ရှိပါစေလေ..။ ထားရာနေ စေရာသွားရသူဆိုတော ့လည်း ဒီဘဝဒီမျှဘဲပေါ ့ ။ ပြောပြလို ့လည်းမရနိုင်ပြီမို ့လို သခင်စီမံရာအလိုလိုက်ပြီး ကိုယ့်ထိုက်ကိုယ့်ကံပါပဲ ….။ မျက်ရည်တွေလည်းခမ်းခဲ ့ပြီ ။ ဆုတောင်းတိုင်းသာပြည့်မည်ဆိုပါလျှင် မနက်ဖြန်ဆိုတာ… ဆယ်သက် ဆယ်ကမ္ဘာ အဝေကြီးမှာ ရောက်မလာပါစေနဲ ့ … လို ့။ ********************************* မိညို နက်ကျောနှင် ့ ဂျိုပိန်တို ့သည် ဆွေမျိုးတော်သည် မတော်သည်မသိ ။ ငယ်စဉ်ကပင် အတူကြီးပြင်း လာသူများပင်ဖြစ်သည် ။ မှတ်မိသမျှပြန်တွေးရလျှင် မြက်ခင်းစိမ်းစိမ်းကြီးများဖြင့် မျက်စိတဆုံး ကျယ်ပြော လှသော စားကျက်ကွင်းများတွင် တနေကုန် နေခဲ့ရသည်။ နေဝင်ချိန်ရောက်လျှင် လက်ခေါက်မှုတ်သံ ကြားရတတ်သည် ။ဒါဆို အိမ်ပြန်ချိန်ရောက်လေပြီပေါ ့ ။ တနေကုန်ဆော့ရင်း […]