုဖွံဖြိုးဆဲ နိုင်ငံတွေ တော်တော်များများမှာ တဖြေးဖြေးနဲ့ မနှေးမမြန်ဝင်ရောက်လာတာကတော့ မိဘတွေကိုယ်တိုင်က ( The Commercial Sexual Exploitation of Children) (CSEC) […]