မင်္ဂလာပါ မိတ်ဆွေများ…. ဂဇက်မှာလည်း စာမရေးဖြစ်တာကြာသွားပါပြီ….အခုတော့ ရေးစရာလေးပေါ်လာတယ်ပေါ့ဗျာ…… ခရီးသွားရင်း တွေ့ကြုံခဲ့ရတာလေးတွေကို မျှဝေပြောပြချင်တာပါ… ပီးခဲ့တဲ့ တနလာင်္နေ့ နေ့ခင်းလောက် ရုံးမှာအလုပ်လုပ်နေတုန်း…သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာပါတယ်…ဖျာပုံမြို့က ကျောင်းနေဖက်သူငယ်ချင်း ကိုထွဋ်ရဲ့အမေ ဆုံးလို့တဲ့.. ကြားလိုက်ရတဲ့သတင်းကြောင့် သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်သွားမိပါတယ်… ရင်းနှီးချစ်ခင်ခဲ့ရတဲ့ သူငယ်ချင်းရဲ့ အမေကိုလည်းမြင်ယောင်မိပါတယ်… ဒါဆိုရင်တော့ မဖြစ်မနေသွားအားပေးကြရမှာပေါ့…ဒီလိုနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေ တိုင်ပင်လိုက်တော့…အင်္ဂါနေ့ ချမဲ့ သူငယ်ချင်းအမေရဲ့ အသုဘ ကိုလိုက်ပါပို့ဆောင်ကြဖို့ ရန်ကုန်ကနေ မနက် ၅နာရီခွဲထွက်ဖို့ချိန်းလိုက်ကြပါတယ်…ကားနှစ်စီး နဲ့ သူငယ်ချင်း ၈ယောက်ပေါ့… ရန်ကုန်ကအထွက် လှိုင်သာယာက သပြေရိပ်လဘက်ရည်ဆိုင်မှာ မနက်စာ ဗိုက်ဖြည့်ကြပါတယ်… အဲဒီကမှ…တွံတေးမြစ်ကူးတံတားကနေဖြတ်လို့ ဖျာပုံမြို့ကိုချီတက်ခဲ့ကြပါတယ်…လမ်းကတော့သိပ်မဆိုးလှပေမဲ့ နဲနဲ ကျဉ်းတော့ သိပ်အမြန်ကြီးတော့မောင်းမရပါဘူး…နယ်မြို့တွေရဲ့ထုံးစံအတိုင်း ဆိုင်ကယ်တွေကလည်း ပေါမှပေါ..အတော်ဂရုစိုက်ပြီးမောင်းရပါတယ်…တွံတေးလမ်းခွဲကနေ ကော့မှုး၊ ကွမ်းခြံကုန်း ကျော်လာတော့ ရနာရီခွဲကျော်လောက်မှာ ဒေးဒရဲတံတားကြီးကိုဖြတ်….ဒေးဒရဲ မြို့ရှောင်လမ်းကတစ်ဆင့် ဆက်မောင်းလိုက်တော့…မနက် […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} အနောက်ရိုးမရဲ့ စိတ်ပျက်စရာပျက်သုန်းနေမှုတွေ ဖြတ်သန်းခဲ့ပြီး….. ဂွမြို့လေးကိုကျော်ဖြတ်လာတော့ ညနေ ၅ နာရီခွဲလောက်ရှိပါပြီ… နာရီဝက်လောက်ဆက်မောင်းလိုက်တော့ ကားလမ်းဘေး တလျှောက်မှာ…ကိုထူးဆန်းပြောသလို ပြာလဲ့နေတဲ့ ပင်လယ်ပြင်ကြီးကို ရုတ်တရက် ဘွားကနဲတွေ့လိုက်ရပါတော့တယ်.. လှိုင်းတွေတဝုန်းဝုန်း ထနေတဲ့ ပင်လယ်ပြင်နဲ့အပြိုင်လမ်းအတိုင်း ဆက်မောင်းလာတော့ ကမ်းသာယာ ကမ်းခြေကိုလှမ်းမြင်ရပါပြီ…အဲဒီမြင်ရတဲ့ကွေ့လေးမှာ ကားခဏရပ်ပြီး ပင်လယ်လေတဝရှုရင်း သဘာဝ ရှုခင်းအလှကို […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဒီနှစ်ပိတ်ရက်အစမှာတော့ သူငယ်ချင်းတစ်ယောက်က သူခြံဝယ်ထားတယ်တယ်ဆိုတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာယာကို လိုက်ခဲ့ဖို့ခေါ်လို့ အလည်သွားဖြစ်ခဲ့ပါတယ်… ၁၂ ရက်နေ့မနက် ရနာရီခွဲ သူငယ်ချင်းသုံးယောက် ရန်ကုန်က စထွက်ဖြစ်ပါတယ်…… ခရီးစဉ်အရက ပုသိမ် မုံရွာလမ်းအတိုင်း သွားပြီး ဂွတောင်ကြားလမ်းကနေ ရိုးမကိုကျော်.. ကမ်းသာယာကိုရောက်ပြီပေါ့….အစထဲက ယဉ်သကိုဆိုသလို လှိုင်သာယာအထွက်မှာပဲ ပြဿနာကစပါတော့တယ်…ဘုရင့်နောင်တံတားဖြတ်တော့ […]