မင်္ဂလာပါ မြို့သူားအပေါင်းသူတော်ကောင်းတို့… ကျုပ်က သဂျီး…သဂျီးနဲ့ အားရပါးရခေါ်ပြောလာခဲ့သော ကိုခိုင်(Kai) ဆိုသူ တည်ထောင်ထားခဲ့သော www.myanmargazette.net ဆိုတဲ့  မန္တလေးဂေဇက် ဝက်ဆိုဒ်ကို စတင်မိတ်ဆက်ပေးခဲ့သူကို ပြောပြပါဆိုရင်….ဂဇက်ရွာသား `အညာတမာ´ ပါ.. သူက ကျုပ်စက်ရုံက well experienced Production Manager ပါ… ကျုပ်အလုပ်သစ်(ယခုလည်းလုပ်နေဆဲ)စတင်ဝင်တော့..ပြောရမှာရှက်လည်းရှက်ပါရဲ့ အင်တာနက် မပြောနဲ့ ကွန်ပြူတာတောင် ကျွမ်းကျင်စွာမသုံးတတ်သေးပါဘူး… ဒါပေမဲ့…ဒီအလုပ်ကိုလက်ခံလိုက်ပြီဆိုကတည်းက ကွန်ပြူတာကတော့ကျွမ်းကျင်စွာ သုံးနိုင်ရမှာပါ…အလုပ်ဝင်ဖို့ အင်တာဗျူးမှာလည်းသေချာကိုမေးပါတယ်.. `ကွန်ပြူတာကျွမ်းကျင်စွာသုံးတတ်လား´တဲ့…ထုံးစံအတိုင်း..အလုပ်ရချင်တော့..`ဟုတ်ကဲ့ ကျွမ်းကျင်ပါတယ်´ပေါ့….တကယ်က ဖွင့်တတ်ပိတ်တတ်ရုံလောက်တတ်တာ….. အဲဒီအလုပ် အင်တာဗြူး ပီးသွားတာနဲ့ ကျုပ် ကွန်ပျူတာတစ်လုံး အပြေးဝယ်… ကွန်ပြူတာကျွမ်းတဲ့ ကျုပ်ညီတော်မောင်ကို သူညနေရုံးဆင်းရင်အိမ်ကိုခေါ်ပြီးသင်ရတာပေါ့.. အဲဒါကိုအပြစ်တင်မယ်ဆိုလည်းတင်ကြပေတော့…. တက္ကသိုလ်တက်နေတုန်းကလည်း ကွန်ပြူတာဆိုတာမမြင်ဘူးသေး… ကျောင်ပီးလို့အစိုးရအလုပ်လုပ်ရပြန်တော့လည်း..ကွန်ပြူတာမပြောနဲ့ လက်နှိပ်စက်တောင် ဂျိုကျိုးနားရွက်ပဲ့ ဂဂျိုးဂဂျောင်… (၈) နှစ်လောက် အစိုးရအရာရှိဘဝနဲ့ အငတ်ငတ်အပြတ်ပြတ်နေလာခဲ့ပြီး… […]


တစ်နေ့…ဟုတ်တယ်…ဇန္နဝါရီလရဲ့ တစ်နေ့မှာပေါ့..စနေနေ့ပါ ကျုပ်စက်ရုံမှာအလုပ်တွေရှုပ်နေတုန်း….ကျုပ်ရဲ့ ဟမ်းဖုန်းကထမြည်ပါတယ်… နံပါတ်ကြည့်လိုက်တော့ အစိမ်းသက်သက်..ဒါနဲ့ပဲ ဖုန်းဖြေလိုက်ပါတယ်… “ဟဲလို…အမိန့်ရှိပါခင်ဗျာ” “အကိုလားဟင်……” “………………………………” ကျုပ်အကြီးအကျယ်အံ့ဩသွားပြီး…ဘာပြန်ဖြေရမှန်းမသိဖြစ်သွားတယ်… ၂ရ နှစ်လောက်ကြာခဲ့ပေမဲ့ ကျုပ်ဒီ “အကို” ဆိုတဲ့အသံကို မှတ်ကျက်မိနေတာကိုလည်း ကိုယ့်ကိုကိုယ် အံ့ဩသွားတယ်…. “မေ…မေ…မေ ……..     ဟုတ်လားဟင်” “ဟုတ်ပါတယ်အကို…မေ ရန်ကုန်လာဖြစ်တုန်း မင်္ဂလာဒုံမှာ ကိုမောင်စိန်နဲ့တွေ့တယ် သူ့ဆီက အကို့ဖုန်းရလို့ လှမ်းဆက်ကြည့်တာပါ..” `ဝမ်းသာလိုက်တာ..မေရယ်…မေ နေကောင်းတယ်မဟုတ်လားဟင်´ `ကောင်းပါတယ်အကို…မေတို့တွေ အသက်တွေလည်း ကြီးနေကြပြီ… ဘယ်နေ့သေမယ်မသိ….မသေခင် အကို့ကိုတော့ တစ်ခါလောက် တွေ့သွားချင်တယ် လေ…ဆိုပြီး ဖုန်းဆက်လိုက်တာပါ..´ `အော်..မေရယ်…ကိုယ်ကလည်းတွေ့ချင်နေတာပါ…ခု မေ ဘယ်မှာတည်းလဲဟင်´ `မေ ရွှေတိဂုံ အရှေ့ဖက်မုခ် နားမှာနေတဲ့ အမလေးအိမ်မှာတည်းတယ် အကို´ `ဘယ်နေ့ ပြန်မှာလည်း  ဟင်..´ `တနင်္ဂနွေနေ့ ပြန်ရမယ်အကို´ `ဒါဆို […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဒီနေ့နေ့ခင်း စိတ်ထဲ ပေါ့ပါးလတ်ဆတ် ပြီး မြူးနေမိတယ်… ဘာရယ်တော့မဟုတ်…နေ့ရွှေ့ ညရွှေ့ နဲ့ ထားခဲ့တဲ့ အလုပ်ကြွေးတစ်ခုရှောရှောရှု ရှု ပီးသွားလို့ပါ…ဒီအတွက်လည်းကျေးဇူးတင်ထိုက်သူ ဂဇက်ရွာသား တစ်ယောက်နဲ့ ဂဇက်ရွာသူတစ်ယောက်တို့ကို ကျေးဇူးဥပကာရတင်ရှိပါကြောင်းလေးလေးနက်နက်ပြောချင်လို့ ဒီစာကိုရေးလိုက်တာပါ… ပြီးသွားတယ်..ဆိုတဲ့အလုပ်က ပါတ်စ်ပို့ သက်တမ်းတိုးတဲ့ အလုပ်ပါ… တိုးမယ်..တိုးမယ်နဲ့ ရက်ရွှေ့လာတာ..ဒီနေ့မှတိုးဖြစ်သွားပါတယ်… သက်တမ်းက […]


  ဂဇက် ရွာသူား…အဲ..အဲ…မြို့သူမြို့သားအပေါင်းသူတော်ကောင်းတို့….မင်္ဂလာပါဗျာ ကျုပ် က ဂဇက် မြို့သူသားအပေါင်း ဖတ်ရှုခံစားပြီး တွေးတော သင်ခန်းစာ (မိမိရှုမြင်တဲ့ ဒေါင့်ကနေ)ယူချင်သလိုယူနိုင်ရန်အတွက်နဲ့…အခုတလော မိသားစု ပြသနာလေးတွေချည်းဆုံကြုံနေရသမို့ ဒီစာစုလေးတွေရေးဖြစ်တာပါ….     ဒီတစ်ခေါက် ပြောပြချင်တဲ့ အကြောင်းလေ်းကတော့ ကျုပ်ရဲ့ ညီ `အတူး´အကြောင်းလေးပါ… သူကတော့ ကျုပ်တို့ ညီကိုမောင်နှမတွေထဲမှာ…နံပါတ် ၆ ညီတော်မောင်ပါပဲ…ကျုပ်က နံပါတ် ၄ ပါ ။ သူငယ်ငယ်က အရမ်းချစ်ဖို့ကောင်းပါတယ်…ကျုပ် အရင်နေ့ကတင်တဲ့ ပို့စ်က မောင်နှမတွေပုံမှာ ဒီကောင်က ညာအစွန်က မှုံကုတ်ကုတ်၊ ပါးဖေါင်းဖေါင်း နဲ့ ချာတိတ်ပေါ့… အခုနေအခါ သူ့သတင်းကြားလို့  ဒေါသထွက်စရာပေါ်လာရင်. .အဲဒီဓါတ်ပုံဟောင်းလေးထုတ်ကြည့်လိုက်ရင်..ကျုပ်ဒေါသတွေ စိုးရိမ်မှုတွေပြေသွားတတ်တယ်ဗျ….. သူ့ကို မွေးတော့ တုတ်တုတ်ခဲခဲနဲ့ တကဲ့ချစ်စရာကြီးဗျာ…ကျုပ်ဆိုသူ့ကို အရမ်းချစ်တာ… သူ့ကျောင်းနာမည်က တခြားပါ…ဒါပေမဲ့ […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-fareast-font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ပီးခဲ့တဲ့အပါတ် ပိတ်ရက်က မရောက်တာကြာတဲ့ မင်္ဂလာဒုံက အမေတို့အိမ်အလည်သွားဖြစ်ခဲ့ပါတယ်…အိမ်မှာ အမေနဲ့ ထိုင်စကားကောင်းနေတုန်း ဘိုသီဘတ်သီနဲ့ အမျိုးသမီးတစ်ယောက် ကလေးငယ်ပေစုတ်စုတ်လေးတစ်ယောက်ကိုလက်ဆွဲလို့ ဝင်လာပါတယ်..ကလေးကပိန်ညှော်ညှော်..နှပ်တွဲလောင်းနဲ့ သေချာကြည့်လိုက်တော့မှ မတွေ့တာကြာပြီဖြစ်တဲ့ ကျုပ်ညီမငယ်ဖြစ်နေပါတယ်…အိုစာတဲ့ ရုပ်ရည်နဲ့ အဝတ်အစား နွမ်းဖတ်ဖတ်နဲ့…မြင်ရတာစိတ်မကောင်းစရာ.. ကျုပ်လည်းအမေတို့အိမ်သာရောက်ဖြစ်တာ…အိမ်ခွဲနေတဲ့ ညီ၊ ညီမတွေအိမ်တော့ မရောက်ဖြစ်ပါဘူး…အခုလိုအမေ့အိမ်လာရင်းတိုက်ဆိုင်မှသာတွေ့ဖြစ်ပါတယ်… […]


  မင်္ဂလာပါမြို့သူားအပေါင်းသူတော်ကောင်းတို့… ယနေ့ (၂၀၁၄ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့) သည်ကား တတိယအကြိမ်မြောက် မန်းဂဇက်ချစ်သူများစာပေဆု၊ ဂဇက်ကဗျာချစ်သူများကဗျာဆု ပေးပွဲနှင့် မြန်မာ့ဂဇက်မြို့သူားများတွေ့ဆုံပွဲကြီး ပျော်ပျော်ရွှင်ရွှင်နဲ့အောင်မြင်စွာကျင်းပပြီးခဲ့လေပြီ…. ကျုပ်ရဲ့ လေးလံနေသောရင်လည်းပေါ့ပါးသွားရလေပြီတကား… လူကလည်းထင်ထားသည်ထက်စုံညီခဲ့ကြပါ၏… နာမည်ကြီးကဗျာဆရာ ကိုစောဝေ (နန်းတော်ရာသူ၏ဦးလေး) က တူမတော်၏ဆုကို ကိုယ်စားတက်ယူပေးရင်း..“ရန်ကုန်” ဆိုသောကဗျာကို အသံနေအသံထားမှန်မှန်ဖြင့် ရွတ်ဆိုပြခဲ့ရာ…နားထောင်ရင်း..ကြက်သီးမွှေးညှင်းများပင်ထခဲ့ရေပေ၏တကား… အမှတ်တရဗွီနိုင်းတွင်လည်း“စာပေကို ကျယ်ပြောပြန့်ကားတယ်ဆိုတာသတ္တိပါ”..ဟု မှတ်ချက်ပေးခဲ့သည်…မြန်မာ့ဂဇက်ကိုလည်း စာပေကို ကျယ်ပြောပြန့်ကားစေသဖြင့် လေးစားဂုဏ်ယူကြောင်းပြောကြားခဲ့သေး၏…ထိုဆရာကြောင့်ပင်  တွေ့ဆုံပွဲနှင့်ဆုပေးပွဲမှာ ပို၍ခန်းနားသိုက်မြိုက်ခဲ့ရလေသည်မဟုတ်ပါလား… ဤရွေ့ ဤမျှဆိုလျှင်ပင် ပွဲ၏ရုပ်လုံးပေါ်လောက်ပေပြီ… ရှေ့ဆက်မည့်အနာဂါတ်ခရီးအတွက်လည်း…ဆက်လက်ဦးဆောင်ချီတက်မည့် မျိုးဆက်သစ်များကိုအားကိုးပြီး နောက်ပိုင်းမှတတ်အားသ၍ ကူညီဝိုုင်းဝန်းသွားလိုလှပါသည်။   ဓါတ်ပုံအချို့(မမပို့စ်တွင်မပါသေးသည်များ) တင်ပေးလိုက်ပါ၏…ကင်မရာ၏ နာရီတိုက်မထားမိခဲ့၍ အချိန်လွဲနေသည်ကိုတော့ ခွေးလွှတ်ကြပါကုန်… အားလုံးကိုလေးစားခင်မင်လျှက် ကြီးမိုက်။             […]


`ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´ `ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´ `ဟဲလို …ဟယ်လို…တက်စတင်…ဝမ်း..တူး..သရီး´   `ဟေ့ကောင်..ရွှေတိုက်…မင်းမိုက်က ဘယ်လိုလဲကွ ဘာအသံမှမထွက်ဘူး…တောက်စ်..´ `အော်…ဦးမိ်ုက်..ခနလေး..ခနလေး..ကျနော်စစ်ကြည့်လိုက်အုံးမယ်´ မန်းဂဇက် ချစ်သူများစာပေဆု ပေးပွဲနဲ့ ရွာသူ ရွာသားများ တွေ့ဆုံပွဲ ကျင်းပနေတာပါ `အုတ်ကထ´ လို့ အတင်းရော အဓမ္မရော တင်မျှောက်ခံထားရတဲ့ သနားစရာ ကြီးမိုက်ခမြာ စင်ပေါ်တက်ပြီး ကိုးရိုး ကားရား တွေဖြစ်လို့ ချွေးတလုံးလုံးနဲ့ လူရုပ်မပေါက် ဒေါသတွေထွက်လျှက်ရှိပါတယ်…   `ဟေ့ကောင် ရွှေတိုက်…တော်တော့ကွာ…မင်းရဲ့ မိုက်တွေ အသံချဲ့စက်တွေ ထားလိုက်တော့…ငါ့အသံက ရိုးရိုးပြောရင်တောင် တစ်ကမ္ဘာလုံးကြားပါတယ်ကွ..´ `မင်း အခမ်းးအနားဖွင့်လှစ်ကြောင်းဖင်ပိတ်ပီးသာ ဒီအတိုင်းအော်ပီး ကြေငြာလိုက်တော့´ တကယ်တော့..ဒီနေ့က ၂၀၁၃ခုနှစ် စက်တင်ဘာလအတွင်း တင်ခဲ့သမျှ ပို့စ်တွေထဲက မန်းဂဇက်ချစ်သူများစာပေဆု ရွေးချယ်မဲ့ `ဖတ်ရွေး´အဖွဲ့ ရဲ့ အကြိုက်ဆုံး ပို့စ်ကို […]


မင်္ဂလာပါ ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့… ယနေ့သည်ကား မန္တလေးဂေဇက်ဝက်ဆိုက် ကြီးအတွက် အင်မတန်မှ မင်္ဂလာရှိလှသောနေ့ ကြီးတစ်နေ့ ဖြစ်ပေတော့သည် အဘယ့်ကြောင့်နည်းဟူမူကား… ကျုပ်ဆိုတဲ့ ကြီးမိုက် ကဗျာတစ်ပုဒ် နဲ့ ရွာကိုဝင်ခဲ့သောကြောင့်ပင် ဖြစ်လေတော့သည်တမုံ့ ကိုင်း..ကိုင်း ..ဖတ်ကြည့်တော်မူကြပါအုံးအရပ်ကတို့…. – – – – – တခါတုန်းက ဤ ရွာမ မှာ ရွာ၏လူကောင်း၊ လူဟောင်းများစွာ လူသစ်ပါဝင် ရွာထဲဝင်ကြ ရွာစည်လှ၍ သူကပို့စ်တင် ကိုယ်ကခင်နှင့် ကွန်မန့်တွေပေး ပျော်ကြသေးတော့ ဒီလိုမြင်ကွင်း မြင်ရခြင်းကြောင့် ကျုပ်၏ရင်ဝယ် ပီတိလှိုင်းခတ် ငတ်ခဲ့သည့် အချစ် ပြန်ရဘိသို့ ။   ဒီမှာသဂျီး  ဒီရွာကြီးဟာ သင်၏ရွာပါ  ဒါပေသော်ငြား ရွာဆိုသည်မှာ လူသူမရှိ တိတ်ဆိတ်ဘိငြား တစပြင်အလား ဖြစ်နေငြားက […]


ကြီးမိုက်တစ်ယောက် အကြီးအကျယ်ကို စဉ်းစားတယ်…ရွာအကြောင်းပေါ့ဗျာ… လူဟောင်းတွေဘယ်ရောက်နေလဲပေါ့…ဘာလို့ရွာတိတ်ဆိပ်လာတာလဲပေါ့.. ဂဇက်လူခြေတိတ်လာတဲ့ကိစ္စဟာ…ကျုပ်စဉ်းစားမိသလောက်… ၁။ အရင်ကလူများစုဟာ အင်တာနက်ကိုရုံးမှာအလစ်သုံးရင်သုံး မဟုတ်ရင် ကိုယ်ပိုင်အချိန်မှာ နီးစပ်ရာအင်တာနက်ဆိုင်မှာ ပိုက်ဆံပေးသုံး…ခဲ့ကြရတာပါ ၂။ အခုတော့ လက်ကိုင်ဖုန်းဆိုတာ ဆိုက်ကားသမားလောက်တောင်ကိုင်နေနိုင်တာ၊ အင်တာနက်ကို ပါအလွယ်တကူ လက်ကိုင်ဖုန်းနဲ့သုံးနေနိုင်လာတော့ အင်တာနက်ဆိုင်ဘယ်သူမှ တကူးတကမသွားကြတော့ပါဘူး (ကျုပ်သူငယ်ချင်း အင်တာနက်ဆိုင်ဖွင့်ပီး လုပ်စားနေတဲ့သူတောင် နားကားနေပီ) ဖုန်းအင်တာနက်မှာကလည်း လိုင်းသိပ်မကောင်းပေမဲ့…သစ်ထူးလွင်လိုဝက်ဆိုဒ်မျိုး ဖေ့စ်ဘုတ်လိုမျိုးကတော့ ဖွင့်လို့ပြုလို့လွယ်ပါတယ်…အဲ…အဓိကကတော့ အင်တာနက်လိုင်းတွေ မကောင်းတဲ့ကြားမှာ..ကျန်တာတွေဖွင့်ရပေမဲ့ ကျုပ်တို့ချစ်တဲ့ မန်းဂဇက်ကတော့ဖွင့်မရပါဘူး…အံ့ဘွယ်သုတ ကျုပ်ဖုန်းဆို  ဂဇက်ဖွင့်ရသေးတယ်…ဒါပေမဲ့ လော့အင်ဝင်လို့  မရပါဗျာ.. ဆိုတော့ ဂဇက်ရွာထဲ ဝင်ဖတ်ရင်တော့ဖတ်ကြလိမ့်မယ်..ကွန်မင့်ပေးဖို့တော့ ခက်ခဲသွားပါတယ်။ဒါဟာလည်းလူတွေနည်းစေတာပဲ။     ၃။ တစ်ခါတလေ အင်မတန်ကောင်းနေတဲ့ ရုံးကလိုင်းတောင်..ကျန်ဝက်ဆိုဒ်တွေဖွင့်ရပြီး ဂဇက်ကျတော့ ပရော်ဘလန်လုတ်ဒင်း ဖြစ်နေပြန်ရော(သဂျီးစဉ်းစားဘွယ်) Firefox can’t find the server […]


      ဘဝတစ်ခုအစပြု… When I was born… ကျုပ်ကို မွေးတော့ တိုင်းပြည်ကခပ်ယဲ့ယဲ့ မုန်တိုင်းကထန်ထန် သေနတ်သံတွေညံနေတဲ့အချိန်ပေါ့ အော်..မွေးကတည်းက စစ်နဲ့ရင်းနီးခဲ့ရပေသကိုး   ကျုပ်အထက်ကိုကြည့် တွက်စစ် လိုက်တော့.. အစ်မ အစ်ကိုတွေ တွေ့ လိုက်ရဲ့ ဘုရား..ဘုရား..ဘုရား.. ကျုပ်ကနံပါတ်လေး..ဆိုပါလား တရုတ်အလိုအရ `လေး´ ဆိုတဲ့ `ဖိုး´ သေမျိုးချည်းတဲ့..မသေတောင် ဘဝမှာ မအောင်မြင်နိုင်ဘူးဆိုပဲ.. မဟာဘုတ် ကိုတွက်ကြည့်ပါလား `ပုတိဖွား´ အခုသိသွားပလား       ဟုတ်လည်းဟုတ်နိုင်ရဲ့ ကျုပ်ခမြာ မွေးကတည်းက ထိန်းလို့မရ သွားရည်တွေကျ သိပ်ဝတဲ့ကျုပ် လည်ပင်းနဲ့ရင်ဘတ်စွန်း သွားရည်စား အသားနီလန် ဒုက္ခတွေ ငယ်ငယ်နဲ့ ခံနေရလေရဲ့… ဘယ်လိုမှမဖြစ်စေရ …ကျုပ်အဖေဒီလိုတွေး… နားလည်တဲ့ တရုတ်အဖိုးအို […]


မန်းဂဇက်ဆိုတဲ့ရွာကြီး က ဒီရက်ပိုင်းအတွင်းထူးထူးခြားခြား လှုပ်လှုပ်ရွရွ နဲ့ တစ်ရွာလုံး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြလေရဲ့…ဘယ်သူမှငြိမ်နေတာမတွေ့ရပဲ တောင်ကလူမြောက်သွား..မြောက်ကလူတောင်ကူးနဲ့..တကဲ့ကို တစ်ခုခုအတွက် အားကြိုးမန်တက်လှုပ်ရှားနေကြတာကလား…အကြောင်းကလည်းရှိပေတာကိုး….ဒါနဲ့ မန်းဂဇက်ရွာ ဆိုလို့ လူတော်တော်များများက သိပ်တိတိပပသိသေးကြပုံမရဘူး… ဒီတော့ ရွာအကြောင်းမြင်သာအောင်သရုပ်ဖေါ်ရရင်..အင်း..အဲ..အဲ..ကျုပ်လည်း သိပ်သရုပ်ပေါ်အောင်မပြောတတ်ဘူးဗျ…နေအုံး..နေအုံး..ရွာထဲ အပ်ကျတာတောင်သိတဲ့ ကာလသားဂေါင်း..ကျုပ်က အမြဲ `နီပေပါ´လို့ ချစ်စနိုး ခေါ်လေ့ရှိတဲ့. .`မောင်ရဲစည်´ကိုခေါ်ပီးပြောခိုင်းမယ်..ဟဲဟဲဟဲ…သူပြောတဲ့..မန်းဂဇက်ဆိုတဲ့ရွာကြီးဆိုတာ…. ဒီလိုပါတဲ့ဗျာ…သူ့လေသံမူရင်းအတိုင်းသာ နားထောင်ကြည့်ကြပါကုန်…….  ကျွှန်တော်တို့ ရွာကြီးတွင် ……. စနစ်ဆိုး အုပ်ချုပ်သူဆိုး မရှိပါ။ တောတောင်ရေမြေ သဘာဝ သယံဇာတများကို နည်းမလည်ပါးမလည်ဖြင့် လက်ညှိုးထိုး ရောင်းစားသူမရှိပါ။ လယ်ယာမြေတွေ အသိမ်းမခံရပါ။ စစ်ပွဲများ ကလေးစစ်သားများ မြေမြုပ်မိုင်းများ မရှိပါ။ ဘူဇွာ၊ အရင်းရှင်၊ ခရိုနီ များမရှိပါ ဈေးမီးရှို့သူများမရှိပါ။ ကလေးလုပ်သားများ ပြောင်းရွှေ့အလုပ်သမားများ ဆင်းရဲမွဲတေသူများမရှိပါ။ လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားဆက်ဆံမှုများမရှိပါ။ နိူင်ငံရေးအကျဉ်းသားများ ဖိနှိပ်ခံအကျဉ်းသားများ ယုံကြည်ချက် အကျဉ်းသားများမရှိပါ။ ဒုစရိုက်မှု၊ မူးယစ်ဆေးဝါး၊ ကပ်ဘေးဒုက္ခများ မရှိပါ။ စသဖြင့် […]


ဂဇက်မှာစာမရေးဖြစ်တာလဲကြာပါပြီ….ရေးစရာအကြောင်းကလည်း ခေါင်းထဲရောက်မလာ..စိတ်လေနေတယ်ဆိုပါတော့…တစ်ညနေတော့ အလုပ်ကပြန်ရောက်ခိုက် အိမ်မှထိုင်နေရင်း…စိတ်ကူးပေါက်တာနဲ့….သားနဲ့သမီးကို စကားစ ကြည့်မိတယ်..“သားနဲ့သမီး အဖေ့ပေါ်တစ်နေ့တာ မြင်တာလေးတွေ စာချရေးပါလား..အမှန်အတိုင်း သားတို့အမြင်သိချင်တာနော်…ကိုင်း. ဘယ်လိုလဲ..ရေးကြမလား…” စမ်းကြည့်မယ်လေအဖေကြီး..တဲ့..ဒါနဲ့ပဲနှစ်ကောင်သား ကွန်ပြူတာရှေ့ထိုင်ပြီး အမလုပ်သူကစာရိုက် မောင်ငယ်က ဘေးကထောက်ပေးနဲ့ ရေးနေကြလေရဲ့…. ဘယ်ကတည်းကရေးချင်နေကြတယ်မသိ…… ကျုပ်လည်းနောက်ကနေ ဓါတ်ပုံတစ်ပုံနှစ်ပုံလောက်လှမ်းရိုက်ထားလိုက်တယ်…ဒီလိုနဲ့….   ဒီလိုနဲ့ မေ့ပီးနေလာလိုက်တာ..တစ်ပါတ်လောက်ကြာသွားမှသတိရလို့ မင်းတို့နှစ်ယောက်ရေးထားတဲ့စာကောကွ..ဆိုတော့…နှစ်ယောက်လုံး သံပြိုင်ဖြေတယ်..“ဒီမှာအဖေ”တဲ့…ဆိုပီး ဒက်စတော့ပေါ်က ဝပ်ဖိုင် တစ်ခုဖွင့်ပြတော့ အောက်ပါအတိုင်းရေးထားတာတွေ့တော့… ကျနော် တဟားဟား အော်ရီမိသွားတယ်ဗျာ…ဒါနဲ့ပဲ..မတည်းမဖြတ် သူတို့နှစ်ယောက်ရဲ့ မူရင်းကိုပဲတင်ပေးလိုက်ပါတယ်… ရွာသူားတို့ ကြီးမိုက်ရဲ့ မျိုးဆက်သစ်လေးတွေ လက်ရာကို အားပေးကြပါကုန်ဦးလော့…..     ဘေဘီမိုက်နှစ်ယောက် ရေးပြတဲ့ ကြီးမိုက်ဆိုတာ….   “သား..စည်သူ..ထတော့ကွာ ရနာရီမတ်တင်းရှိနေပီ” ဒါက ကျောင်းဖွင့်ရက်မနက်တိုင်း ပထမဆုံးကြားနေကျ ဖေကြီးအသံ.. “ငါးမိနစ်..အဖေ” ဒါကလည်းကျနော်မျက်လုံးမဖွင့်ပဲပြန်ပြောနေကျ.. “အေး..ငါးမိနစ်နှပ်ပီးရင် တကယ်ထတော့နော်” […]


ရွာသူားများတွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကလည်း…၂၀.၁.၂၀၁၃(တနင်္ဂနွေ)နေ့မှာ အောင်မြင်စွာနဲ့ပျော်ရွှင်စွာကျင်းပခဲ့ပီးပြီ. .ကြီးမိုက်တစ်ယောက်ကတော့  ကိုယ့်ဒုက္ခနဲ့ ကိုယ်အလုပ်အများဆုံးကာလဖြစ်နေတော့..ပွဲဖြစ်မြောက်ရေးအတွက် အထိုက်အလျှောက်လေးကူညီနိုင်ခဲ့ပေမဲ့..ကျင်းပခဲ့တဲ့ပွဲနဲ့ပါတ်သက်ပြီးပို့စ်မတင်နိုင်ခဲ့သလို တင်ထားတဲ့ပို့စ်တွေလည်းအပြေးအလွှားပဲဖတ်လိုက်ရတယ်…ကွန်မန့်မပေးနိုင်ခဲ့သည်ရှိသော်.. ပို့စ်တင်သူများခွင့်လွှတ်ကြပါ(ခွင့်မလွှတ်လည်းဘယ်သူ့မှ သောက်ကရုမစိုက်ပါဘူး…ဟီး.နောက်တာနော် စိတ်ဆိုး..စိတ်ကောက်မလုပ်ကျေး..) ပျော်နေတဲ့ ကြီးမိုက်.. Happy Mite ၁၉.၁.၂၀၁၃….(စနေနေ့) ဒီနေ့ ကျနော့မှာ လုပ်စရာအလုပ်နဲနဲများတယ်.. အလုပ်ထဲမှာလည်း အရေးကြီးတဲ့မီတင်ရှိတယ်..အဓိကဇါတ်ကောင်ကကျနော်.. အဖေဆုံးတာ မကြာသေးတော့ ကျန်ရစ်တဲ့ အမေ့ဆီလည်းပိတ်ရက်တိုင်းသွားပြီးအမေ့မျက်နှာလေးကြည့် အားပေးချင်တယ်.. တိုက်ဆိုင်တာက..ကျနော်အလွန် ပျော်မွေ့နေတဲ့ မန်းလေးဂဇက်ဆိုတဲ့ရွာကြီးရဲ့ ရွာသူားများတွေ့ဆုံပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကလည်းမနက်ဖန်…၂၀.၁.၂၀၁၃(တနင်္ဂနွေ) အဲဒီအတွက်လည်း ရွာသားဆယ်အိမ်ခေါင်း ရွှေတိုက်စိုးရယ် အမတ်မင်းရယ်နဲ့ ပွဲဖြစ်အောင်စီစဉ်ပေးစရာကလည်းရှိနေတယ်…ကိုင်းမင်းဘယ်လိုလုပ်မလဲ ကြီးမိုက်.. မင်းက ဆရာကြီးလိုဘာလိုလိုလုပ်နေတာ..ကဲ… အခုဘယ်လိုလုပ်မလဲ..ပြောစမ်း… ဒါတွေက လတ်တလော ကျနော့ စိတ်အစဉ်မှာဖြစ်ပေါ်နေတာတွေပါ…. ဒါနဲ့ပဲ..စနေနေ့မနက်..ကျနော့ကားယူပြီးရုံးကိုသွားလိုက်တယ်(ပုံမှန်ကတော့ ကျနော့်အိမ်ရှေ့ ရုံးကားလာကြိုနေကျပါ)ကားယူသွားလေ့မရှိပါဘူး.. ၁၂ နာရီရုံးဆင်းတာနဲ့..မင်္ဂလာဒုံ၊ဝါယာလက်မှာရှိတဲ့ အမေ့ဆီရောက်အောင်သွား.. နှစ်နာရီလောက်အချိန်ပေးပြီး..အမေနဲ့ အမကြီးတို့ကို အားပေးစကားပြော၊ အမေ့ကိုနှုတ်ဆက် ပြီး […]